Thursday, January 12, 2012

ကမ္ဘာ့အဆိုးဆုံး လူဝင်မှု ဥပဒေများ


ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုယ် ပိုင်လူဝင်မှုဥပဒေများ ကောင်း/ဆိုး ကိုယ်စီရှိကြမြဲဖြစ်သည်။ ယခု ဖော် ပြပါ နိုင်ငံများမှ ဥပဒေများမှာမူ အလွန်အငြင်းပွားဖွယ်ဖြစ်နေပါ၏။

ခြောက်လချုပ်နှောင်ခွင့်နိုင်ငံ – အီတလီရွှေ့ပြောင်းအခြေစိုက်ဦးရေ- ၃ ဒသမ ၉ သန်းဥပဒေအရလုပ်ကိုင်ပုံ

ဥရောပ တောင်ပိုင်းနိုင်ငံအများ  စုကဲ့သို့ပင် အီတလီသည်လည်း မြောက်အာဖရိကနှင့် မြေထဲပင် လယ်ဒေသတို့မှ ရွှေ့ပြောင်းအခြေ စိုက်လာသူများအရေး ဦးနှောက်စား ရင်ဆိုင်နေရသည်။
အီတလီအစိုးရ အနေဖြင့် လူဝင်မှုကြီးကြပ်ရေးကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေရန် ဥပဒေသစ်များရေးဆွဲအတည်ပြု ထုတ်ပြန်လာခဲ့ရာတွင် ၂ဝဝ၉ ခုနှစ် နှောင်းပိုင်းဥပဒေတစ်ရပ်မှာ အပြင်း ထန်ဆုံးဖြစ်လာ၏။ ပါလီမန်မှ မဲခွဲ ဆုံးဖြတ်အတည်ပြုပြီး ထိုဥပဒေအရ တရားမဝင်ကျူးကျော်ဝင်ရောက် (ခိုး ဝင်)လာသူများအား ယူရို ၅ဝဝဝ မှ ၁ဝဝဝဝ အထိ ငွေဒဏ်အပြင် ခြောက်လအထိ ထိန်းသိမ်း ချုပ် နှောင်ပိုင်ခွင့်ကို လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ ပေးအပ်နှင်းထား သည်။

တုံ့ပြန်မှုများ

ဝန်ကြီးချုပ် ဘာလူစကိုနီ၏ ကြံ့ခိုင်လှကြောင်း ပြသသည့် ဥပဒေ သစ်သည် အီတလီတစ်ဝန်း အမြင် ကွဲမျိုးစုံဖြစ်ပေါ်စေရုံမက အီတာ လျံလူ့အဖွဲ့အစည်းအတွင်း မွန်းကျပ် စေကုန်တော့သည်။ ထိုတင်းမာမှု များကပင် တောင်ပိုင်းဒေသ၊ ခါလာ ဘရီးယားခရိုင်၊ ရိုဆာနိုမြို့လေး၌ ဥပဒေသစ်ကို ဆန္ဒပြမှုမှ အခြေ တည်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစေ ခဲ့တော့သည်။ ထိုရုန်းရင်းဆန်ခတ် ဆန္ဒပြမှုများမှာ နှစ်ရက်ခန့်သာ ကြာ မြင့်ခဲ့သော်လည်း အီတလီတစ်နိုင်ငံ လုံး ထိတ်လန့်စေခဲ့၏။ ရိုဆာနိုမြို့၌ ရွှေ့ပြောင်းအခြေစိုက်သူ နှစ်သောင်း ခန့်ရှိပြီး မြောက်အာဖရိကမှ အလုပ် သမား အများစုရှိ၏။ ဆန္ဒပြပွဲများ ကြောင့် ကားအမြောက်အမြား ဖျက်ဆီးခံရခြင်း၊ ဈေးဆိုင်များ လု ယက်ခံရခြင်းတို့အပြင် ပြောင်းရွှေ့ လုပ်သားနှင့်ရဲများ စုစုပေါင်း ၅ဝ ကျော်ဒဏ်ရာရရှိခဲ့ပြီး ရုန်းရင်းဆန် ခတ်ပြုလုပ်သူပေါင်း ရာနှင့်ချီကာ အဖမ်းခံခဲ့ရသည်။

ချုပ်နှောင်ရန်အာဏာလွှဲအပ်ခြင်းနိုင်ငံ – သြစတြေးလျရွှေ့ပြောင်းအခြေစိုက်ဦးရေ-၅ ဒသမ ၅ သန်းဥပဒေအရလုပ်ကိုင်ပုံ

သြစတြေးလျ၏ ပုံရိပ်မှာ ကဏ္ဍစုံ၌ တောက်ပသည်ဟု ပြော နိုင်နေသော်ငြား … လူဝင်မှု ဥပဒေပေါ်လစီတစ်ရပ်၌တော့ အံ့ အားသင့်စရာပင်။ ကမ္ဘာတစ်လွှား နိုင်ငံများစွာ၌ တင်းကြပ်သော၊ မဆီ လျော်သော လူဝင်မှုဥပဒေပုံစံမျိုးစုံ အသီးသီးရှိကြမည်ဖြစ်သော်လည်း သြစတြေးလျ၏ ‘ရွှေ့ပြောင်းအခြေ စိုက်မှုကို ပြင်ဆင်ခြင်းဥပဒေ၊ ၁၉၉၂’ လောက် အငြင်းပွားယုံမှားလောက် ဖွယ်မရှိဟု ဆိုပါက လွန်မည်မထင်။ ထိုဥပဒေ၏ လုပ်ထုံးလုပ်နည်းများ အရ သြစတြေးလျ နိုင်ငံတစ်ဝန်း၌ နိုင်ငံသားမဟုတ်ဘဲ ပြည်ဝင်ခွင့်ဗီဇာ လက်ဝယ်မရှိသူ၊ သက်တမ်းလွန် နေသူကို ရှာဖွေတွေ့ရှိပါက ချက် ချင်း ဖမ်းချုပ်ရမည်ဖြစ်သည်။ ၁၉၉၉-၂ဝဝ၃ အတွင်း၌ ထိုဥပဒေ အရ ဖမ်းဆီးခံရသူများအနက် အရွယ်မရောက်သေးသော ကလေး သူငယ် ၂ဝဝဝ ကျော်ရှိခဲ့၏။ ထို ကလေးငယ်အများစုမှာ တောင်/ အရှေ့တောင်အာရှနှင့် အရှေ့အ လယ်ပိုင်းဒေသတို့မှဖြစ်ပြီး သြစ တြေးလျ၌ ခိုလှုံခွင့်တောင်းခံဖို့ကြိုး စားနေရင်း ဖမ်းဆီးခံရခြင်းဖြစ်သည်။
တုံ့ပြန်မှုများ

ထိုဥပဒေက လူ့အခွင့်အရေး ဆိုင်ရာြွဥ  များအား ကိုင်လှုပ် နေတော့၏။ ၂ဝဝ၁ ခုနှစ်တွင် နိုင်ငံ တကာလူ့အခွင့်အရေးစောင့်ကြည့် မှုအဖွဲ့က ဝန်ကြီးချုပ် ဂျွန်ဟောင်း ဝပ်ထံ အင်အားအပြည့်သုံးစာတစ် စောင်ပေးပို့ခဲ့သည်။ ‘နိုင်ငံတကာ လူ့အခွင့်အရေးများနှင့် ဒုက္ခသည် များဆိုင်ရာဥပဒေအောက်တွင် အ ကျုံးဝင်နေသူများကို (နိုင်ငံသား မ ဟုတ်သူ၊ ဒုက္ခသည်ခိုလှုံခွင့် လျှောက်ရန် ကြိုးပမ်းနေသူ) ပြုမူ ကျင့်သုံးနေသည့် သြစတြေးလျ ဥပဒေကို အလေးအနက်ထား ပြန် သုံးသပ်ရန်…’ ပေးစာဖြစ်သည်။ ၃ နှစ်ကြာပြီးနောက် ‘သြစတြေးလျ လူ့အခွင့်အရေးနှင့်တန်းတူရပိုင်ခွင့် ကော်မရှင်’ မှ ထုတ်ပြန်သော အစီ ရင်ခံစာတွင် အဖမ်းဆီးခံထားရသော ကလေးငယ်များစွာ ကျန်းမာရေးအ ခြေအနေမကောင်းကြောင်း၊ အစိုးရ အနေဖြင့် ဥပဒေအကြောင်းပြု၍ လုပ်သည်ဖြစ်ငြား ယခုကိစ္စအပေါ် စဉ်းစားသင့်ကြောင်း ဝေဖန်ထည့် သွင်းရေးသားထား၏။ လက်ရှိ (၂ဝ၁ဝ ပြည့်နှစ်) အစိုးရအနေဖြင့် ယင်းဥပဒေအပေါ် ပြန်သုံးသပ်ရ မည်ဟု လေသံပျော့လာပြီဖြစ်သော် လည်း ဥပဒေမှာ အသက်ဝင်ကျင့် သုံးနေဆဲ၊ ဗီဇာ ‘အို’ (Over Stay) လျှင် အဖမ်းခံရမြဲဖြစ်နေဆဲဖြစ်၏။

‘နစ်ကိုင်း’ ဥပဒေနိုင်ငံ – ဂျပန်ရွှေ့ပြောင်းအခြေစိုက်ဦးရေ- ၁ ဒသမ ၇ သန်းဥပဒေအရလုပ်ကိုင်ပုံ

ဂျပန်နိုင်ငံအနေဖြင့် လူဦးရေ ဖွား/သေနှုန်းနှင့် လူဝင်မှုဆိုင်ရာ ပြဿနာများစွာတို့အပေါ် ရုန်းကန် နေခဲ့ရသည်မှာ ကြာမြင့်လှပေပြီ။ သက်ကြီးရွယ်အိုနှုန်းမြင့်တက်လာ ခြင်းကြောင့် ပြည်ပမှ ဈေးပေါပေါ အလုပ်သမားများစွာ ခေါ်ယူခဲ့သော် လည်း ဂျပန်အစိုးရ၏ မကြာသေး ခင်က အသစ်ပြဋ္ဌာန်းလိုက်သော (စီးပွားပျက်ကပ်အကျိုးဆက် အလုပ်လက်မဲ့ဦးရေမြင့်မားလာခြင်း ကို ဖြေရှင်းရန်နည်းလမ်း တစ်ရပ် အဖြစ်ဟုဆို၏) လူဝင်မှုနှင့် ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေ ကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်ကုန် တော့၏။ တိုကျိုအစိုးရလူဝင်မှု ဥပဒေသစ်ကို ဆန့်ကျင်သူများက ‘နစ်ကိုင်းဥပဒေ’ ဟုလည်း ခေါ်ကြ သည်။ ၂ဝဝ၉ နွေဦး၌ ဒိုင်ယက် လွှတ်တော်မှ အတည်ပြုခဲ့သည်။ ထိုဥပဒေအရ ဂျပန်လူမျိုးနှင့် လက် ထပ်၍ ပေါက်ဖွားလာသော လက် တင်အမေရိကန် (¤င်းတို့အား နစ် ကိုင်းဟုခေါ်၏။) အလုပ်လက်မဲ့ တစ်ဦးကို ကန်ဒေါ်လာ ၃ဝဝဝ နှင့် မိသားစုဝင်တစ်ဦးကို ကန်ဒေါ်လာ ၂ဝဝဝ စီ အစိုးရမှ ထုတ်ပေးပြီး မူလနေရင်းနိုင်ငံသို့ ပြန်လွှတ်မည် ဖြစ်သည်။ အဖမ်းအဆီးကိစ္စ …။ ထိုရွှေ့ပြောင်းအလုပ်သမားများနှင့် မိသားစုဝင်များအနေဖြင့် ဂျပန်၌ ပြန်အလုပ်လုပ်ခွင့်မည်သည့်အခါမျှ မရရှိစေရန် တားမြစ်ထားလိုက်မည် ဖြစ်၏။ ခန့်မှန်းချက်စာရင်းများအရ ဘရာဇီးနှင့် ပီရူးလူမျိုးချည်းပင် ၃၆၆ဝဝဝ ခန့် လက်ရှိဂျပန်၌ နေ ထိုင်အလုပ်လုပ်နေကြပါသည်။
တုံ့ပြန်မှုများ

ထိုဥပဒေသည် စိတ်ဆန္ဒအ လျောက် ပြဋ္ဌာန်းလိုက်ခြင်းမျိုးဖြစ် နေသော်ငြား ဂျပန်တစ်နိုင်ငံလုံး၌ ငြင်းပွားကုန်ကြတော့၏။ ဂျပန် ပြည်သူတချို့က နိုင်ငံစီးပွားရေး အတွက် ယူဆ၍ ထောက်ခံသော် လည်း တခ်ျို့က ပြင်းပြင်းထန်ထန် ကန့်ကွက်၏။ ဆန္ဒပြ၏။ တိုကျို၊ မူဆာရှီတက္ကသိုလ်မှ ပညာရှင် အိန်ဂျလို အိုင်ရှီအမည်ပေးလိုက် သော ‘ဂျပန်ရွှေ့ပြောင်းလုပ်သား အစုအဝေးကြီး တစ်ရပ်လုံးအား စော်ကားမှုတစ်ရပ်’ ဟု ယူဆကြ၍ ဖြစ်သည်။ အနောက်အုပ်စုမှ ဖိ အားများလည်း ဝင်လာမစဲတော့ ပေ။ တိုင်မ်းမဂ္ဂဇင်းကြီးက တော့ ‘ရွှေ့ပြောင်းလုပ်သားများသို့ ဂျပန်မှ နှုတ်ဆက်ခြင်း၊ ကျေးဇူးပဲ၊ ဒါပေမဲ့ မင်းတို့ အခုအိမ်ပြန်နိုင်ကြပြီ’ ခေါင်း စဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြ လိုက်သည်။

ဒူဘိုင်းစတိုင်ဧည့်ဝတ်ကျေမှုနိုင်ငံ-အာရပ်စော်ဘွားများပြည်ထောင်စု(UAE)ရွှေ့ပြောင်းအခြေစိုက်ဦးရေ- ၃ ဒသမ ၇၅ သန်း (စုစုပေါင်းလူဦးရေ၏ ၈၃ ဒသမ ၅ရာခိုင်နှုန်း)ဥပဒေအရလုပ်ကိုင်ပုံ

ယူအေအီး၌ တိုက်ရိုက်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု (FDI) ရည်မှန်း ချက်ပြည့်မီရန် အရှေ့တောင်အာရှ နှင့် အိန္ဒိယမှ လုပ်ခနည်း ရွှေ့ပြောင်း လုပ်သားများကြောင့် များစွာ အ ထောက်အကူရနေသည်။ ဆယ်စု နှစ်တစ်စုအတွင်း လှိမ့်ဝင်လာသော ရွှေ့ပြောင်းလုပ်သားများကို ကိုင် တွယ်ထိန်းချုပ်နိုင်ရန် အလုပ်သမား ဥပဒေသစ်များစွာ ရေးဆွဲပြဋ္ဌာန်း သည်။  ဆက်ပြဋ္ဌာန်းရန်များလည်း ရှိနေသည်။ လတ်တလောထုတ်ပြန် လိုက်သော ဥပဒေသစ်တစ်ရပ်မှာ အကြမ်းတမ်းဆုံးဖြစ်နေပါသည်။ ထိုဥပ ဒေ အရ မည်သည့်နိုင်ငံခြား သား အလုပ်သမားမဆို အလုပ် သမားအဖွဲ့အစည်းတွင်း ဝင်ရောက် ခွင့်မရှိစေရဟု တားမြစ်လိုက်၏။ တောင်းဆိုပိုင်ခွင့် လည်းမရှိနိုင်တော့ ပေ။ ရလဒ်မှာ နိုင်ငံခြားသား အ လုပ်သမားတို့၏ လုပ်ငန်းခွင်နှင့် နေထိုင်စားသောက်ရေးများ ဆိုးရွား စွာ ထိခိုက်နစ်နာ နိမ့်ကျစေကုန်ခြင်း ဖြစ်၏။ တစ်ပတ် အလုပ်ချိန် နာရီ ရှစ်ဆယ်၊ အလုပ်ကြမ်းသမားတို့ အတွက် ဥပဒေအကာအကွယ်မရှိ၊ အနည်းဆုံး လုပ်အားခသတ်မှတ် ချက် ထက်ပိုမိုလျှော့ပစ်ခြင်း၊…။ နိုင်လွန်ရွက်ဖျင်တဲများ၌ တစ်ခန်း တည်း ၁၂ ဦးနေထိုင်ရပြီး မသန့် ရှင်းသော ရေအိုးများအသုံးပြု၍ အိမ်သာအနီးကြမ်းပြင်၌ပင် ချက် ပြုတ်စားသောက်နေထိုင်ရခြင်း တို့ အပါအဝင်ဖြစ်သည်။
တုံ့ပြန်မှုများ

UAE ၏ လူဝင်မှုနှင့် အလုပ် သမားဥပဒေများကို ယခင်ကာလ များက နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂတို့လောက်သာ ဝေဖန် ထောက်ပြခဲ့ကြသော်လည်း ယခု ဥပဒေပြဋ္ဌာန်းပြီးသောအခါ ရွှေ့ ပြောင်းအလုပ်သမားအများစုကပါ ၄င်းတို့အပေါ် အလုပ်ရှင်တို့၏ ပြု မူလာမှုများအား ဆန့်ကျင်ကန့်ကွက် လာတော့သည်။ ၄င်းတို့ကိုယ်တိုင် ဝေဖန်ထောက်ပြဆန္ဒပြမှုများဖြစ် ပေါ်လာတော့သည်။့ ဗန ၏ ကော်လာပြာလုပ်သားတို့ ၂ဝဝ၆ ကတည်းက ဖွဲ့စည်းထားပြီးဖြစ် သော အလုပ် သမားသမဂ္ဂသို့လည်း  တောင်းဆိုဝင်ရောက်၍ စည်းဝေး ညှိနှိုင်းမှုများ ပြုလုပ်လာခဲ့ကြသည်။ ၂ဝဝ၉ ခုနှစ်ကုန်ခါနီး၌ ဖြစ်ပေါ်ခဲ့ သော ဆောက်လုပ်ရေးလုပ်သား များ၏ လစာတိုးမြှင့်ပေးရေး၊ အချိန် ပိုလုပ်အားခထုတ်ပေးရေး၊ ဆန္ဒပြ တောင်းဆိုမှုများမှာ UAE  မြို့များ၏ လမ်းတိုင်း၌ ပြည့်နှက်နေတော့ သည်။ အစိုးရဘက်မှ လုပ်ငန်းရှင် များအား ခေါ်ယူ၍ ညှိနှိုင်းပေးခဲ့ သော်လည်း ဥပဒေအရ ပြဋ္ဌာန်း ထားမှုကို ဆက်လက်ကျင့်သုံးခွင့် ရှိနေဆဲဖြစ်ရာ မိမိတို့စောင့်ကြည့် သုံးသပ်နေသည်ဟု စော်ဘွားကြီး များက အချိုသတ်ပြောဆိုတားဆဲ ဖြစ်သည်။


တင်စိုးမင်း
Popular News Journal

No comments:

Post a Comment