မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် ဆယ်စုနှစ် ၂ ခုကျော်ကြာ
အမေ့ခံဖြစ်ခဲ့သော မြန်မာ့ အခြေခံ အလုပ်သမားထု၏ အခွင့်အရေးများ သည်လည်း
ခံစားခွင့်နှင့် အာမခံချက်များ စတင်ရရှိမည့် အလားအလာကို တွေ့မြင်နေရပြီ
ဖြစ်သည်။ မြန်မာပြည်မှ အလုပ်သမားထု ဆိုသည့် အထဲတွင် ပြည်တွင်းမှ အလုပ်သမား
များသာမက အကြောင်း အမျိုးမျိုးကြောင့် အိမ်နီးချင်း နိုင်ငံများသို့
ရွှေ့ပြောင်း အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများလည်း ပါဝင်သည်။ မကြာသေးခင်က ပြည်တွင်းရှိ စက်မှုဇုန်များမှ အလုပ်သမားများ၏
အခြေခံလုပ်ခလစာကို အာဆီယံနိုင်ငံများနှင့် တန်းညှိကာ ပေးရန်၊
အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများအား ပေးရန် အလုပ်သမား
ဝန်ကြီးဌာနက သဘောတူညီခဲ့သည်။
This Blog will try to support all the Blue and White labors across Myanmar and aim to establish Labor Organizations and Unions which are dedicated to the development of Myanmar Labors. ဤဘလော့သည် မြန်မာနိုင်ငံရှိ ကာယလုပ်သားများ ၊ ဥာဏလုပ်သားများ၏ ဘ၀အခြေအနေ မြင့်မားတိုး တက်စေရန်အတွက် တတ်အားသ၍ ပါဝင်ပံ့ပိုးနိုင်ရန် နှင့် ထိုသို့ကူညီပံ့ပိုးပေးနိုင်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ရည်မှန်းသည်။
Friday, June 29, 2012
ဆောက်လုပ်ရေး လုပ်သားများ တော်ဝင်ကုမ္ပဏီကို ဆန္ဒပြ
လုပ်အားခ တိုးမြှင့်ပေးရန်၊ လုပ်အားခ အချိန်မှန်ပေးချေရန်နှင့် လုပ်ငန်းခွင် သာယာရေး
ဆောင်ရွက်ပေးရန်တို့ ပါဝင်သည့် တောင်းဆိုချက် ၁၆ ချက်ဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် တော်ဝင် ဆောက်လုပ်
ရေးကုမ္ပဏီ လုပ်သားများက ကြာသပတေးနေ့တွင် ဆန္ဒပြကြသည်။ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက် ဖန်စက်လမ်း မုဒိတာအိမ်ယာ အမှတ် ၂ မှ ဆောက်လုပ်ရေးလုပ်သား ၇ဝဝ ခန့်က တော်ဝင် ကုမ္ပဏီသို့ တောင်းဆိုကြခြင်း ဖြစ်သည်။
ဆောင်ရွက်ပေးရန်တို့ ပါဝင်သည့် တောင်းဆိုချက် ၁၆ ချက်ဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် တော်ဝင် ဆောက်လုပ်
ရေးကုမ္ပဏီ လုပ်သားများက ကြာသပတေးနေ့တွင် ဆန္ဒပြကြသည်။ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက် ဖန်စက်လမ်း မုဒိတာအိမ်ယာ အမှတ် ၂ မှ ဆောက်လုပ်ရေးလုပ်သား ၇ဝဝ ခန့်က တော်ဝင် ကုမ္ပဏီသို့ တောင်းဆိုကြခြင်း ဖြစ်သည်။
Wednesday, June 27, 2012
လှိုင်သာယာစက်မှုဇုန်ရှိ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည့် စက်ရုံသုံးရုံမှ အလုပ်သမားဦးရေ ၃၀၀ ကျော်လျော့ချ
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာစက်မှုဇုန်ရှိ
ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည့် စက်ရုံသုံးရုံမှ အလုပ်သမားဦးရေ ၃၀၀ ကျော်
လျော့ချခဲ့ကြောင်း သိရှိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင်
လှိုင်သာယာမြို့နယ် ၁၇ ရက်ကွက် စက်မှုဇုန် (၅) အနော်ရထာလမ်း အကွက်အမှတ်
(၁၈၁၊၁၈၂) ရှိ Global Foot wear ဖိနပ်စက်ရုံတွင် ကျား ၂၀ ဦး၊ မ ၃၁၈ ဦး
စုစုပေါင်း ၃၃၈ ဦးဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိရာ ကုန်ပစ္စည်းမှာယူမှု၊
အော်ဒါပို့ဆောင်မှုနှင့် ကုန်ကြမ်းအခက်အခဲများကြောင့်
လုပ်ငန်းလည်ပတ်မှုမရှိသဖြင့် အလုပ်သမားဦးရေ ၁၅၀ ကို လျော့ချခဲ့ကြောင်း
သိရှိရသည်။ အလားတူ တော်ဝင်မြန်မာ ဇာထိုး၊ပန်းထိုးစက်ရုံနှင့်
အကြင်နာအိပ်မက် အထည်ချုပ်စက်ရုံမှ အလုပ်သမားဦးရေ
၂၀၀ ကျော် လျော့ချခဲ့ကြောင်း သိရှိရသည်။
Monday, June 25, 2012
လုပ်အားခေါင်း ပုံဖြတ်နေ ခြင်းကို လုံးဝအကာ အကွယ် ပေးသွားမည်
အလုပ် သမားများ၏ လုပ်အားခေါင်း ပုံဖြတ်ခံ ရခြင်းမှ အကာအ ကွယ်ပေးနိုင်ရန်
ယခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေ(မူကြမ်း)တွင် ဦးစားပေးအချက်အဖြစ်
ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအလုပ်သမား များအပေါ်
လုပ်အားခေါင်းပုံ ဖြတ်နေခြင်းကို လုံးဝအကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။ ယခုလ
ပထမပတ်က ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် CMP လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းအစည်းအဝေး၌ အထက်ပါအတိုင်း ပြည်ထောင်စုဝန်ကြီး
ဦးအောင်ကြည်က ပြောကြားခြင်းဖြစ်သည်။
ဆန္ဒပြ Famoso အလုပ်သမားများအား အလုပ်ထုတ်ပစ်မည်ဟု သူဌေး အကြပ်ကိုင်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ
Famoso စက်ရုံမှ ဆန္ဒပြနေဆဲ အလုပ်သမားများ အနေနှင့် ဇူလိုင်လ လယ်အထိ
လုပ်ငန်းခွင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက
စက်ရုံဝန်ထမ်းအဖြစ်မှ ရပ်စဲ မည်ဟု အလုပ်ရှင်ဘက်မှ ပြောဆိုထားပြီး
အလုပ်သမားများကလည်း တောင်းဆိုချက်များ မပြေလည်မချင်း ဆက်လက် ဆန္ဒပြကြမည်
ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။
Subscribe to:
Comments (Atom)