Tuesday, May 29, 2012

ရောဂါဆိုးများ ပျံ့နှံ့မှု ရွှေ့ပြောင်း လုပ်သားများကြား မြင့်မားစွာဖြစ်ပွားနေ

ရွှေ့ပြောင်း လုပ်သားများ အကြားတွင် မြင့်တက်လာနေသော ကမ္ဘာ့ရောဂါဆိုး များမှာကြောက်စရာ ကောင်းလှအောင်
 မြင့်တက်လာနေပြီး စိုးရိမ် ပူပန်စရာ ဖြစ်လာနေကြ သည်။ ထို့အပြင် ထိုင်း အစိုးရ၏ နိုင်ငံသားများ ဆိုင်ရာ မူဝါဒများကြောင့် ၄င်းတို့နိုင်ငံ၌ ရွှေ့ပြောင်း လုပ်သားများ အပေါ်တွင် နှစ်စဉ် ကျန်းမာရေး စစ်ဆေးပေးနိုင်မှု မရှိနိုင်ခြင်း တို့မှာလည်း အခက် အခဲ တစ်ခုဖြစ်သည်။

မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် လက်မှတ်သက်တမ်း တိုးမပေး

စံခလပူရီ (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင်၊ ကရထုမ်းဗန်း မြို့နယ်၊ အွမ်းနွမ်၊ ဖိကစင် ကျောက်သွေး စက်ရုံ၌ အလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အယောက် ၁၀၀ ခန့်တို့၏ ယာယီ နိုင်ငံကူး လက်မှတ်နှင့် အလုပ်လုပ်ခွင့် လက်မှတ်များ သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သော်လည်း ကုမ္ပဏီမှ လိုက်လံ လုပ်ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။

ဒေါ်စု ကမ္ဘာ့အလုပ်သမား ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောမည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ILO ၏ ၁၀၁ ကြိမ်မြောက် ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောမည် ဖြစ်ကြောင်း ILO က ကြေညာသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မေလ ၃၀ ရက်မှ ဇွန်လ ၁၅ ရက်နေ့ထိ ကျင်းပမည့် ညီလာခံသို့ ဇွန်လ ၁၄ ရက်နေ့တွင် ကိုယ်တိုင်လာရောက် မိန့်ခွန်းပြောကြားရန် အတွက် ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia ၏ ဖိတ်ကြားချက်ကို
ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအဖွဲ့များနှင့် တွေ့မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ အလုပ် သမားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဘန်ကောက်မြို့သို့ ရောက်မည်ဖြစ်ပြီး မနက်ဖြန်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း မဟာချိုင် ဒေ သ သို့ သွားရောက်၍ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမား အဖွဲ့များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများ၌ ရေးသားထားသည်။

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်းအလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။
 အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယမြောက်နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ လဲကျခဲ့ပြီး မှော်ဘီဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။ ယမန် နေ့ ညနေပိုင်းအထိ ယင်းသို့ ဖြစ်ပွားသူ စုစုပေါင်း ၁၀ ဦး ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ရမည်းသင်း ရွှေတော အလုပ်သမား တစ်သိန်းကျော် ဇွန် ၁ ရက်နေ့ ဆန္ဒပြမည်

မြန်မာနိုင်ငံတွင် ရွှေကို အတုံးအခဲလိုက် တွေ့ရှိရာ ဒေသတစ်ခု ဖြစ်သည့် ရမည်းသင်းမြို့ အရှေ့ဘက်မိုင် (၃၀) အကွာခန့်ရှိ ရွှေတောကွက်ရပ် ပတ်ဝန်းကျင်၌ ဇွန်လ(၁)ရက်နေ့ နံနက် (၈) နာရီခန့်မှ စတင်၍ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရန် အလုပ်သမား ဦးရေ တစ်သိန်းကျော်ခန့် ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း အလုပ်သမား ဆန္ဒပြပွဲမှ ဦးဆောင် လှုပ်ရှားသူ ရမည်းသင်း ဒေသခံ ဦးသက်လွယ်က မေလ ၂၉ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။

"သိကြားမင်း ဆင်းတားတောင် မရဘူး” ဟု ဇွန်လ ၁ ရက်နေ့ ရမည်းသင်းမြို့ အလုပ်သမား ဆန္ဒပြပွဲကို အတည်ပြုသည့် အနေဖြင့် ဦးသက်လွယ်က ဆိုသည်။

၂၀၁၁ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီက ရမည်းသင်း ရွှေတောကွက်ရပ်ကို တရားဝင် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ အတွင်း ရမည်းသင်း ဒေသခံ ရွှေအလုပ်သမားများနှင့် အဆိုပါ ကုမ္ပဏီတို့ (၅) နှစ် လက်တွဲ လုပ်ကိုင်ရန် သဘောတူညီ ခဲ့ကြကြောင်း၊ ၂၀၁၂ ခုနှစ် မေလတွင် ယင်းကုမ္ပဏီမှ ကြိုတင် အသိပေးခြင်း တစ်စုံတစ်ရာ မရှိဘဲ ရမည်းသင်း ဒေသခံ ရွှေအလုပ်သမားများကို အဆိုပါ ရွှေတောကွက်ရပ်တွင် လုပ်ကိုင်ခွင့် မပြုတော့ခြင်းကြောင့် ရမည်းသင်း ရွှေတောကွက်ရပ်ကို အမှီပြုနေသော ရမည်းသင်း ဒေသခံ လူဦးရေ ငါးသိန်းခန့်သည် ကျောင်းဖွင့်ရာသီနှင့် မိုးရာသီတွင် အလုပ်အကိုင် အဆင်မပြေခြင်းများ ကြုံတွေ့နေရသည်။

အလုပ်သမား ဆန္ဒပြပွဲတွင် ပါဝင်လိုသည့် ရမည်းသင်း ဒေသခံ ၅ သိန်းခန့် ရှိသော်လည်း သောင်းဂဏန်း လောက်ဖြင့်သာ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို ဦးဆောင်လှုပ်ရှားသူ ဦးသက်လွယ်က ဆိုသည်။

အလုပ်သမား ဆန္ဒပြပွဲကို အောက်ခံ လူဦးရေ တစ်သိန်းကျော်ခန့်ဖြင့် စတင် ပြုလုပ်မည် ဖြစ်ပြီး လူဦးရေ တစ်သိန်းကျော် စီတန်း လှည့်လည်မည် ဖြစ်ရာ ကျောင်းဖွင့်ချိန်တွင် အခက်အခဲများစွာ ကြုံတွေ့နေရသည့် ကလေးငယ်များ ကလည်း  ကျောင်းတက်ချိန် ရောက်ပြီ ဟု ဗွီနိုင်းများ ကိုင်ကာ ပါဝင် လှုပ်ရှားမည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရမည်းသင်း မြို့ နယ်နှင့် မိုင် ၃၀ အကွာ ရွှေတောတွင် မေလ (၂၈) ရက်နေ့ အလုပ်သမားဆန္ဒပြပွဲ ပြုလုပ်မည့် အကြောင်းကြားစာကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ရမည်းသင်း ခရိုင်ရဲစခန်းသို့  အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ ကန့်ကွက် နှောင့်ယှက်သည့် တုန့်ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိဘဲ အဆင်ပြေစွာ ပြုလုပ်နိုင်မည့် အခြေအနေတွင် ရှိကြောင်းကို ရမည်းသင်းမြို့  အလုပ်သမား ဆန္ဒပြပွဲ အတွက် ကူညီ ဆောင်ရွက်ပေးနေသည့် အထက်မြန်မာပြည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမားအဖွဲ့နှင့် ကူညီပူးပေါင်း ဆောင်ရွက်သော အဖွဲ့ မှ အထက်မြန်မာပြည် တာဝန်ခံ (၂) ဦးအေးသိန်းက ဆိုသည်။

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီသည် ယခင်အစိုးရ ဝန်ကြီးများ ကျောထောက် နောက်ခံပြု ဖွဲ့စည်းထားသော ကုမ္ပဏီ ဖြစ်ပြီး တရုတ် - မြန်မာ နယ်စပ်တွင် ငါးပုဇွန်များကို ဈေးကောင်းရအောင် တပြေးညီ ရောင်းမည် ဟုဆိုကာ ဈေးကွက်အတွင်း ဝင်ရောက် လက်ဝါးကြီးအုပ်သည် ဟုလည်း ရေလုပ်ငန်းရှင် အချို့၏ စွပ်စွဲခြင်း ခံရဖူးသည်။

by; ရွှေရည် ၊ The Voice

Sunday, May 27, 2012

အစာငတ်ခံဆန္ဒပြသူအလုပ်သမား တစ်ဦး ဆေးရုံပို့ရ

ရန်ကုန် သရဖူ သံမဏိစက်ရုံမှာ အခြေခံလစာတိုးမြှင့်ရေး အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက တစ် ဦးကို မှော်ဘီပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်လိုက်ရပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမား ခေါင်းဆောင် ၂၅ ဦး စတင် အစာငတ်ခံ ဆန္ဒပြခဲ့ရမှာ နောက်ထပ် ၁၅ ဦး ပူးပေါင်းပါဝင်ပြီး အလုပ်သမား ၄၀ ဆက်လက် အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ဆန္ဒြုပသူတွေထဲက ၄ ဦး ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီး သူတို့ထဲက တစ်ဦးကို မနေ့က ဆေးရုံပို့လိုက်ရတယ်လို့  အစာငတ်ခံဆန္ဒပြနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

အလုပ်သမား အခွင့်အရေး လှုပ်ရှားမှု ကွန်ယက်ဖွဲ့

လုပ်ခလစာ နည်းပါးမှု အခွင့်အရေး ချိုးဖောက် ခံရမှုတို့ကြောင့် တစ်ရက်လျှင် စက်ရုံနှစ်ရုံခန့် တိုးမြှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံ ခုနှစ်ရုံက အလုပ်သမားများဖြင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားမှု ကွန်ယက်ကို မေလ ၂၆ ရက်နေ့တွင် စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ စက်ရုံများမှ အလုပ်သမားများက ပြောကြားသည်။

Saturday, May 26, 2012

လှိုင်သာယာ ပုလဲ အထည်ချုပ်စက်ရုံ ထပ်မံဆန္ဒပြ

လှိုင်သာယာစက်မှုဇုန်ရှိ ပုလဲ အထည်ချုပ် စက်ရုံ စက်ရုံအလုပ်သမားများ ယနေ့နံနက်ပိုင်း မှစတင်ကာ လုပ်ခ လစာ အချိန်ပိုကြေး ရပိုင်ခွင့်များနှင့် ပတ်သက်၍ ထပ်မံဆန္ဒပြကြောင်း The Voice ဂျာနယ် အွန်လိုင်းတွင် ဖော်ပြထားသည်။ ကြာသပတေးနေ့ နံနက် ပိုင်းကလည်း လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo နှင့် Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံတွင် ၂၀၀၀ နီးပါးအစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး အလုပ်သမ ၂၅၀ ကျော်မှာ ကျန်းမာရေးထိခိုက်မှု ဖြစ်ပွားခဲ့သည်။

by; Irrawaddy

စက်ရုံငါးခု လုပ်သား ပြဿနာ ပြေလည်မှုရ

လုပ်ခလစာ ပြဿနာဖြင့် တစ်ရက်လျှင် စက်ရုံနှစ်ရုံခန့် တိုးမြှင့် ဆန္ဒပြမှု ဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံငါးရုံတွင် လုပ်သား ပြဿနာ ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။

ပုလဲ၊ စံပယ်ပွင့်၊ YJ၊ အာရှနှင်းဆီ အထည်ချုပ်စက်ရုံ လေးရုံနှင့် Miss Style ဖိနပ်စက်ရုံတို့မှ အလုပ်သမား ပြဿနာများ ပြေလည် သွားပြီ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

အလုပ်သမားများဆန္ဒပြမှုသည် အလုပ်သမားလှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေဟုဆို

ယခုနှစ် ဖေဖေါ်ဝါရီလတွင်စတင်ခဲ့ကာ ယခုလအတွင်း တပြိင်နက်ထဲဆိုသလိုဖြစ်ပွားလျှ
က်ရှိသည့် စက်ရုံ အလုပ်သမား ဆန္ဒပြမှုများသည် အလှုပ်သမား လှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရှေ့နေဦးဋ္ဌေးက ပြောသည်။

“အခု တလောဖြစ်ပွားနေတဲ့ စက်ရုံတရုံချင်း အလုပ်သမား ဆန္ဒပြနေတာတွေဟာ အလုပ်သမားလှုပ်ရှားမှုတခုကို ဦးတည်နေတယ်” ဟု ဦးဋ္ဌေးက YPI သို့ပြောသည်။

လုပ်ခလစာတိုးပေးရေးကို အဓိကထား တောင်းဆိုသည့် စက်ရုံအလုပ်သမား ဆန္ဒပြမှုများ ယခုလအတွင်း ရုတ်တရက် မြင့်တက်လာပြီး ယခုလောလောဆယ် စက်ရုံ ၉ ရုံ တပြိုင်နက်ထဲ လုပ်ခလစာတိုးရရန် တောင်းဆိုဆန္ဒပြလျှက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ယခုလဆန်းတွင် စတင်ခဲ့သည့် လှိုင်သာယာ စက်မှုဇုန်ရှိ ဟိုက်မို ဆံပင်တုစက်ရုံ အလုပ်သမားဆန္ဒပြမှုမှ စတင်ကာ ဂရင်းရွိုင်ရယ် အရက်ပုလင်းသွတ်စက်ရုံ၊ စံပယ်ပွင့် ၊ ပုလဲ ၊ နေမင်းအောင် ၊ YJ အထည်ချုပ်စက်ရုံတို့သို့ ကူးစက်သွားပြီးနောက် ယခင်သီတင်းပတ်ကုန်တွင် ငွေကံ့ကော် အထည်ချုပ်စက်ရုံ နှင့် မြောင်းတကာ စက်မှုဇုန်ရှိ သံမဏိ စက်ရုံ၊ တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီး အထည်ချုပ်စက်ရုံများ အထိ လုပ်ခတောင်းဆိုရေး ဆန္ဒပြလျှက်ရှိကြသည်။

ယင်းတို့အနက် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတရုံနှင့် မြောင်းတကာ သံမဏိစက်ရုံတို့မှ အလုပ်သမားတချို့က တောင်းဆိုချက်များရရှိရေးအတွက် အစာငတ်ခံဆန္ဒပြမှုများအထိ စတင်ဖြစ်ပွားလာနေသည်။
လက်ရှိဖြစ်ပွားနေသည့် အလုပ်သမားအရေးကိစ္စများကို ဖြေရှင်းဖို့ ခက်ခဲရခြင်း၏ အဓိက အားနည်းချက်တခုမှာ အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ချက်မရှိသည့် အချက်ဖြစ်သည်ဟုလည်း ဦးဋ္ဌေးက ထောက်ပြသည်။

ယခုလပိုင်းအတွင်း လုပ်ခလစာတိုးပေးရေးနှင့်ပတ်သက်၍ အလုပ်ရှင်အလုပ်သမား ဆွေးနွေးညှိနှိုင်းသည့်အခါ အလုပ်ရှင်နှင့် အလုပ်သမားဝန်ကြီးဋ္ဌာနမှ အရာရှိများက အနိမ့်ဆုံး အလုပ်သမား သတ်မှတ်ချက်မရှိသည့်အချက်ကို လက်ညှိုးထိုး နေသည့်အတွက်လည်း ပြေလည်မှုမရရှိနိုင်ပဲ ဖြစ်နေရသည်ဟု ၎င်းက ဆိုသည်။

မေလ ၂၂ ရက်နေ့မှ စတင်ကာ ဆန္ဒပြနေသည့် တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီးအထည်ချုပ်စက်ရုံမှ အလုပ်သမ မဆုမြတ်နိုင်က “ ကျွန်မတို့ လက်ရှိ အခြေခံလစာ ၆ ထောင်ကို ၁၅၀၀၀ တောင်းတာ မရပါဘူး၊ အဲဒီနောက် ညှိပေးတဲ့ လူကြီးတွေက နည်းနည်းလျော့ပါဦးဆိုလို့ ၁၀၀၀၀ ထိ ကျွန်မတို့လျော့ပေးခဲ့တယ်၊ ဒါလည်း မလိုက်လျောဘူး” ဟု အလုပ်ရှင်က မလိုက်လျောသည့် အကြောင်းကို ရှင်းပြသည်။

မကြာသေးမီက အလုပ်သမား ဖြန်ဖြေရေး ဥပဒေထွက်ရှိပြီးဖြစ်သော်လည်း ယင်းဥပဒေက လတ်တလော ဖြစ်ပွားနေသည့် အလုပ်သမား လစာတိုးပေးရေး တောင်းဆိုမှု ပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်ပဲ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။

ဦးဋ္ဌေးက “တနေ့ ၈နာရီအလုပ်လုပ်တာကို တရက် ကျပ် ၁၀၀၀ တောင် မပေးနိုင်တာက လတ်တလော အခက်အခဲ မပြေလည်နိုင်တာပဲ” ဟု အလုပ်သမားများ တောင်းဆိုသည့် အခြေခံလစာ တနေ့ ကျပ် ၁၀၀၀ ကို တိုးမပေးနိုင်သည့် အဖြစ်ကို ထောက်ပြသည်။

၎င်းက ယခုအဖြစ်အပျက်သည် အမျိုးသားရေး အသွင်ဆောင်လာပြီး အားလုံး ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်သည်ဟုလည်း ဆိုသည်၊ ၎င်းတို့အနေဖြင့်လည်း အလုပ်သမားများအား သည်းခံဖို့နှင့် ငြိမ်းချမ်းစွာ လုပ်ဆောင်ကြဖို့ တိုက်တွန်းလျှက်ရှိကြောင်း ပြောဆိုသည်။ ။
 
by; Yangon Press International

Friday, May 25, 2012

မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန် သရဖူသံမဏိစက်ရုံတွင် လုပ်သားအင်အားငါးရာကျော်ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွား၊ ပိုင်ရှင်ဖြစ်သူ နေရပ်သို့ ပြန်လည်ထွက်ခွာသွားသဖြင့် ၀န်ထမ်များမှ အစာငတ်ခံ စတင်ဆန္ဒပြနေကြောင်း သိရ

မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ တရုတ်လူမျိုးပိုင်ဆိုင်သော ရန်ကုန်သရဖူ သံမဏိ သံရည်ကျိုစက်ရုံတွင်မေလ ၂၀ ရက်နေ့တွင် လုပ်သားအင်အား ၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး လုပ်သားများ၏ တောင်းဆိုချက်အား စက်ရုံတာဝန်ရှိ
သူများမှ လိုက်လျောမှု မပေးသည့်အပြင် စက်ရုံပိုင်ရှင် တရုတ်လူမျိုးမှ ပြည်ကြီးသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သဖြင့် ဆန္ဒပြအလုပ်သမားများအနေဖြင့် မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ လုပ်သား ၂၀ ဦးမှ အစာငတ်ခံ ဆန္ဒပြမှု စတင်ပြုလုပ်နေပြီး အဆိုပါ ဆန္ဒပြမှုအား နေ့ည မရွေး ပြုလုပ်မည်ဖြစ်ကာ ထိုသို့ ဆန္ဒပြရန် ဆန္ဒဖြစ်ပေါ်သည့် လုပ်သားအင်အားများ နေ့စဉ် တိုးချဲ့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Wednesday, May 23, 2012

မန်မာအလုပ်သမားသမဂ္ဂ ဘုရားသုံးဆူတွင် ဖွဲ့စည်း

စံခလပူရီ (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံသား အလုပ်သမားများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိရေး စသည့် ရည်ရွယ်ချက် များဖြင့် ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အင်္ဂါနေ့က အထည်အလိပ်နှင့် သားရေအလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး၊ ယခုလအတွင်း မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း သမဂ္ဂ ဥက္ကဋ္ဌ ထံမှ သိရသည်။

Sunday, May 20, 2012

အခကြေးငွေ ဥပဒေထွက်လာပါက လက်ရှိဖြစ်ပေါ်နေသော အလုပ်သမား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ လျော့နည်းသွားနိုင်


ရန်ကုန်၊ မေ ၁၅
အနည်းဆုံး အခကြေးငွေ ဥပဒေထွက်လာပါက လက်ရှိဖြစ်ပေါ်နေသော အလုပ်သမား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ လျော့နည်းသွားနိုင်ကြောင်း နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”အနည်းဆုံး အခကြေးငွေ ဥပဒေက ရေးဆွဲနေဆဲပဲ ရှိတယ်။ အဲဒါမကြာခင် ထွက်လာဖို့ရှိပါတယ်” ဟု ၄င်းက ပြောသည်။

Friday, May 18, 2012

ရွှေ့ပြောင်းမြန်မာ အလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ လိမ်လည်မှုဖြစ်ပွား

ထိုင်း မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ပတ်စ်ပို့လုပ်ဖို့ ငွေအကြေသွင်းထားပြီးပေမယ့် ယနေ့တိုင် ပတ်စ်ပို့မရဘဲ ဒုက္ခရောက်နေတယ်လို့ စုံစမ်းသိရပါတယ်။ RJP လို့ခေါ်တဲ့ ပတ်စ်ပို့လုပ်ပေးတဲ့ ကုမ္ပဏီနဲ့ ပွဲစားကနေတဆင့် လုပ်ခဲ့ရာက လနဲ့ချီကြာခဲ့ပြီး ပတ်စ်ပို့လည်းမရ၊ ပွဲစားကိုလည်း ဆက်သွယ်မရဖြစ်ကာ အလုပ်လက်မဲ့ဘ၀နဲ့ ဒုက္ခရောက်နေရတဲ့ အခြေအနေကို အလုပ်သမတစ်ဦးက အခုလိုပြောပါတယ်။

Thursday, May 17, 2012

မြန်မာ အလုပ်သမားများ ဘဏ်မှတဆင့် အိမ်ကို ငွေလွှဲနိုင်တော့မည်

အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank-AGD) သည် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်တခုဖြစ်သော K-Bank (Kasikorn Bank)နှင့် ပူးပေါင်း၍ ငွေလွှဲမှု လုပ်ငန်းများကို ဇွန် လ ဆန်းပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရသည်။ ထိုင်းနှင့်မြန်မာ ပုဂ္ဂလိကဘဏ်မှတဆင့် ငွေလွှဲနိုင်မည့် ယခု အစီအစဉ်သည် ပထမဆုံး ပြုလုပ်သည့် အစီအစဉ်လည်း ဖြစ်သည်။ ယင်း အစီအစဉ်အရ ဘဏ်မှ တရက်လျှင် ဘတ် ငွေ ၉၀၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀၀) ခန့် လွှဲခွင့်ပြုမည်ကြောင်း Kasi korn Bank ၏ ဒု ဥက္ကဋ္ဌ Mr.Somkiat Siri Chat ၏ ပြောကြားချက်ကို မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြ ထားသည်။

လစာတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား အလုပ်ပြန်ဆင်းခွင့်မပြု

Grand Royal အရက်ချက်စက်ရုံက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အပြည့်အ၀ လိုက်လျောခြင်းမရှိသလို၊ အလုပ်ပြန်ဆင်းတာကိုလည်း လက်မခံဘူးလို့ သိရပါတယ်။ Grand Royal အရက်ချက်စက်ရုံက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အပြည့်အ၀ လိုက်လျောခြင်းမရှိသလို၊ အလုပ်ပြန်ဆင်းတာကိုလည်း လက်မခံဘူးလို့ သိရပါတယ်။ အခြေခံလုပ်ခလစာ တိုးပေးဖို့ အလုပ်သမား ၃၀၀ လောက်က တောင်းဆိုထားတာကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ကတည်းက အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။
မနေ့က တတိယအကြိမ်အဖြစ် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက ဗိုလ်မှူးကြီး ယုလွင်အောင်နဲ့ စက်ရုံတာဝန်ရှိသူ ဒေါ်အေးသီတာသန့်တို့ ညှိနှိုင်းပြီး နောက်လုပ်ခလစာကို ခြောက်ထောင်တိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ အလွန်ကွာဟနေတယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက အခုလို ပြောပါတယ်။
" ကျွန်တော်တို့လစာ အနည်းဆုံးလစာက ယခင်လစာ ၄၃၀၀၀ ရပါတယ်ခင်ဗျ။ အများဆုံးက ၅၁၀၀၀ ရပါတယ်ခင်ဗျ။ အဲဒီလို လစာကနေပြီးတော့ ကျွန်တော်တို့က တောင်းဆိုလိုက်တဲ့ လစာက အခြေခံလစာ ခုနှစ်သောင်းပါခင်ဗျ။ နှစ်အလိုက် တစ်နှစ်ကို ၃၀၀၀ စီထည့်ပေးရမယ်လို့ ကျွန်တော်တို့က တောင်းဆိုထားပါတယ်။ ဥပမာ စုစုပေါင်း သူတို့တိုးပေးတာ အရင်က ၅၁၀၀၀ ဆိုရင် အခုက လောလောဆယ်မှာ ခြောက်ထောင်ပဲ တိုးပေးပါတယ်ခင်ဗျ"
အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူ ဗိုလ်မှူးကြီး ယုလွင်အောင်က အလုပ်သမားတွေ အလုပ်ပြန်ဆင်းဖို့ တိုက်တွန်းတဲ့အတွက် ဒီကနေ့ အလုပ်သွားပြန်ဆင်းပေမယ့် ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတွေကို အလုပ်ရုံတွေထဲ ၀င်ခွင့်မပေးဘူးလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
ဂရင်းရွိင်ရယ် အရက်ချက်စက်ရုံဟာ ရွှေပြည်သာစက်မှုဇုန်၊ ဇုန်အမှတ် ၃ မှာရှိပြီး၊ စုစုပေါင်း အလုပ်သမား လေးထောင်နီးပါး ရှိတယ်လို့ သိရပါတယ်။ ဒီအရက်ချက်စက်ရုံကို ICDC လုပ်ငန်းအုပ်စုက ပိုင်ဆိုင်ပြီး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကတော့ ဦးအောင်မိုးကျော်ဖြစ်ပါတယ်။
အလုပ်သမားတွေဘက်ကတော့ ဆက်လက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ လိုလားတယ်လို့ ပြောဆိုခဲ့ပါတယ်။

by; RFA

Wednesday, May 16, 2012

ပိတ်လှောင်ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်

ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသရှိ စက်ရုံတခုတွင် လှောင်ပိတ် ခိုင်းစေခံထားရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်အား ထိုင်းရဲတပ်ဖွဲ့နှင့် အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲတို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မဟာချိုင်ဒေသ၊ ဆွေမမလမ်းရှိ ဆန်းထေ့ ပုစွန်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာမရခြင်း၊ အပြင် ထွက်ခွင့် မရှိခြင်း၊ အစားအသောက် မလုံလောက်ခြင်း စသည်တို့နှင့် ကြုံနေရကြောင်း၊ စက်ရုံပြင်ပသို့ ရောက်ရှိလာသည့် အလုပ်သမားတဦးကို အကူအညီတောင်းခံရာမှ ယခုကဲ့သို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်
ရွက်ပေးနေသူ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။

Tuesday, May 15, 2012

လှိုင်သာယာ အထည်ချုပ်စက်ရုံ ၂ ရုံ အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က စပယ်ပွင့်နဲ့ ပုလဲ ဆိုတဲ့ အထည်ချုပ်စက်ရုံ ၂ ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ တိုးပေးဖို့နဲ့ အခြားအလုပ်သမား အခွင့်အရေးရဖို့ ဒီနေ့ ဆန္ဒပြနေကြပါတယ်။ စပယ်ပွင့်စက်ရုံ အလုပ်သမားတွေကို လက်ရှိ နေ့စားလုပ်ခပဲ ပေးနေလို့ တစ်လကို သုံးသောင်းနှုန်းနဲ့ လစားအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုနေကြပေမယ့် မပြေလည်သေးဘူးလို့ အလုပ်သမားတစ်ဦး ဖြစ်တဲ့ မခိုင်မြသွယ်က RFA ကိုအခုလို ပြောပါတယ်။

Thursday, May 10, 2012

အိန္ဒိယ လုပ်ငန်းရှင်ကြီးများ မြန်မာတွင် လုပ်ကိုင်ရန် အရှိန်မြှင့်လာ

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ မသွားရောက်မီတွင် အိန္ဒိယ
ကော်ပိုရေးရှင်းများ၏ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုများ အရှိန်မြှင့်လာနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံ ချို့တဲ့မှုနှင့် နိုင်ငံရေး မရေရာမှုများကြောင့် အိန္ဒိယကုမ္ပဏီများအတွက် သွားရောက် ရင်းနှီးမြှုပ်နှံရန် နှောင့်နှေးခဲ့ရသော်လည်း ယခုအခြေအနေတွင်မူ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ONGC Videsh ရေနံကုမ္ပဏီက ယူဆသည်။

ဆံပင်တုစက်ရုံမှ ဆန္ဒပြ လုပ်သားများ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၄) က Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမား ၁၇၀၀ ကျော်က အခြေခံလစာ တိုးပေးရေးနှင့် အလုပ်သမားခံစားပိုင်ခွင့်များရရှိရေး တောင်ဆိုမှုကို စက်ရုံပိုင်ရှင်ဖက်က လိုက်လျောသဖြင့် ပြေလည်မှု ရှိသွားပြီဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။ မူလကရရှိသော အခြေခံလစာ ၈ ထောင်ကျပ်ကို အလုပ်သမားများက ၃ သောင်းကျပ်ထိ တိုးမြှင့်ပေးရန်တောင်းဆိုမှုအပါအဝင် အခြေခံတောင်းဆိုချက်များကို ယနေ့မွန်းလွဲပိုင်းက လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်း ဆောင် ၇ ဦးနှင့် အလုပ်ရှင် ကိုယ်စားလှယ်
 ဒေါ်နန်းသောင်းရင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူလိုက်ခြင်းဖြစ်သည်။

လစာဆွေးနွေးမှု အလုပ်သမ ၁၅၀၀ နေပူထဲ ရပ်စောင့်ရ

လှိုင်သာယာ မြို့နယ်ရှိ High Art ဆံပင်တု စက်ရုံ အလုပ်သမား ၁၅၀၀ ကျော်သည် အခြေခံလစာ ၈ ထောင်ကျပ် အစား ၃ သောင်း ကျပ်အထိ တိုးမြှင့်ပေးရန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ရှေ့တန်း ကြီးကြပ်ရေးရုံးရှေ့တွင် အလုပ်ရှင်၊ အလုပ်သမားဝန်ကြီးဌာနတို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးမှုကို မနက် ၉ နာရီကျော်မှ စတင်ကာ မွန်းလွဲ ၂ နာရီအထိ အမိုးအကာမဲ့ လမ်းမပေါ်တွင် စောင့်ဆိုင်းနေကြကြောင်း အလုပ်သမားများကပြောသည်။
အလုပ်သမား ခေါင်းဆောင်တဦးက “သူတို့ဘက်က အချိန်ဆွဲပြီး ဆွေးနွေးနေတာဟာ နေပူထဲမှာ အစာငတ်ရေငတ်နဲ့ စောင့်ဆိုင်းနေကြတဲ့ ကျမတို့ အလုပ်သမားတွေကို တမင်ညှဉ်းဆဲနေတယ်လို့ ထင်တယ်” ဟု ပြောသည်။
သုံးပွင့်ဆိုင် ဆွေးနွေးမှုတွင် အလုပ်သမားခေါင်းဆောင် ၇ ဦးက ဦးဆောင် ဆွေးနွေးနေကြပြီး ပြေလည်မည့်အချိန်ကို မသိရှိရသေးကြောင်း သိရသည်။

by; ကျော်ခ Irrawaddy

Wednesday, May 9, 2012

Grand Royal စက်ရုံလုပ်သားများ သောက်ရေနှင့် ကြိုပို့ယာဉ် တောင်းဆို

ရန်ကုန်တိုင်း၊ ရွှေပြည်သာ စက်မှုဇုန်ရှိ Grand Royal အရက် ထုတ်လုပ်သည့် စက်ရုံမှ လုပ်သားများက သောက်ရေ အလုံအလောက်ရရှိရေး၊ ကြိုပို့ယာဉ် ထားရှိပေးရေးနှင့် အခြေခံ လစာကိစ္စတို့နှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ ဗုဒ္ဓဟူးနေ့က တင်ပြတောင်းခံမှုများ ပြုလုပ်ထားကြောင်း အလုပ်သမားများ ကိုယ်စား Bottling အုပ်စုမှ ကိုဝင်းဇော်မင်းက ပြောသည်။

လှိုင်သာယာ Hi-Mo ဆံပင်တုစက်ရုံ အလုပ်သမားများ ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo ဆံပင်တုစက်ရုံမှ အမျိုးသမီး အလုပ်သမား များ ၂၀၀ ကျော်သည် အချက် ၇၈ ချက်ပါ တောင်းဆိုချက်များ ရရှိရန်အတွက် မရမ်းကုန်းမြို့နယ်ရှိ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးသို့ ဗုဒ္ဓဟူးနေ့ နံနက်က လာရောက် အရေးဆိုကြသည်။အမျိုးသမီး အလုပ်သမားပေါင်း ၁,၈၀၀ ခန့် ရှိသည့် ကိုရီးယားအမျိုးသားပိုင် Hi-Mo စက်ရုံမှ အလုပ်သမားများသည် လက်ရှိ အခြေခံလစာ ၈,၅၀၀ မှ ၃ သောင်းခွဲထိ တိုးမြှင့် ရရှိရေးအပါအဝင် အလုပ်ချိန်၊ ခွင့်ရက်၊  အချိန်ပိုကြေးတို့အပြင် ကျန်းမာရေးနှင့် အခြား လူမှုဖူလုံရေးတို့ကို တောင်းဆိုထားကြောင်း ဆန္ဒပြနေသည့် မကေခိုင်ဦး က မဇ္ဈိမကို ပြော သည်။

Tuesday, May 8, 2012

ရဲက လယ်သိမ်း၍ သမ္မတနှင့် ILO ထံတိုင်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ လယ်သိမ်းခံ တောင်သူလယ်သမားများက ရဲက သိမ်းသွားသော ၄င်းတို့၏ လယ်မြေများ ပြန်ရရေးအတွက် နိုင်ငံတော်သမ္မတနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ ယမန်နေ့က တိုင်ကြားလိုက်သည်။ ကန့်ဘလူမြို့နယ် ကိုင်းတော်နှင့် လိပ်တူရွာမှ လယ်မြေဧက ၄၀ ကျော်ကို ကန့်ဘလူ ရဲစခန်းပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပြီး အဆိုပါ လယ်မြေများကို တခြားတောင်သူများအား သီးစားပြန်ချ၍ ငှားရမ်းနေသောကြောင့် မူလ လယ်ပိုင်ရှင်များက လယ်ယာမြေများ ပြန်ရလိုခြင်းဖြစ်သည်။

ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား

ဘန်ကောက် မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးမပေးတော့ဘူး………. ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ယာယီပါတ်စပို့ကိစ္စ၊ အလုပ်လုပ်ခွင့် လက်မှတ်(work permit) ကိစ္စနဲ့ အလူးအလိမ့်ခံနေကြရတာကို လူသိ နတ်သိဖြစ်တယ်။ အဲဒါတွေမလုပ်ရင်  ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်လို့ မရတာကြောင့် မလုပ်ချင်ပေမယ့် လုပ်နေကြရတာဖြစ်တယ်။ မြန်မာအလုပ်သမားတွေဟာ အန္တရာယ်များတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်နေကြရတာဖြစ်ပါ တယ်။ စပယ်ရှယ်စားပြီး စတိုင်ကျကျ လုပ်ကိုင်ကြရတာမဟုတ်ဘူး။ ဒါပေမယ့် ဒီလူတန်းစားကို ထိုင်း/မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်လို့ ကောင်းတဲ့လူတန်းစား အဖြစ် သတ်မှတ်ထားတယ်။ အလုပ်သမား ၄သန်းဆိုတဲ့ ရင်းမြစ်ကြီး
ကသွားရည်ယိုလောက်တယ်လေ။ ဒီလိုပြောရခြင်းဟာ ပြောသင့်လို့ပြောခြင်းဖြစ်တယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောခြင်း မဟုတ်ဘူး။ ပတ်စပို့လုပ် WP လုပ် ရက်ပေါင်း ၉၀ ဧည့်စါရင်းတိုင် နဲ့ မြန်မာအလုပ်သမားတွေ ကျွန်ခံသမျှ ပိုက်ဆံတွေ ထိုင်းမှာကုန်နေကြပြီဖြစ်တယ်။

   

တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် အကုန်အကျများလွန်းလို့ သေလုမျောပါး ဖြစ်နေ ကြရတဲ့ မြန်မာအလုပ်သမား
တွေကို အရင်တုန်းက  မြန်မာအစိုးရ ၀ါဇီစက်က ထုတ်လုပ်ခဲ့တဲ့ အနီရောင် အဖုံးနဲ့ ယာယီ ပတ်စပို့ တစ်အုပ်ကို ဘတ်ငွေ ၁၀၀ နုန်းထားနဲ့ထုတ်ပေးခဲ့တယ်။ စာအုပ်၂ နှစ်သက်တမ်း ကုန်သွားတော့ စာအုပ်သက်တမ်းတိုးခ အဖြစ် မြန်မာသံရုံးက
 ယူတာက ဘတ် ၁၅၀ ပေးရ ပါတယ်။ မြန်မာသံရုံးက စတေကာ ကပ်ပြီး လုပ်ပေးတာကြောင့် မြန်မာအလုပ်သမားတွေ ကိုယ်တိုင် လာစရာမလိုပဲ အခြားလူနဲ့  ထည့်ပေးလိုက်ရုံနဲ့ အလုပ်ဖြစ်တယ်။ ကြားပွဲစားတွေလည်း စာအုပ်တစ်အုပ်ကို ဘတ် ၅၀ ဒါမှမဟုတ် ဘတ်၁၀၀ လောက်စီ အမြတ်ယူပြီးလုပ်ပေးကြတယ်။ ဘာပဲပြောပြော အလုပ်သမားတွေ အလုပ်လည်း မပျက်ဘူး။

ILO အဖွဲ့ မြန်မာ့ အလုပ်သမားအရေး လေ့လာ


အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO အုပ်ချုပ်ရေး အဖွဲ့ရဲ့ ဉက္ကဌ ဂရက်ဗိုင်း ဉီးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဟာ ပြီးခဲ့တဲ့ သီတင်းပတ် က ပြီးဆုံးသွားပါတယ်။ ဒီခရီးစဉ် အတွင်းမှာ မစ္စတာဗိုင်း ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ ထိတ်တန်းဝန်ကြီးတွေ၊ လွှတ်တော် ဉက္ကဌ၊ ကာကွယ်ရေး ဉီးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ကုန်သည်ကြီးများ အပြင် အလုပ်သမား အရေး လှုပ်ရှားသူတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ် ရဲ့ ရည်ရွယ်ချက် ကတော့ ILO နဲ့ မြန်မာ အစိုးရ သဘောတူ ထားတဲ့ နားလည်မှု စာချွန်လွှာ အရ၊ မြန်မာ ဘက်က လိုက်နာ ဆောင်ရွက်ခြင်း ရှိမရှိ ဆိုတာကို လာရောက် လေ့လာ အကဲခတ်တာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ

ရွှေပြည်သာရှိ အုတ်ဖုတ်အလုပ်သမား ၃ သောင်းကျော် အခက်အခဲဖြစ်

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ်အတွင်းရှိ အုတ်ဖုတ် လုပ်ငန်းများကို တရားမဝင် လုပ်ငန်းအဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းရန် ညွှန်ကြားခဲ့ခြင်းကြောင့် ယင်းလုပ်ငန်းကို မှီခိုနေရသူ အလုပ်သမား သုံးသောင်းကျော် စားဝတ်နေရေး အတွက် အခက်တွေ့ နေကြောင်း အုတ်ဖုတ် လုပ်ငန်းရှင်များနှင့် အလုပ်သမားတို့က မီဒီယာများကို ယနေ့ ပြောဆိုလိုက်သည်။ တိုက်ကြီးမြို့ ကျေးရွာ တစ်ခုမှ အုတ်ဖုတ်သမားအဖြစ် လာရောက် လုပ်ကိုင်သူ အသက် ၂၅ နှစ်အရွယ် ဦးစိုးလွင်ဦးကလည်း "သားက သူငယ်တန်း တက်နေတယ်။ အုတ်လုပ်ငန်း မလုပ်ရတော့ဘူး ဆိုရင်တော့ ကျောင်းဆက် မထားနိုင်တော့ဘူးဗျာ" ဟု ညီးညူ ပြောဆိုသည်။

Monday, May 7, 2012

မလေးရှားရှိ မြန်မာအလုပ်သမားတဦး ကားတိုက်ခံရသဖြင့် ကူညီလိုက တတ်နိုင်သလောက် ကူညီနိုင်ပါရန်

မင်္ဂလာပါ
ဒီနေ့ ကျွန်တော်တို့ထံလာရောက်အကူညီတောင်းထားတဲ့ ကိစ္စတစ်ခုကို မလေးရှားရောက်မြန်မာ ညီအကိုမောင်နှမအားလုံးသိနိုင်ရန် ကျွန်တော် ဘလော့ရေးပြီး အကူညီတောင်းပါတယ်ခင်ဗျာ ။
အကြောင်းက ပီနန်း တွင် လာရောက်လုပ်ကိုင်နေသော မြန်မာ အလုပ်သမား မောင်ဇင်အောင်စိုးဟာ ပြီးခဲ့တဲ့ 5.1.2012 က အလုပ်မှဆိုင်ကယ်စီးပြန်လာစဉ် အရှိန်ပြင်းမောင်နှင်လာသော ကားတစ်စီးမှ စက်ချို့ရွင်းပြီး မောင်ဇင်အောင်စိုးကို ဝင်ရောက်တိုက်မိခဲ့ပါတယ် ။ ထိုသို့အတိုက်ခံရတဲ့ မြန်မာ အလုပ်သမားလေး မောင်ဇင်အောင်စိုးမှာ ထိုနေရာမှာပင် သတိမေ့ ခဲ့ပြီး အရေးပေါ်အခြေအနေဖြင့်

Saturday, May 5, 2012

ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ ဆန္ဒပြနေ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့ဒေသရှိ လယ်ယာစက်မှု ပစ္စည်းထုတ်လုပ်တဲ့ Fly Star စက်ရုံမှာရှိတဲ့
မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၂) ဦးဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုးအတွက် လုပ်အားခထဲက ဖြတ်တောက်ခဲ့တာ
ကြေသွားပြီဖြစ်ပေမယ့် သူတို့ပိုင်ဆိုင်တဲ့ ပတ်စပို့ကို လုပ်ငန်းရှင်ဖြစ်သူက ပြန်ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ဒီအလုပ်သမားတွေဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုး ကုန်ကျငွေကို လုပ်အားခထဲကနေ တလ ၄၀၀၀ ဖြတ်ခဲ့တာမှာ ပြည့်ပြီးခဲ့ပေမယ့် အခုအချိန်အထိ ပတ်စ်ပို့ကို လုပ်ငန်းရှင်က ထုတ်မပေးပဲ နေတာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ ရဲကစစ်လို့ ပတ်စပို့

မဲဆောက်မြို့ ဆန္ဒပြချန်ပီယံသိုးမွှေးစက်ရုံ မြန်မာလုပ်သားများ တောင်းဆိုချက် ရရှိ

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ ချန်ပီယံ သိုးမွှေးစက်ရုံလို့ လူသိများတဲ့ FT Fashion အထည်ချုပ်နဲ့ သိုးမွှေးစက်ဆွဲ အလုပ်ရုံမှာ မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေက အလုပ်သမားတွေ အလုပ်မဆင်းဘဲ တစ်နေ့ ၈ နာရီအလုပ်လုပ်ချိန် သတ်မှတ်ပြီး လုပ်အားခ ၁၅၅ ဘတ်နှုန်း တိုးပေးရေး ဆန္ဒပြ တောင်းဆိုခဲ့တဲ့အတွက် ဒီကနေ့ အလုပ်ရှင် အလုပ်သမား ပြေလည်မှုရသွားပြီလို့ စုံစမ်းသိရှိရပါတယ်။ ချန်ပီယံခေါ် FT Fashion သိုးမွှေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော်က မတ်လ ၂ ရက်နေ့က စတင်ပြီး တစ်နေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်ပြီး အချိန်ပိုကြေးနဲ့ လုပ်အားတိုးပေးဖို့ အလုပ်မဆင်းဘဲ ဆန္ဒပြ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ

ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ပပျောက်အောင်
 ဆောင်ရွက်ဖို့ တပ်မတော်ကို ညွှန်ကြားမယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ကို ကတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုတွေ လုံးဝ ပပျောက်အောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ILO ကြားမှာ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် အဲဒီ
သဘောတူညီချက်အတိုင်း အပြည့်အဝ ဖြစ်မလာဘဲ ၂၀၁၅ အလွန်မှာ အဓမ္မခိုင်းစေမှုတွေ ဆက်လက်ရှိနေမယ်ဆိုရင် ILO အနေနဲ့ ဘယ်လိုဆောင်ရွက်မလဲလို့ ဦးသက်ဝေက မေးတဲ့အခါ ILO ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေဘောင်အတိုင်း အရေးယူမယ်လို့
ပြန်လည်ပြောဆိုကြောင်း ဦးသက်ဝေက ပြောပါတယ်။

မဲဆောက်မြို့ ချန်ပီယံသိုးမွှေးအထည်စက်ရုံမှ မြန်မာအလုပ်သမား (၅၀၀)ကျော် ဆန္ဒပြ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဈေးကြီး အနောက်ဘက်ခြမ်းရှိ S.D Fashion ကုမ္ပဏီလီမိတက် ချန်ပီယံသိုးမွှေး အထည်စက်ရုံမှ မြန်မာ
အလုပ်သမား (၅၀၀)ကျော်သည် လုပ်အားခ တိုးမြှင့်ပေးရန် ယမန်နေ့ နံနက်ပိုင်းမှ ယနေ့အထိ အလုပ်ရှင်အား တောင်းဆို ဆန္ဒပြခဲ့ကြသည်။၎င်းအလုပ်သမားများအနေဖြင့် ထိုက်တန်သည့်လုပ်အားခတိုးမြှင့်ပေးရန် တောင်းဆိုရာတွင် အလုပ်ရှင် ဘက်က မလိုက်လျောသည့်အ ပေါ် ယခုလို ဆန္ဒပြ တောင်းဆိုရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ အလုပ်သမား ကိုလှဌေးက ပြောသည်။

ကမ္ဘာ့ အလုပ်သမား နေ့မှာ စက်ရုံ တချို့ ပိတ်ခွင့်မရ

၁၂၂ ကြိမ်မြောက် ကမ္ဘာ့ အလုပ် သမားနေ့လို ရုံးပိတ်ရက်တွေမှာ ရန်ကုန်မြို့က စက်ရုံတွေဖြစ်တဲ့ ယူနီ ကာလာ ဗလာ စာအုပ် စက်ရုံ၊ ဒဂုံ ဗလာစာအုပ် စက်ရုံ၊ တောင်ဒဂုံကြိမ်နှင့် ပရိဘောဂ စက်ရုံ နဲ့ တခြား စက်ရုံ တချို့ အလုပ် ပိတ်ခွင့် မရခဲ့ ဟု စက်ရုံ အလုပ်သမား တဦးက ပြောပါသည်။vဘာကြောင့်မပိတ်ခဲ့တာလည်း အတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ ကျနော်ထင်တယ် အာဏာပိုင်တွေက မေဒေးနေ့အ တွက် ကျင်းပမဲ့ပွဲတွေမှာ လူတွေ အများကြီး စုပြုံလာမှာကို မလိုလားလို့ဖြစ်မယ်၊ အဲဒါကြောင့် အလုပ် မပိတ်ပေးတာ ထင်တယ်” ဟု အလုပ်သမားတဦးက ပြောပါတယ်။

Friday, May 4, 2012

PTTEP ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း လုပ်သားများ သုံးရက်ကြာ ဆန္ဒပြမှု ပြေလည်

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက် ဒေသတွင် သဘာဝ ဓာတ်ငွေ့ တူးဖော်ခွင့် ရထားသည့် ထိုင်းနိုင်ငံ အခြေစိုက် PTTEP ကုမ္ပဏီ၏ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်း တွင် လုပ်ကိုင်နေသော အလုပ်သမား ၇ဝ ခန့်ကို အလုပ်ထုတ် လိုက်သဖြင့် ဧပြီလ ၂၈ ရက်နေ့မှ စတင်ကာ သုံးရက်ကြာ ဆန္ဒပြ ခဲ့ပြီးနောက် လုပ်ခ တိုးပေး သဖြင့် ပြေလည် မှု ရရှိသွားပြီ ဖြစ်ကြောင်း
 ဒေသခံ အလုပ်သမားများထံမှ စုံစမ်းသိရှိ ရသည်။

Thursday, May 3, 2012

အလုပ်ရှင် နှင့် အလုပ်သမား ကြားထဲက ကွာဟမှူများ

အလုပ်ရှင် နဲ့ အလုပ်သမား ကြားထဲမှာ အမြဲလိုလို ပြသနာရှိနေတတ်ပါတယ် … အသေးအဖွဲ ကိစ္စမှစပြီး ကြီးကြီးမားမား ပြသနာ အထိပါ ။ အလုပ်ရှင်ကတော့ မိမိလုပ်ငန်း အကျိုးမြတ်များများနဲ့ ပိုမိုဖြစ်ထွန်းအောင် လည်ပတ်စေချင်တယ် … အမြတ်ငွေများများ လက်ကျန်ရှိစေချင်တယ် … လုပ်ငန်းတွေ အောင်အောင်မြင်မြင်တိုးချဲ့ ချင်တယ်….။ ဒါမှလည်း သူ့ အတွက် ကိုက်မှာကိုး ။ အလုပ်ရှင်တိုင်းက ငွေပင် ငွေရင်းနဲ့ ချမ်းသာတဲ့ မျိုးရိုးက လာတာမဟုတ်ပါဘူး … ။ တချို့ အလုပ်ရှင်တွေဆို အလုပ်သမား ဘ၀က နေ အဆင့်ဆင့်ဖြတ်သန်းပြီး ဘ၀အကျိုးပေးကောင်းချိန်နဲ့ ကြိုးစားအားထုတ်မှူ ထပ်တူကျတဲ့ အချိန်မှာ အလုပ်ရှင်ဖြစ်လာတာပါ … ။ အဲ့ဒီလို လူမျိုးဟာ အလုပ်သမား ဘ၀လည်း ပိုင်ဆိုင်ခဲ့ဖူးတာမို့ ….. အလုပ်သမားတွေရဲ့

ရန်ကုန်တွင် တန်ဖိုးနည်း အိမ်ရာများအပါအ၀င် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်တော့မည်

တန်ဖိုးနည်း အိမ်ရာများအပါအ၀င် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှ သိရသည်။ ယင်းလွှတ်တော် အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ကြည်ကြည်မာ၏ ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ဒိုကြီးများဖြင့် မြို့တော်ကို အလှဆင်သကဲ့သို့ အခြေခံလူတန်းစားများအတွက် မြို့တွင်းနှင့် ဆင်ခြေဖုံးမြို့နယ်ရှိ စည်ပင်သာယာပိုင် မြေကွက်ပေါ်တွင် တန်ဖိုးနည်း တိုက်ခန်းတွဲကြီးများ ဆောက်လုပ်၍ ရောင်းချခြင်း၊ နှစ်ချုပ်ဖြင့် အငှားချထားခြင်း စသည့် အစီအစဉ်များကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားခဲ့ပါသည်။

 မေလ ၂ ရက်နေ့တွင် မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ MGS စက်ရုံဝန်ထမ်း ၄၀၀ ကျော်မှ ဆန္ဒပြမှုတစ်ခုပြုလုပ်ခဲ့

မေလ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲမှစ၍ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ MGS(Myanmar Golden Star) Company Limited စက်ရုံရှိ ၀န်ထမ်း ၄၀၀ ကျော်မှ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒပြမှုမှာ စက်ရုံဝန်ထမ်းများမှာ ၎င်းတို့ကို လစာငွေအပြင် ငွေကျပ် ၃၀၀၀၀ တိုးပေးရန် ကုမ္ပဏီထံ တောင်းခံခဲ့ရာ ကုမ္ပဏီမှ အပြည့်အ၀ လိုက်လျောမှုမရှိခဲ့သောကြောင့် ယနေ့ည(မေလ ၂ ရက်နေ့) ၇ နာရီအချိန်အထိ ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲသို့ လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတို့မှ လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း စက်ရုံဝန်ထမ်းများအနေဖြင့် လက်ခံသဘောတူညီမှု မရရှိသောကြောင့် မေလ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ဆန္ဒပြမှုများ ထပ်မံပြုလုပ်မည်ဟု သိရသည်။

by; EMG

ပြည်ပမှ မော်တော်ယာဉ်စက်ရုံ လာရောက်တည်ထောင်လိုသည့် ကုမ္ပဏီ(၇)ခုရှိကြောင်း စက်မှုဝန်ကြီးပြောဆို

ကျော်ဇင်မန်း(မြစ်မခ)
ဧပြီ(၂)ရက်၊၂၀၁၂ခုနှစ်။

ပြည်ပမော်တော်ကားကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်စက်ရုံများလာရောက် တည်ထောင်ခွင့် တောင်းထား သော ကုမ္ပဏီ(၇)ခုခန့်ရှိပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဌ ဦးစိုးသိန်းက နေပြည်တော်စက်မှုဝန်ကြီးဌာနတွင်ပြုလုပ်သော သတင်းထောက်များနှင့်တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

Wednesday, May 2, 2012

အလုပ်သမား​များ​ဘဝ မ​ပြောင်း​လဲ​သေး​ဟုဆို


လွန်ခဲ့​တဲ့​ တနှစ်အတွင်း​ နိုင်ငံ​ရေး​အ​ပြောင်း​အလဲ​တွေ ဖြစ်ခဲ့​တယ်လို့​ ဆိုကြ​ပေမယ့်​ အလုပ်သမား​တွေ ဘဝက​တော့​ အရင်အတိုင်း​ မ​ပြောင်း​လဲ​သေး​ဘူး​လို့​ အလုပ်သမား​ အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက ​ပြောပါတယ်။အလုပ်သမား​တွေ ဘဝ တိုး​တက်​ပြောင်း​လဲလာဖို့​ဆိုရင်၊​ အလုပ်သမား​တွေရဲ့​ လုပ်ခလစာက​နေ၊​ အလုပ်သမား​ဥပ​ဒေ၊​ ​နောက် တရား​ရုံး​တွေ သမာသမတ်ကျဖို့​ အထိ အ​ပြောင်း​အလဲ​တွေ လိုအပ်​နေ​သေး​တယ်လို့​ အလုပ်သမား​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက ​ပြောကြပါတယ်။ မြန်မာပြည်က အလုပ်သမား​တွေ လက်ရှိရ​နေတဲ့​ လုပ်ခဟာ အ​ခြေခံ စား​ဝတ်​နေ​ရေး​ လိုအပ်ချက်ကို​တောင် မဖြည့်​ဆည်း​နိုင်​သေး​ဘူး​လို့​ အလုပ်သမား​ အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က ​ပြောပါတယ်။

အဓမ္မအလုပ်ခိုင်း​စေမှု ၂၀၁၅ မှာ ပ​ပျောက်​အောင်လုပ်မည်ဟု သမ္မတ​ပြော

လာမယ့်​ ၂၀၁၅ ခုနှစ်မှာ အဓမ္မ အလုပ်​စေခိုင်း​မှု​တွေ မြန်မာပြည်မှာ လုံး​ဝပ​ပျောက်သွား​စေဖို့​ စတင် ​ဆောင်ရွက်​နေပြီလို့​ မြန်မာသမ္မတ ဦး​သိန်း​စိန်က ​မေလ ၁ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ ကမ္ဘာ့​ အလုပ်သမား​နေ့​ အထိမ်း​အမှတ်​ပေး​ပို့​တဲ့​ သဝဏ်လွှာမှာ ထည့်​သွင်း​ပြောကြား​လိုက်ပါတယ်။ သမ္မတဦး​သိန်း​စိန်က ဒီမိုက​ရေစီစနစ်အရတာဝန်ယူခဲ့​တဲ့​ အစိုး​ရသစ်သက်တမ်း​ တနှစ်​ကျော် ကာလဖြစ်လို့​ နိုင်ငံမှာ တရား​မ်ွတ လွတ်လပ်ညီမ်ွခြင်း​ဆိုတဲ့​ ​လောကပါလတရား​တွေ ပိုထွန်း​ကား​စေဖို့​ အဓမ္မခိုင်း​စေမှု​တွေ မြန်မာနိုင်ငံ တဝန်း​လုံး​မှာ လုံး​ဝပ​ပျောက်သင့်​ပြီလို့​ ဆိုပါတယ်။အဓမ္မခိုင်း​စေမှုမှာ မည်သူ တဦး​တ​ယောက်ထံကမဆို ကာယကံရှင်ရဲ့​ဆန္ဒမပါဘဲ လုပ်အား​ကို ခြိမ်း​ခြောက်ပြီး​ အတင်း​အကျပ် ရယူအသုံး​ပြုတဲ့​ အလုပ်​တွေနဲ့​ဝန်​ဆောင်မှု​တွေ ပါဝင်တယ်လို့

Tuesday, May 1, 2012

မဲဆောက်မြို့ မေဒေးနေ့ အစီအစဉ် ထိုင်းနှင့် မြန်မာ ပူးပေါင်းကျင်းပ

ယနေ့ကျရောက်သည့် ၁၂၂ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ထိုင်းမြို့ ခံများနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂,၀၀၀ကျော် ပူးပေါင်းကာ မဲဆောက်မြို့အတွင်း စီတန်းလှည့်လည် ချီတက်ခဲ့ကြသည်။ မေဒေးနေ့ ချီတက်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးနှင့် စက်မှုလုပ်ငန်းရှင်များက ဦးစီး ပြီး ဂုဏ်ပြုချီတက်သူများက မဲဆောက်မြို့မ ရဲစခန်း(ပုလိပ်ရုံး)မှ မေဒေးနှင့် သက်ဆိုင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်း၊ ဘင်ခရာတီး မှုတ်ခြင်း၊ ဒိုးပတ်တီးကာ ကခုန်ခြင်းတို့ဖြင့် ၀ိထရာခွန် အထက်တန်းကျောင်းရှိရာသို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

အလုပ်သမားဆိုင်ရာ ဥပဒေများ စုစည်းမှု


အောက်တွင် ဖော်ပြမျဉ်းသားထားသော Link များတွင် ဖတ်ရှုနိုင်ပါရန်...


အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁၊ အောက်တိုဘာ ၁၁)

ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ (၂၀၁၁၊ ဒီဇင်ဘာ ၂)

အလုပ်သမားရေးရာ အငြင်းပွါးမှုဖြေရှင်းရေး ဥပဒေ (၂၀၁၂၊ မတ် ၂၈)

အနည်းဆုံး အခကြေးငွေ ဥပဒေ ၂၀၁၂ မူကြမ်း


မှတ်ချက်။       ။ အသက်ဝင်နေသေးသော ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် နှင့် တပ်မတော်အစိုးရလက်ထက်တို့တွင် ပြဌာန်း ပြုပြင်ခဲ့သော အလုပ်သမား အလုပ်ရုံဆိုင်ရာ ဥပဒေများကို ထပ်မံစုဆောင်းတင်ပြသွားပါမည်။


အယ်ဒီတာအဖွဲ့

ဒီမိုကရေစီရဲ့ ကောင်းကျိုးတခုတော့ လက်တွေ့ ခံစားလိုက်ရပါပြီ


ပြည်ပသို့ အိမ်အကူအဖြစ် စေလွှတ်ပါက ထိရောက်စွာ အရေးယူမည် ဆိုတဲ့ ဆောင်းပါးကို The Voice weekly မှာ ဖတ်ရတော့ သိပ်ကို ဝမ်းသာသွားပါတယ်။ မြန်မာတွေဟာ အိမ်ဖော် အဆင့်အတန်း မဟုတ်ဘူး ဆိုတာကို ပြသနိုင်လိုက်တဲ့ နိုင်ငံဂုဏ်ပါပဲ။
နိုင်ငံခြားတိုင်းပြည်တွေမှာ မြန်မာအလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်ပေးတဲ့ သဘောလည်း ဖြစ်သွားပါတယ်။ အခြားတဘက်မှာ ဖြစ်လာတဲ့ကောင်းကျိုးကတော့ ပြည်တွင်းမှာ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့ အခြေအနေကောင်းတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာသာ စံချိန်မီ အလုပ်တွေ လုပ်နိုင်ရင် နိုင်ငံခြား ဆိုတာ အလည်အပတ်သွားဖို့၊ တချို့ စာသင်ဖို့လောက်သာ ဖြစ်သွားမှာပါ။

၂၀၁၂ ခုနှစ်၊ မေဒေးနေ့အတွက် ထုတ်ပြန်သော မြို့ပြလိင်လုပ်သားများစာတမ်း

တိုင်ရီ ဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း
Tai Yi Shoes Factory
Basic Labour Organization
ရုံး - အမှတ်-၁၈၅၊ ၃-လွှာ၊ (ညာ) ဘက်၊ အတွင်းခန်း၊ အခန်း (၂)၊ ၃၈-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁-၃၈၉၂၉၆

၂၀၁၂ ခုနှစ်၊ မေဒေးနေ့အတွက် ထုတ်ပြန်သော မြို့ပြလိင်လုပ်သားများစာတမ်း      

ကမ္ဘာ့အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုပါ၏

ယနေ့သည် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သော မေလ (၁)ရက်နေ့ဖြစ်ပါသည်။  ၁၈၈၉ မှ ၂၀၁၂ ထိ(၁၂၃) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော ကမ္ဘာ့အလုပ်သမားနေ့ ကို ဂုဏ်ပြုသောအားဖြင့် အလုပ်သမားနေ့ စတင်ပေါ်ပေါက်လာစေသည့် အကြောင်းတရားများနှင့် သမိုင်းအကျဉ်းချူပ်ကို http://wikimyanmar.co.cc မှ ကောက်နုတ်၍ တင်ပြအပ်ပါသည်။

ပထက်ကျွန်းက ပြည့်ဖြိုးထွန်း ငါးလုပ်ငန်းခွင်

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ပထက်ကျွန်း ၊ပြည့်ဖြိုးထွန်းတန်(၁၀၀၀)ဆန့် အအေးခန်း စက်ရုံတွင်အလုပ်သမား(၁၀၀၀)ခန့် သည်နေ့စဉ်နံနက်(၈)နာရီမှနေ့လည်(၁၂) နာရီထိ၊နေ့လည်(၁)နာရီမှည(၈)နာရီထိ၊တစ်ရက်အလုပ်ချိန်(၁၁)နာရီတိတိ
လုပ်ကိုင်ပေးနေရပါတယ်။တစ်နှစ်လျှင်မြန်မာသင်္ကြန်(၅)ရက်နှင့်တရုတ်သင်္ကြန် (၂)ရက်၊စုစုပေါင်း(၇)ရက်ကိုအလုပ်ပိတ် ရက်များ အဖြစ်ကုပ္မဏီကသတ်မှတ်ပြီး ကျန်ရက်ပေါင်း(၃၅၀)ကျော်ကိုအလုပ်ဖွင့်ရက်များအဖြစ်ကုပ္မဏီကသတ်မှတ်ထားတာဖြစ်ပါတယ်။
အလုပ်ချိန်အတွင်းအချင်းချင်းစကားပြောခြင်း၊ပါးစပ်ထဲတွင်သကြားလုံးငုံထားခြင်း ပြုလုပ်တွေ့ရှိပါကဒဏ်ငွေ(၁၀၀၀)ကျပ်ကိုလစာမှဖြတ်နေပါတယ်။ လုပ်ငန်းတွင်ခေါင်းဆောင်ခန့်ထားသူများသည်ကုပ္မဏီမန်နေဂျာကျေနပ်အောင်၊ ၄င်းတို့နေရာမြဲအောင်လက်အောက် အလုပ်သမား