Saturday, July 28, 2012

တရားမဝင် အလုပ်သမားများ တရားဝင်ရေး ထိုင်း-မြန်မာ သဘောထားပေး

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရတို့၏ ခန့်မှန်း ထားချက်အရ ထိုင်းနိုင်ငံတွင်း၌ တရားမဝင် မြန်မာ အလုပ်သမား တစ်သန်းခန့် ရှိနေသေးကြောင်း ထိုင်း အလုပ်သမား ဝန်ကြီး ဌာနမှ မီဒီယာများအား ထုတ်ဖော် ပြေကြား ခဲ့ပါသည်။
ထိုင်းအစိုးရသည် ဤအလုပ်သမား များကို မြန်မာနိုင်ငံသို့ ကိုယ့်နည်း ကိုယ်ဟန်နှင့် ပြန်စေလိုပြီး ယာယီ နိုင်ငံကူး ပတ်စပို့ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည် ၀င်ရောက်စေလိုသည်။  ထိုမှ တဆင့် တရားဝင် အလုပ်သမားများ ဖြစ်လာရန် အဆင့်ဆင့် ဆောင်ရွက်သွားမည်ဟု ထိုင်းဖက်မှ သဘောထားပါသည်။ သို့မဟုတ်ပါက တရားမ၀င် ခိုးဝင်မှုများကို အားပေးသလို ဖြစ်နေမည်ဟု ဆိုထားပါသည်။


Wednesday, July 25, 2012

ပစ်သတ်ခံရသည့် အလုပ်သမား အသုဘပို့အပြန် ထိုင်းရဲက ထပ်မံဖမ်းဆီး

စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာမြို့ရှိ CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမားမှ ဇူလိုင်လ ၂၄ ရက်နေ့ ညက လာရောက် ပစ်ခတ်ခဲ့သည်၍ အလုပ်သမား နှစ်ဦး သေဆုံးခဲ့ရသည်ဟု စက်ရုံ အလုပ်သမားတဦး ဖြစ်သည့် ကိုထွန်း က ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် မြဝတီမြို့ ဇာတိဖြစ်သူ မစံပယ်ဖြူ (၂၆ နှစ်)မှာ အနောက်ဘက်မှ အပစ်ခံရသဖြင့် ကျောကုန်း
ပေါက်ကာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။


ဂျပန် အလုပ်သမားများသမဂ္ဂ မြန်မာ အလုပ်သမားအရေး ကူညီမည်ဟုဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ ဂျပန်နိုင်ငံ မီးရထား အလုပ်သမားများ သမဂ္ဂသည် နောင်တွင် ဖွဲ့စည်းမည့် မြန်မာနိုင်ငံရှိ သယ်ယူပို့ဆောင်ရေးနယ်ပယ်မှ အလုပ်သမားများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ချိုးဖောက်ခံရမှု မရှိစေရန် ကူညီသွားမည်ဟု အဆိုပါသမဂ္ဂ၏ ဥက္ကဋ္ဌ မစ္စတာ မာဆတ်ဟာရိုတာခဲရိ က ပြောသည်။

“ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေ အားလုံးကိုတော့ အကူအညီ မပေးနိုင်ပါဘူး။ သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားများတွေရဲ့ အခွင့်အရေးများ၊ ရပိုင်ခွင့်ဆိုင်ရာကိစ္စများကို ကူညီပေးသွားမှာပါ” ဟု မြန်မာအလုပ်သမားသမဂ္ဂများ ပေါ်ထွန်းရေး ကြိုးပမ်းနေသူများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံ
ဆွေးနွေးအပြီး မာဆတ်ဟာရို တာခဲရိ က မဇ္ဈိမကို ပြောသည်။


Tuesday, July 24, 2012

ကလေး အလုပ်သမားများ ဆန္ဒပြမှု အောင်မြင်

မန္တလေးစက်မှုဇုန်ရှိVe Ve အချိုရည် စက်ရုံတွင်အလုပ်လုပ်နေသောကလေးအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၀၀ ကျော်သည် လုပ်ခ လစာနှင့် အခွင့်အရေးများ အပြည့်အ၀မရရှိသည့်အတွက် ယမန်နေ့က ထိုင်သပိတ်မှောက်ပြီး 
ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်းသိရသည်။ ယင်းစက်ရုံတွင် အခြေခံ လုပ်ခလစာကိုကျပ် ၁ သောင်းခွဲခန့်သာပေးပြီး ဒဏ်ကြေးနှင့်လစဉ် ဖြတ်တောက် ကြေးများပြင်းထန်သည့်အတွက် အချက် ၁၃ ချက်ကို ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်သည်။

MOU စာချုပ်ဖြင့် လာခဲ့သည့် မြန်မာအလုပ်သမားများ ပွဲစားအလိမ်ခံရ

စံခလပူရီ (မဇ္ဈိမ) ။       ။ မြန်မာ အလုပ်သမား ၅၀ ဦးတို့အား ထိုင်းနိုင်ငံ၌ တကယ် မရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီတခုတွင် အလုပ်သွင်းပေးမည်ဟု ပွဲစားမှ ပြောဆိုပြီး ခေါ်ဆောင်ခဲ့ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် Grass Roots Human Rights Education & Development (GRHRED) အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ် က မဇ္ဈိမကို ပြောသည်။

“ထိုင်းတောင်ပိုင်း ဖူးကက်မြို့မှာ ရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတခုမှာ အလုပ်လုပ်ဖို့ အလုပ်သွင်းပေးမယ် ပြောပြီး
ခေါ်လာတာ။ ဒီရောက်တော့ အဲဒီကုမ္ပဏီမှ တကယ် မရှိဘူး။ သူတို့က လူကုန်ကူးမှု ဘာညာ ဖြစ်မှာစိုးပြီး ကျနော်တို့ဆီ ကို လာတိုင်ထားတယ်” ဟု ဆိုသည်။


Monday, July 23, 2012

ILO ဦးဆောင်သော မြန်မာ့ အလုပ်သမား အဖွဲ့အစည်းများ အလုပ်ရုံ ဆွေးနွေးပွဲ

ILO ဦးဆောင်ပြီး၊ အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များ ပါသော Freedom of Association in Myanmar အလုပ်ရုံ ဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်း၌ ရှိသည့် Summit Parkview ဟော်တယ် Ballroom တွင် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ အထိ ကျင်းပခဲ့ပါသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ လူပေါင်း(၂၈၀) ခန့် တက်ရောက်ခဲ့ပါသည်။ (ရန်ကုန်) အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ချုပ် စက်မှု လက်မှု အကြံပေး အကြီးအကဲ Ross Wilson အပါဝင် အလုပ်ရှင် ကိုယ်စားလှယ်များ ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်သမား ၀န်ကြီးဌာနမှ အရာရှိများ၊ စက်ရုံပိုင်ရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ အလုပ် သမား အဖွဲ့အစည်းများမှ အကျိုးဆောင် ရှေ့ နေများ၊ Yangon Crown Organisation၊ ဆောက်လုပ်ရေးလုပ်သား များ အဖွဲ့၊ Good Family အထည်ချုပ် စက်ရုံ အလုပ်သမားအဖွဲ့ တော်ဝင်မြန်မာ အထည်ချုပ် အလုပ်သမား အဖွဲ့ အပြင် တခြား အလုပ်သမား အဖွဲ့အစည်းများမှ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက် ခဲ့ကြပါသည်။

Ve Ve အချိုရည်စက်ရုံမှ အသက် ၁၆ နှစ်အောက် အလုပ်သမား ၂၀၀ ဦးခန့် ဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံ၏ အချိုရည် ဈေးကွက်အတွင်း ဈေးကွက်ဝေစု အတိုင်းအတာ တစ်ခုအထိ ရရှိထားသော နာမည်ကျော် Ve Ve အချိုရည်စက်ရုံတွင် အသက် ၁၆ နှစ် မပြည့်သူ အလုပ်သမား နှစ်ရာခန့်သည် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေး အတွက် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယနေ့နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ Ve Ve အချိုရည်စက်ရုံ၏ ဝင်းတံခါး အတွင်းဘက်၌ အသက် ၂၀ ကျော် စက်ရုံအလုပ်သမား ၁၀ ဦးကျော်ခန့်က ဦးဆောင်ကာ အသက် ၁၆ နှစ်အောက် အလုပ်သမားများက ၎င်းတို့ တောင်းဆိုထားသော အချက် (၁၄) ချက်ပါ စာရွက်များ ကိုင်မြှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။


Friday, July 20, 2012

အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု သက်ဆိုင်ရာသို့ တင်ပြမည်

မြန်မာနိုင်ငံတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ပေးရေး တောင်းဆိုသည့်
အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ်ခြင်း ခံနေရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ၀န်ကြီးဌာန အလုပ်သမားခုံ သမာဓိရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြသွားရန်ရှိကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့
(ILO) မှ နည်းပညာ ဆိုင်ရာအကြံပေး အရာရှိ ရော့ခ် ၀ီလ်စင်က ပြောသည်။


အလုပ်အတွက် ပေးဆပ်ရမူများ

လူအများစုသည် အလုပ်အကိုင် ရပါက မည်၍မည်မျှ ဝင်ငွေရတော့မည်ကိုသာ စဉ်းစားလေ့ရှိကြသည်။ သို့သော် မိသားစုအား ထောက်ပံ့ရန် အလုပ်အကိုင်ကို အသဲအသန် ရှာကြရသောသူများ၊ ရမိရရာ အလုပ်အကိုင် လုပ်ရသည့် သူများအဖို့ ထို ရရှိသည့် အလုပ်အကိုင်ကပင် ၎င်းတို့အား အလွန်အမင်း အနစ်နာခံရင်ရကာ လုပ်ကိုင်ရသည့် အခြေအနေသို့ ကျရောက်ရလေ့ ရှိကြသည်။ တခါတရံ ထိုအလုပ်က ခေတ်သစ် ကျေးကျွန် အသွင်မျိုးဖြင့် လုပ်ကိုင်နေ ကြရသည်လည်း ရှိကြသည်။

Friday, July 6, 2012

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ

မကြာသေးခင်လတွေအတွင်းက မြန်မာနိုင်ငံ ရန်ကုန်၊ စက်မှုဇုန်သီးသီးမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး တဲ့နောက် အလုပ်အထုတ်ခံရသူတွေ များလာတဲ့အတွက် အလုပ်သမားရေးကို ဖြေရှင်းတဲ့အခါမှာ အလုပ်သမား ၀န်ကြီးဌာနရဲ့ ဖြေရှင်းမှု နည်းလမ်းဟာ အားနည်းချက်တွေရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက် သူတွေက ထောက်ပြကြပါတယ်။ အခုနောက်ဆုံး အလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


ထိုင်းတောင်ပိုင်းရောက် မြန်မာလုပ်သား ၈၀ ကျော် နစ်နာမှုများတောင်းဆို

မြန်မာအလုပ်သမား ၈၀ ကျော် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချနဘူရီ ခရိုင် ဆန်ခဘူရီ မြို့ရှိ P.I.A Trading အထည်ချုပ်စက်ရုံကို ရုတ်တရက်ပိတ်ခြင်းကြောင့် မြန်မာအလုပ်သမားတို့က နစ်နာမှုများရှိသည်ဟုဆိုကာ ကူညီဖြေရှင်းပေးရန် ထိုင်းမြန်မာ မဟာမိတ် ဖောင်ဒေးရှင်းသို့ ဇူလိုင်လ ၄ ရက်နေ့တွင် တိုင်ကြားစာပေးပို့လာသည်ဟု ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။

Thursday, July 5, 2012

လူမှုဖူလုံရေးအာမခံကတ်ပြားSmart Cardများမကြာမီထုတ်ပေးတော့မည်

လက်ရှိအခြေအနေတွင် အသုံးပြုလျက်ရှိသော အာမခံကတ်ပြားများသည် သာမန်စက္ကူ ကတ်ပြားများ ဖြစ်သည့် အားလျော်စွာရေစို၊ မိုးစို၊ ချွေးစိုခြင်းကြောင့် ကတ်ပြား၏ သက်တမ်းမကုန်ဆုံးမီပင် ပျက်စီး၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသည်။ လူမှုဖူလုံရေးအဖွဲ့ အနေနှင့် Computerize System ဖြင့် ရုံးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ပြောင်းလဲအကောင်အထည်ဖော်နေသည်  
နှင့်အမျှ လူမှုဖူလုံရေး အာမခံစိစစ်ရေး ကတ်ပြားများကိုလည်း ကွန်ပျူတာဖြင့် ဖတ်ရှုနိုင်သည့် နိုင်ငံတကာအဆင့်မီ 2D Barcode စနစ်သုံး ID Card များ ပြုလုပ်သွားရန်စီစဉ် ဆောင်ရွက် လျက် ရှိပါသည်။

အနည်းဆုံး အခကြေးငွေ လုပ်ခမပေးလျှင် အလုပ်ရှင် ထောင်ဒဏ် ချမှတ်ခံရမည်

အစိုးရက သတ်မှတ်သည့် အနည်းဆုံး အခကြေးငွေ လုပ်ခ လစာကို အလုပ်သမား များအား မပေးပါက အလုပ်ရှင်များအနေဖြင့် ထောင်ဒဏ် ခြောက်လမှတစ်နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ သုံးသိန်းမှ ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း တွင် ဖော်ပြထားသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော် ၌ ပြဋ္ဌာန်းလိုက်သော ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ ကြမ်း အခန်း ၉ တားမြစ်ချက်နှင့် ပြစ်ဒဏ်များတွင် ယင်းသို့ဖော်ပြ ပါရှိသည်။