Monday, April 30, 2012

ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို အာမခံ လုပ်ငန်း ၆ မျိုး လုပ်ကိုင်ခွင့် ပေးရန်ရှိ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေကို လုပ်ကိုင်ခွင့်များ ခွင့်ပြုလိုက် ပြီဖြစ်ပြီး အဆိုပါ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေဟာ အာမခံ လုပ်ငန်း ၆ မျိုးကို လုပ်ကိုင် ခွင့်ရမှာ ဖြစ်တယ်လို့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ လုပ်ကိုင်ခွင့် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အာမခံ လုပ်ငန်း ၆ မျိုးမှာ အသက် အာမခံ၊ မီးအာမခံ၊ မော်တော်ယာဉ် အာမခံ၊ ငွေပိုငွေလွှဲ အာမခံ၊ ငွေသား လုံခြုံမှု အာမခံနဲ့ သမာဓိ အာမခံ လုပ်ငန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင်ချင်တဲ့ သူများဟာ မေလ ၂ ရက်နေ့ ကစပြီး အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ရုံး၊ မြန်မာ့ အာမခံ လုပ်ငန်း ရုံးချုပ်မှာ

ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်လွှာများတွင် အချက် ၉ ချက် ပူးတွဲ တင်သွင်း ရမည်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုလိုက်ပြီဖြစ်တဲ့ အတွက်ကြောင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ထူထောင်ချင်တဲ့ သူတွေဟာလျှောက်လွှာနဲ့အတူ သတ်မှတ် ထားတဲ့ အချက် ၉ ချက်ကိုပါ ပူးတွဲတင်သွင်း ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတ်မှတ်ထားတဲ့ အချက်တွေကတော့ အာမခံ ကုမ္ပဏီရဲ့ တာဝန်ကိုယူမယ့် တာဝန်ခံ အရာရှိရဲ့ ကိုယ်ရေးအကျဉ်း ၊ ကုမ္ပဏီ ဒါမှမဟုတ် အများပိုင် ကုမ္ပဏီရဲ့ နောက်ခံအကြောင်း ၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတည်ထောင်မယ့် ကုမ္ပဏီ ဖွဲ့စည်းပုံစတာတွေကို တင်ပြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာမခံ စာချုပ်တွေနဲ့ စာသားပုံစံ ၊ တဆင့်အာမခံထားမယ့် အစီအစဉ်များ ၊ လုပ်ငန်း စီမံချက်များ ၊ အသင်းအဖွဲ့ရဲ့ မှတ်တမ်းနဲ့

ပြည်တွင်း မွေးမြူရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ လေ့လာနေ

ပည်တွင်းရှိ မွေးမြူရေး လုပ်ငန်းတွေမှာ လာရောက်ရင်းနှီး မြှုပ်နှံဖို့အတွက် ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ လာရောက် လေ့လာမှုတွေ ရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီလို လာရောက်လေ့လာရာမှာ အသားကဏ္ဍဖြစ်တဲ့ တိရစ္ဆာန် မွေးမြူရေးကို လေ့လာမှု များပြားခဲ့ပါတယ်။ ဒါ့အပြင် အအေးခန်း စက်ရုံများကိုလည်း လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ကိုရီးယား နိုင်ငံဟာ ရေငန်ငါးစားသုံးမှု များပြားတာကြောင့် ရေငန်ငါးမွေးမြူရေး လုပ်ငန်းကိုလည်း လေ့လာမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များဟာ ပြည်တွင်းက သား ၊ ငါး ကဏ္ဍဆိုင်ရာများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံ ဖို့အတွက် လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရန် ခွင့်ပြု

အခုအခါ အလုပ်သမား အဖွဲ့ ဖွဲ့စည်းခွင့် တွေကို အသိမှတ်ပြု ပေးရုံတင် မကဘဲ အလုပ်ရှင် အဖွဲ့ ဖွဲ့စည်းမှု တွေကိုပါ အလုပ်သမား ၀န်ကြီးဌာနက ခွင့်ပြုပြီး ဖွဲ့စည်းခြင်း အသိအမှတ်ပြု လက်မှတ်တွေ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း အတွက် အသိအမှတ်ပြု လက်မှတ် ပေးအပ်မှုကို ဧပြီလ ၂၈ ရက်နေ့က ရွှေပြည်သာ မြို့နယ်၊ စက်မှုဇုန် ၃ ရှိ ကနောင် ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အသိမှတ်ပြု လက်မှတ်တွေ ထုတ်ပေးမှုကို အခြေခံ အလုပ်သမား အဖွဲ့အစည်း ၄ ဖွဲ့နဲ့ အလုပ်ရှင် အခြေခံ အဖွဲ့အစည်း ၁၀ ဖွဲ့တို့ကို ပေးအပ် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းရာမှာ အလုပ်သမား များအား ခြိမ်းခြောက်ခြင်း၊ မလျော်ကန်တဲ့ သြဇာသုံးခြင်းနဲ့ မသမာသော နည်းနဲ့

အသက် ၁၃ နှစ်အောက် ကလေးများအား ခိုင်းစေမှုကို တရားဝင် အရေးယူနိုင်

အသက် ၁၃ နှစ်အောက် ရှိတဲ့ ကလေး တွေကို လုပ်သား အဖြစ် ခိုင်းစေမှုတွေနဲ့ မိသားစု လုပ်ငန်းမျိုး မဟုတ်ဘဲ အလုပ်သမား ခိုင်းစေမှုတွေ ပြုလုပ်မှု အတွက် တရားဝင် အရေးယူခွင့် ရှိတယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ပြောပြချက် အရ သိရပါတယ်။ ဒီလို အသက်မပြည့်သေးတဲ့ သူတွေကို လုပ်သား အဖြစ် ခိုင်းစေမှုမှာ အချို့ အလုပ်ရုံတွေ အတွင်း အသက် ၁၅ နှစ်၊ ၁၆ နှစ်နဲ့  ၁၇ နှစ်အရွယ် လုပ်သားတွေ ကိုယ်တိုင် အလုပ်လုပ် လိုတဲ့ အတွက် ခိုင်းစေ ရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ လူမှုဖူလုံရေး အဖွဲ့တို့ရဲ့ Save Cetificate ရှိမှသာ အလုပ်လုပ် ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦးသေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ အလုပ်သမားကိုးဦး ဖမ်းဆီးခံနေရမှုနှင့် မြန်မာအလုပ်သမားနှစ်ဦး ကားပေါ်တွင် သေဆုံးခြင်း ကိစ္စများအတွက် နှစ်ဖက်ညှိနှိုင်းပြီး စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ရန်ရှိ

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ နှစ်နိုင်ငံ သဘောတူထားသည့် စာချွန်လွှာဖြင့် ၀င်ရောက်လာသည့် မြန်မာအလုပ်သမား ကိုးဦးဖမ်းဆီးခံရမှုနှင့်  မကြာမီက ဖြစ်ပွားခဲ့သည့် မြန်မာ အလုပ်သမားနှစ်ဦး ကားပေါ်တွင် သေဆုံးခြင်း ကိစ္စများအတွက် စုံစမ်းစစ်ဆေးအရေးယူမှုများ ပြုလုပ်ပေးရန် မြန်မာဘက်မှ တာင်းဆို ထားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကိစ္စများ ဖြေရှင်းရန်အတွက် ဧပြီလအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက် ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွင် ပါဝင်သူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး
 သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်ရပ်မှာ ထိုင်းနိုင်ငံ၊ ကရဘူရီမြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု၊နမ္မဒင်းကျေးရွာတွင်

Sunday, April 29, 2012

ထားဝယ် စီမံကိန်း ဂျပန် ၀င်ရောက်မည်

ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန်
ဂျပန်-ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော သုံးနိုင်ငံ ပူးပေါင်းအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမည်ဖြစ်ကြောင်း အီတလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်း က ပြောကြားသည်။

ထိုင်းနှင့် မြန်မာနိုင်ငံတို့ အဓိက ပူးတွဲ လက်မှတ်ရေးထိုးထားသော ယင်းစီမံကိန်းကို ချေးငွေ ဆက်လက် ထောက်ပံ့ရန် ဂျပန် အစိုးရက သဘောတူထားပြီးဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

"နှစ်ရှည်ချေးငွေအတွက် သဘောတူချက်ကို ဒီနှစ်အကုန် အပြီးသတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ယင်းက ဆိုသည်။

ကုမ္ပဏီ အနေနှင့် ယင်း၏ ရေရှည် ဘဏ္ဍာရေး အစီအစဉ်ကို ယခုနှစ်ကုန်တွင် အပြီးသတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

"ဂျပန် ၀င်လာမယ်ဆိုတော့ ၀မ်းသာနေကြတယ်။ ထိုင်းလုပ်တာထက်စာရင်တော့ သာမယ်။ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဂျပန်တွေလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"ဟု စီမံကိန်း တည်ဆောက်လျက်ရှိသည့် နဘုလယ်ဒေသမှ အသက် ၄၀ အရွယ် ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ထားဝယ်စီမံကိန်း လုပ်ကိုင်ရန် Max Myanmar နှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ ပါဝင်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC) ကို တည်ထောင်ထားသည်။

 The Voice Weekly

ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင်မှု အတွက် မတည် ရင်းနှီးငွေ

ပုဂ္ဂလိက အာမခံ လုပ်ကိုင်ခွင့် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိသူများဟာ အာမခံ ကုမ္ပဏီ လုပ်ကိုင်ဖို့ အတွက် မတည် ရင်းနှီးငွေ များကို မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ် ပေးတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိတဲ့ ကုမ္ပဏီ တွေဟာ မိမိတို့ လုပ်ကိုင်မယ့် လုပ်ငန်း အလိုက် မတည် ရင်းနှီးငွေ များကို ပေးသွင်း ရမှာ ဖြစ်ပါတယ်။

ဒီလိုပေးသွင်း ရာမှာ အသက် အာမခံ လုပ်ငန်း တစ်မျိုးကိုသာ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေဟာ မြန်မာငွေကျပ် သန်း ၆ ထောင်ပေး သွင်းရမှာ ဖြစ်ပြီး အထွေထွေ အာမခံ လုပ်ငန်း လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာ ငွေကျပ် သန်းပေါင်း လေးသောင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် အာမခံ လုပ်ငန်းနဲ့၊ အထွေထွေ အာမခံ လုပ်ငန်းကိုပါ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာငွေကျပ် သန်းပေါင်း လေးသောင်း ခြောက်ထောင် ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မတည် ရင်းနှီးငွေတွေ ကိုတော့ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနက အတည်ပြုချက် ရရှိပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင် လုပ်ပြီးသား ပုဂ္ဂလိက အာမခံ ကုမ္ပဏီ များကသာ သတ်မှတ် ထားတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ စက်တင်ဘာလနဲ့ အောက်တိုဘာလ လောက်မှာ ပေးသွင်း ရမယ့်ငွေများကို တစ်ခါတည်း ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။


by; Thit Htoo Lwin

ပြည်တွင်းရှိ အကြီးစား စက်မှုလုပ်ငန်း အချို့တွင် ကိုရီးယား နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသွားရန် ရှိ

ကိုရီးယား စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ Kotra မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ကိုရီးယား နိုင်ငံမှ အထည်ချုပ် စက်ရုံများ၊
Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း စက်ရုံများ၊ တာယာ စက်ရုံများနဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း တွေဟာ မြန်မာနိုင်ငံမှာ လာရောက် စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ သွားဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ အထည်ချုပ် လုပ်ငန်းမှာ စက်ရုံ ၁၀ ရုံခန့်၊ Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း များမှာ စက်ရုံ ၃ ရုံခန့်နဲ့ ပြည်တွင်း တာယာ စက်ရုံများမှာပါ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းမှာ လုပ်ကိုင်ဖို့ အတွက် ကိုလည်း ကိုရီးယား နိုင်ငံမှ Korea Resource Coporation(Kores) မှ တာဝန်ရှိ သူများဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနနဲ့ တွေ့ဆုံမှုများ ပြုလုပ်ပြီး ပြည်တွင်းမှာ ကွင်းဆင်း တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ဖို့ အတွက် ယခုလ အတွင်းမှာ နေပြည်တော်မှ တာဝန်ရှိသူ များနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရပါတယ်။
 MRTV-4

 တစ်ဖက်နိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသည့် မြန်မာလုပ်သားများ မြ၀တီဘက်ကမ်းတွင် ငွေပေး၍ ရွေးယူနေရဆဲဖြစ်ကြောင်း သိရ

အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်ကြသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်လုပ်ရန် သွားကြဆဲ မြန်မာအများစုမှာ ဖမ်းဆီးခံနေကြရပြီး နယ်စပ်မြ၀တီမြို့သို့ ပြန်လည် ပို့ဆောင်ခြင်း ခံရသော်လည်း မြ၀တီဘက်ကမ်းရှိ ဂိတ်တွင် မိမိကိုယ်ကိုယ်ရွေး ယူနေရဆဲဖြစ်ကြောင်း သိရသည်။

''ပြည်တွင်းမှာရှိတဲ့ ယာတော၊ ကိုင်းတောမှာ တစ်နှစ်လုံးလုပ်မှ

အလုပ်သမားအဖွဲ့ ရှစ်ဖွဲ့ တရားဝင်ဖွဲ့စည်းခွင့်ပြု

အလုပ်သမားအဖွဲ့အစည်းဥပဒေ စတင်အာဏာတည်ပြီး အလုပ်သမားအဖွဲ့အစည်းများ တရားဝင်မှတ်ပုံတင် လျှောက်ထားကြရာ ဧပြီလ ၂၅ ရက်နေ့က အလုပ်သမားအဖွဲ့အစည်း ရှစ်ဖွဲ့ကို တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တိုင်ရီအလုပ်သမား အဖွဲ့အစည်း၊ ရွှေပေါက်ကံမြို့မှ ပဝါမင်းသမီး အလုပ်သမားအဖွဲ့အစည်း၊ ရွှေစင်အေး အလုပ်သမားအဖွဲ့အစည်း၊ ပဉ္စသုန္ဒ်ရီ အလုပ်သမားအဖွဲ့အစည်း၊ Opel အထည်ချုပ် အလုပ်သမားအဖွဲ့အစည်း၊ ဘိုဆန်းပိုက်စက်ရုံ အလုပ်သမားအဖွဲ့အစည်း၊ အောင်ရွှေမြေအလုပ်သမား အဖွဲ့အစည်းနှင့် ပင်လယ်ကူးသဘောင်္သားများ အလုပ်သမားအဖွဲ့အစည်းတို့ကို ဖွဲ့ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း

ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းက အလုပ်သမား ၇၀ ကျော်ကို စာချုပ်သက်တမ်း မပြည့်သေးဘဲ အလုပ်ဖြုတ်လိုက်လို့ ဒီကနေ့မနက်မှာ အလုပ်သမားတွေ ကုမ္ပဏီရှေ့ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


အလုပ်သမားအရေး လ၀က အရာရှိများ ထိုင်းမှာရုံးထိုင်ပြီ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည့် မြန်မာ နိုင်ငံသားများအတွက် ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး ၅ နေရာ ဖွင့်လှစ်၍ ယခု လ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ပေးနေပြီ ဖြစ်သည်။ မြန်မာ အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ဘန်ကောက်၊ မဟာချိုင်း၊ စမွတ်ပရာကန်၊ စူရက်ဌာနီနှင့် ချင်းမိုင်မြို့များတွင် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ ထုတ်ပေးနေခြင်း ဖြစ်ကြောင်း ချင်းမိုင်မြို့ရှိ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတာ ၀န်ခံ ဦးတင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံတွင် တရားမ၀င် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ တရားဝင်ဖြစ်စေခြင်းနှင့်

Saturday, April 28, 2012

မလေးရှားကို အလုပ်လာလုပ်မယ်ဆိုရင် သိသင့်တာလေးတွေ

ကျွန်တော်ဟာ face book မှာစိတ်ကူးရရင် ရသလို စာရေးနေကျပါ အစပိုင်း ရေးခါစမှာတော့ ကျွန်တော် လက်ရှိနေထိုင်ရာ မလေးရှား အကြောင်းကိုပဲ အခြေခံပြီး ရေးတာများပါတယ် ။ နောက်တော့ သူငယ်ချင်းတွေက ပြောတယ် မင်းရေးတာ မလေးရှား အကြောင်းတွေ ချည်းပဲ ထပ်နေပြီ တစ်ခြား အကြောင်းအရာ တွေလည်းရေးအုံးလို့ ပြောလာတာနဲ့ မလေးရှား အကြောင်းကို လက်ရှောင်နေတာ ကြာပါပြီ ။ ဒါပေမယ့် ခုရက်ပိုင်းအတွင်း မလေးရှားကို Agent calling visa နဲ့လာ အလုပ်လုပ်တဲ့ သူတွေ အဆင်မပြေလို့ ညဉ်းတာတွေ အလုပ်မှာ အဆင်မပြေလို့ ပွဲစားက နှိပ်စက်တာတွေကို ကြားရဖန် များလာတော့ မလေးရှားကို လာပြီး အလုပ်လုပ်မယ့်သူတွေ အတွက် အထောက်အကူ ရလိုရငြား ဆောင်းပါး တစ်ပုဒ် လောက် ရေးရင်ကောင်းမယ်လို့ စိတ်ကူးမိလို့ ဒီဆောင်းပါး ကိုရေးဖြစ်လိုက်ပါတယ် ။

Friday, April 27, 2012

ဧပြီ ၂၉ ရက်မှ မေ ၁ ရက်အထိ ၃ ရက်အတွင်း လုပ်သား (၁၁၅) ဦး ကိုရီးယားသို့ စေလွှတ်မည်

၂၀၁၂ ခုနှစ် ဧပြီ ၂၉ ရက်မှ မေ ၁ ရက်အထိ ၃ ရက်အတွင်း ကိုရီးယားနိုင်ငံသို့ ပြည်တွင်းမှ EPS လုပ်သားပေါင်း ၁၁၅ ဦးအထိ ပို့ဆောင်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အစိုးရပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၏ ကြေညာချက်အရ သိရသည်။ ထိုကဲ့သို့ EPS လုပ်သားများ ဧပြီလကုန်ပိုင်း စေလွှတ်မှုကို ဧပြီ ၂၉ ရက်တွင် လုပ်သားဦးရေ ၆၀၊ ဧပြီ ၃၀ ရက်တွင် လုပ်သား ၃၅ ဦးနှင့် မေ ၁ ရက်တွင် လုပ်သား ၂၀ ဦး စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်းလုပ်သား စေလွှတ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များဖြစ်သည့် အစိုးရပြည်ပ အလုပ်အကိုင်ရှာဖွေရေးရုံးသို့ သတင်းပေးပို့ခြင်း၊ အလုပ်ခေါ်စာ Calling စာရွက်လက်ခံခြင်း၊ Green Card ထုတ်ယူခြင်းကို မြနန္ဒာလမ်း၊

စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ "ခြားနားခွန်" ပြသနာ

"ခြားနားခွန်" ပြသနာသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ပြီးသူများ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport စာအုပ် သက်တမ်းတိုးရာ၌ နေ့စဉ်ကြုံတွေ့ ကြားသိနေရသော ပြသနာကြီး တရပ်ဖြစ်ပါသည်။
မြန်မာသံရုံးသို့ ထမ်းဆောင်ရသော အခွန်နှုန်းထားများသည် မိမိ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရမည်ဟု စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားပါသည်။ ကောက်ခံသော အခွန်ပမာဏမှာ အောက်ပါအတိုင်း ဖြစ်သည်။

မေဒေးနေ့တွင် သံလျင်အလုပ်သမားများ ဦးမောင်ကို ဂုဏ်ပြုမည်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မေလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း သံလျင်မြို့တွင် အလုပ်သမားများက အခမ်းအနားတရပ်ကျင်းပကာ ၁၉၈၈ ခုနှစ် အလုပ်သမား
ခေါင်းဆောင်တဦးဖြစ်သည့် ဦးမောင်ကို အား ဂုဏ်ပြုခြင်းတရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


Thursday, April 26, 2012

စီတန်းလှည့်လည်ခွင့်နှင့် နည်းဥပဒေပြဿနာ

မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅ အဖြစ်” ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ပါသည်။ 
ပြည်ထဲရေးဝန်ကြီးဌာနသည် “လိုအပ်သောနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။” ဟု ဤဥပဒေပုဒ်မ ၂၄ (က) တွင် ထုတ်ပြန်ထားသော်လည်း ယနေ့အထိ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ထုတ်ပြန်လာနိုင်ခြင်း မရှိသေးပါ။ သက်ဆိုင်ရာဥပဒေနှင့်တဆက်တည်း လုပ်ထုံးလုပ်နည်း
ဥပဒေများကို ထုတ်ပြန်နိုင်ခြင်းမရှိသည့်သူငယ်နာကို ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရလက်ထက်တွင် အစဉ်အမြဲတွေ့ကြုံ

စင်ကာပူရောက် မြန်မာအိမ်ဖော်များဘဝ


မြန်မာနိုင်ငံကနေ စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေရဲ့ဘ၀ကို ကိုယ်ချင်းစာနိုင်အောင် ဒီစာကိုရေးလိုက်တာပါ။ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ ဒီစာကို အရင်ဖတ်စေချင်ပါတယ်။
---------------------------------------------------
စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေအနေနဲ့ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ ရှိပါတယ်။ အများအားဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယိုးဒယားနဲ့ မြန်မာပြည်ကမိန်းကလေးတွေပါ။ အဲ့ဒီလိုလူမျိုးစုံထဲကမှ မြန်မာပြည်က အိမ်ဖော်တွေရတဲ့အခွင့်အရေးနဲ့ တခြားနိုင်ငံက အိမ် ဖော်တွေရတဲ့အခွင့်အရေး အများကြီးကွာခြားပါတယ်။ ကျမနဲ့အိမ်မှာ တခန်းတည်းအတူနေခဲ့တဲ့

နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရမည့် ဝင်ငွေခွန်ဥပဒေအား ပြင်ဆင်ပြီးပါက မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံမည်

ခေတ်ကာလနှင့် လျော်ညီမှုမရှိသည့် အခွန်ဥပဒေများအား ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သက်ရောက်
နေသော်လည်း ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရသည့် ၀င်ငွေခွန် ဥပဒေကိုမူ ပြင်ဆင်ရေးဆွဲနေဆဲဖြစ်ပြီး ယင်းဥပဒေ ပြင်ဆင်ပြီးပါက နိုင်ငံခြားငွေဖြင့် လစာရရှိသူများမှာ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ၍ ၀င်ငွေခွန် ပေးဆောင်ရမည်ဖြစ်
ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောကြားသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြည်တွင်းရှိ လုပ်ငန်းဌာနအသီးသီးတွင် ကျပ်တစ်သိန်းနှစ်
သောင်းအထက် လစဉ်ဝင်ငွေရရှိသော ပြည်သူများအပေါ် စည်းကြပ်ကောက်ခံသည့် ၀င်ငွေခွန်ဥပဒေအား မတ်လအတွင်း

ပုဂ္ဂလိကဝန်ထမ်းများလည်း ပင်စင်လစာခံစားခွင့် ရရှိတော့မည်

ပုဂ္ဂလိကဝန်ထမ်းများလည်း ပင်စင်လစာခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော လူမှုဖူလုံရေး ဥပဒေကို ပြန်လည်ပြင်ဆင်မှုတွင် အဆိုပါအချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၄င်းကဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ ဒါကို အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။

အလုပ်သမား​အဖွဲ့​များ​ကို အလုပ်သမား​နေ့​တွင် လွတ်လပ်စွာ ​ပြောဆိုခွင့်​မပြု

ရန်ကုန်တိုင်း ​အတွင်း​ တရား​ဝင် ဖွဲ့​စည်း​ခွင့်​ပြုလိုက်တဲ့​ အလုပ်သမား​ အဖွဲ့​အစည်း​တွေကို အလုပ်သမား​နေ့​ အခမ်း​အနား​ တက်​ရောက်ဖို့​ အစိုး​ရက ဖိတ်ကြား​ခဲ့​ပေမယ့်​ လွတ်လပ်စွာ ​ပြောဆို​ဆွေး​နွေး​ခွင့်​တော့​ ရမှာမဟုတ်ဘူး​လို့​ သိရပါတယ်။ရန်ကုန်တိုင်း ​ထဲမှာရှိတဲ့​ လှိုင်သာယာ၊​ ​ရွှေ​ပေါက်ကံစတဲ့​ စက်မှုဇုန်​တွေက တိုင်ရီ၊​ ​ရွှေဇင်မင်း​စတဲ့​ အလုပ်သမား​အဖွဲ့​ ၈ ဖွဲ့​ကို အလုပ်သမား​ဝန်ကြီး​ဌာနက တရား​ဝင်အဖွဲ့​အစည်း​တွေအဖြစ် ဧပြီ ၂၅ ရက်မှာ အသိအမှတ်ပြု လက်မှတ်​တွေ ထုတ်​ပေး​လိုက်ပါတယ်။

Wednesday, April 25, 2012

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် အလုပ်သမား အဖွဲ့အစည်းများ မှတ်ပုံတင်နိုင်ရန် မြို့နယ်မှတ်ပုံတင် အရာရှိပေါင်း ၇၀ ကျော်ခန့်အပ်ထား

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ မှတ်ပုံတင်နိုင်ရန်အတွက် မြို့နယ်မှတ်ပုံတင် အရာရှိပေါင်း ၇၀ ကျော် ခန့်အပ် တာဝန်ပေးထားကြောင်း သတင်းရရှိသည်။ မြို့နယ် မှတ်ပုံတင်အရာရှိများ ခန့်အပ်တာဝန်ပေးအပ်ရာတွင် အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေ  ၄၃(ခ)အရ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအတွက် မြို့နယ် မှတ်ပုံတင်အရာရှိ ၇၆ ဦး ခန့်အပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ခန့်အပ်ခဲ့ရာတွင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ တနိုင်း၊ ချီဗွေ၊ ဆော့လော်၊ အင်ဂျန်းယန်၊ ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မံစီ၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသည့် မြို့နယ်များအတွက် မြို့နယ်မှတ်ပုံတင်အရာရှိ သုံးဦး ခန့်ထားကြောင်း၊

Tuesday, April 24, 2012

ချုပ်နှောင် ခိုင်းစေခံရသည့် မြန်မာများ ပြန်လွတ်ပြီ

ထိုင်းနိုင်ငံတွင် ရောင်းစားခံရပြီး ငါးဖမ်းစက်လှေတွင် ချုပ်နှောင် ခိုင်းစေခံနေရသည့် မြန်မာနိုင်ငံသား ၂၀ ခန့်ကို ဒေသခံ အာဏာပိုင်များနှင့် အလုပ်သမားများအရေး ဆောင်ရွက်နေသူများကပြီးခဲ့သည့် သောကြာနေ့တွင် သွားရောက် ကယ်တင်ခဲ့သည်။ ရောင်းစားခံထားရသူ တဦး၏ တိုင်ကြားချက်အရ ချွန်ဘူရီမြို့နယ်၊ အချောင်းလှေဆိပ်တွင် စုံစမ်းစစ်ဆေးပြီး ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့နှင့် ပူးပေါင်း၍ သွားရောက် ကယ်တင်နိုင်ခဲ့သည်ဟု ထိုင်း နိုင်ငံရောက် မြန်မာပြည်သားများ အသင်း တာဝန်ခံတဦးဖြစ်သူ ဦးကျော်သောင်းက ဧရာဝတီသို့ ပြောသည်။
“အဲဒီမှာ ရှိတဲ့ လှေဆိပ်ရဲ့ အခြေအနေကို ကားနဲ့ သွားပြီးတော့ အချက်အလက် ဓာတ်ပုံ၊ ဗီဒီယိုတွေ

Thursday, April 12, 2012

ထိုင်း​နိုင်ငံတွင် လုပ်အား​ခအတွက် မြန်မာအလုပ်သမား​များ​ ဆန္ဒပြ

ထိုင်း ​နိုင်ငံ ကန်ချနဘူရီခရိုင် ​ထောင်း​ဖာဖုမ်း​မြို့​နယ် ထာ့​လေမှာရှိတဲ့​ သစ်သီး​စည်သွတ်စက်ရုံမှာ ​ထောင်ချီတဲ့​ မြန်မာအလုပ်သမား​တွေ လုပ်ခလစာ အတွက် ဒီ​နေ့​မနက် ဆန္ဒပြခဲ့​ပါတယ်။
ဖိုက်တာ ဖုဒ် အင်ဒပ်စ်ထရီ အမည်ရ သစ်သီး​တွေစည်သွတ်တဲ့​ စက်ရုံက အလုပ်သမား​တွေကို ပတ်စ်ပို့​ရှိတဲ့​သူ၊​ ဘတ်လို့​ခေါ်တဲ့​ အလုပ်သမား​ လက်မှတ်ရှိတဲ့​သူနဲ့​ တရား​မဝင် လာ​ရောက် အလုပ်လုပ်​နေတဲ့​သူ​တွေကို ခွဲခြား​ပြီး​ လုပ်အား​ခ သတ်မှတ်တဲ့​အတွက် အခုလို ဆန္ဒပြတာလို့​ အလုပ်သမား​တွေက ​ပြောပါတယ်။
အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား​ ​သောင်း​နဲ့​ချီ အလုပ်လုပ်ကိုင်​နေပြီး​ အလုပ်သမား​ ၄၀၀၀ နီး​ပါး​ ဆန္ဒပြခဲ့​တယ်လို့​ ​ပြောပါတယ်။
အလုပ် လုပ်ကိုင်ရတာချင်း​ တူ​ပေမယ့်​ ပတ်စ်ပို့​ရှိသူကို ဘတ် ၃၀၀၊​ အလုပ်သမား​ လတ်မှတ်ရှိသူကို ၂၅၁ ဘတ်နဲ့​ တရား​မဝင်အလုပ်သမား​တွေကို ဘတ် ၂၂၀ ​ပေး​ဖို့​ သတ်မှတ်ချက် ရုံး​စာကို စက်ရုံအတွင်း​ အရင်ရက်ပိုင်း​က ထုတ်ပြန်လိုက်ပါတယ်။
ဒီရက်ပိုင်း​အတွင်း​မှာလည်း​ အရင်က တရား​မဝင် အလုပ်သမား​တွေဆီက​နေ ၁၅ ရက် ၁ ပတ်ကို ရဲ​ကြေး​ ဘတ် ၃၀၀ ​ကောက်ခံ​နေရာက ဘတ် ၅၀၀ အထိ ​ပြောင်း​လဲ​ကောက်ခံခဲ့​တာလည်း​ ဆန္ဒပြတဲ့​အ​ကြောင်း​တရပ် ဖြစ်တယ်လို့​ ဆိုပါတယ်။
ဆန္ဒပြတဲ့​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ အလုပ်သမား​တဦး​က “သရက်သီး​စက်ရုံကစပြီး​ ဆန္ဒပြတာ ကျ​နော်တို့​ရုံ​ရှေ့​မှာ လာ​အော်ပါတယ်။ မြန်မာပြည်သား​တွေ ​သွေး​မရှိဘူး​လား​၊​ မတရား​တာ ခံ​နေမှာလား​၊​ မှန်တာလုပ်တာ၊​ ဆို​တော့​ ကျ​နော်တို့​အား​လုံး​ ထွက်ကြပါတယ်။ ကျ​နော်တို့​က ​နေ့​စား​သမား​ပါ။ ပုတ်ပြတ်သမား​ မဟုတ်ဘူး​။ ခိုင်း​တော့​ ပုတ်ပြတ်သမား​တွေကို ခိုင်း​သလို ခိုင်း​ပါတယ်။ ပိုက်ဆံကျ​တော့​လည်း​ အဆင့်​ဆင့်​ ခွဲခြား​ထား​တယ်။ လုပ်ရတာချင်း​ အတူတူ ဘတ်(အလုပ်သမား​လက်မှတ်) ရှိရှိ မရှိရှိ အလုပ်သမား​တွေအား​လုံး​ တန်း​တူ ​ပေး​ပါလို့​ ဆန္ဒပြတာပါ။ မြန်မာပြည်သား​တွေကို အခုလို နှိပ်ကွပ်တာကို ကျ​နော်လည်း​ မခံနိုင်ပါဘူး​။ ဘာမှလည်း​ ​ပြောပိုင်ခွင့်​လည်း​ မရှိပါဘူး​။ (အလုပ်လုပ်ရန် လာ​ရောက်ဖို့​ လမ်း​စရိတ်) အ​ကြွေး​ကျေသွား​လို့​ ထွက်သွား​ရင်​တောင်မှ ဘာမှ ခိုင်ခိုင်လုံလုံ စာရွက်စာတမ်း​ မရှိလို့​ ရဲလက်ထဲကို သူ​ဌေး​မ​တွေက အပ်လိုက်တာမျိုး​လည်း​ ကြုံ​တွေ့​ဖူး​ပါတယ်။”
အလုပ်ရှင်နဲ့​ ရဲ​တွေ​ရောက်လာပြီး​ အဆင်​ပြေ​အောင် ညှိနှိုင်း​ပေး​မယ်ဆိုပြီး​ လူစုခွဲခိုင်း​တယ်လို့​လည်း​ ​ပြောပါတယ်။ ဒီအ​ခြေအ​နေ​တွေနဲ့​ ပတ်သက်လို့​ စက်ရုံကို ဆက်သွယ်​ပေမယ့်​ မရဖြစ်ခဲ့​ပါတယ်။

by; ကိုထွေး DVB

ဆူနာမီ သတိပေးချက် မြန်မာအလုပ်သမားများကို ရိုက်ခတ်

ထိုင်းနိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းခြေနှင့် ထိစပ်လျက်ရှိသော ရနောင်းမြို့တွင် ယနေ့မွန်းလွဲပိုင်းက အရေးပေါ် ဆူနာမီ သတိပေးချက် ထုတ်ပြန်လိုက်သဖြင့် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ရန် ရောက်ရှိနေသည့် ထောင်နှင့်ချီသော မြန်မာ အလုပ်သမားများ အခက်အခဲ ဒုက္ခ ဖြစ်ကြရကြောင်း သတင်းရရှိသည်။ရနောင်းမြို့ ပေါက်ခေါင်းရပ်ကွက် ယာယီနိုင်ငံကူးလက်မှတ်ရုံးတွင် မြန်မာအလုပ်သမားများက နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ခြင်း လုပ်ကိုင်နေစဉ် ဖြစ်သည်ဟု ရနောင်းဒေသခံများက ပြောသည်။

Wednesday, April 11, 2012

အမှန်တရားမြတ်နိုးတဲ့ ကြေးနီဝန်ထမ်းများ ၏ ပေးစာ

ကိုသစ်ထူးလွင်မှတဆင့်
 The voice ဂျာနယ်သို့
          ဟိုတစ်နေ့က အစိုးရ သတင်းစာကနေ သတ္တုတွင်းဝန်ကြီးဌာနက အဂတိလိုက်စားမှုတွေကို ဖေါ်ပြခဲ့တဲ့ The voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးက အသရေဖျက်မှုနဲ့ တစ်ရားစွဲမယ်ဆိုလို့ အမှန်တရားကို မြတ်နိုးသူ ပြည်သူတစ်ယောက်အနေနဲ့ ရယ်စရာကောင်းလွန်းလို့ ဒီစာကို ရေးလိုက်ရတာပါ။ မည်သူ့ကို နစ်နာစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်ပါဘူး။ အမှန်တရားကိုတော့ နိုင်ငံတော်သမတကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ကြီးများ သိစေချင်လို့ ရေးလိုက်ရတာပါ။

Tuesday, April 10, 2012

သင်္ကြန်ရက်မှာ ရုံးမပိတ်တဲ့ သံမဏီစက်ရုံဝန်ထမ်းများ၏ တိုင်ကြားစာ

Monday, April 9, 2012

ဆန္ဒပြအလုပ်သမားများ သေနတ်ဖြင့် ပစ်ဖောက်သတိပေးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်က ပင်လယ်စာစက်ရုံမှာ ဒီနေ့ ဆက်လက်ဆန္ဒပြတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေကို ရဲက သေနတ်နဲ့ ပစ်ဖောက် သတိပေးခဲ့တယ်လို့ အဲဒီစက်ရုံက မြန်မာအလုပ် သမားတွေက ပြောပါတယ်။

ဆဖတ်ထနာ လို့ အမည်ရတဲ့ ပင်လယ်စာထုတ်လုပ်တဲ့ စက်ရုံမှာ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀၀ လောက် လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားတွေဟာ လုပ်ခလစာနဲ့  အလုပ်သမားရပိုင်ခွင့်တွေအတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဆန္ဒပြနေကြတာပါ။ ဒီနေ့ စက်ရုံထဲ ၀င်ဖို့ကြိုးစားတဲ့ အလုပ်သမား (၃၀၀) လောက်ကို ခြိမ်းခြောက်သတိပေးတဲ့အနေနဲ့ သေနတ်နဲ့ ပစ်ဖောက်တယ်လို့ အဆိုပါစက်ရုံက မြန်မာအလုပ်သမား ကိုအောင်အောင်က