၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံမည့် ၀င်ငွေခွန်နှင့်
ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့်
အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ
ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ
အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို
ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဝင်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂
ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့်
ဝင်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀၀ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက
ဝန်ထမ်းများသည် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း
သိရသည်။ ယင်းအပြင် သမ၀ါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့်
တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ၀င်ငွေရှိသူများ
ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။
ယခင်က လစာအပေါ် ၀င်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားရာတွင်
ဝင်ငွေပမာဏအလိုက် အလွှာ ၁၅ လွှာ သတ်မှတ်ထားသော်လည်း ယခု အခါ ၁၂ လွှာသာ
သတ်မှတ်လိုက်ကြောင်း၊ ယခင်က တစ်ကျပ်မှ ၅၀၀၀ ကျပ်အတွင်း ရရှိသူများအား
ဝင်ငွေခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားခြင်းမှစကာ ကျပ် ၂၀၀၀၀၀၀၁
နှင့်အထက်အား ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ တစ်ကျပ်မှ ကျပ်ငါးသိန်းအထိ လစာဝင်ငွေရှိသူများသည်ပင်
ဝင်ငွေခွန် တစ်ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊
အမြင့်ဆုံးနှုန်းအဖြစ် ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက် လစာ ၀င်ငွေရှိသူများ ပင် ၂၀
ရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ထား ကြောင်း သိရသည်။
စီးပွားရေး
လုပ်ငန်းများအပေါ် စည်းကြပ်သည့် ၀င်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး
ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းကောက်ခံရန်
သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃၀
ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း သိရသည်။
ယခင်က
ကျပ် ၅၀၀၀ ၀င်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ
ကျပ်ငါးသိန်း ၀င်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ၀င်ငွေခွန်
နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊
သမ၀ါယမစသည်ဖြင့် မည်သည့် ၀င်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့်
သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ်
ဝင်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန်အား ပြင်ဆင်သတ်မှတ်ရာတွင် အမိန့်ကြော်ငြာစာ ကိုးခုထုတ်ပြန်ကာ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန်
ပြင်ဆင်ပေးရာတွင် အဓိကအားဖြင့် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည့်
ကုန်စည်အုပ်စုနှင့် အခွန်နှုန်းမြင့်ဖြင့် ပေးဆောင်ရမည့် အထူးကုန်စည်များဟူ၍
နှစ်မျိုး ခွဲခြားပေးခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ် လုပ်ငန်းခွန်အား
ပြင်ဆင်ပေးမှုအရ ကုန်စည်အမျိုးအစား ၇၀ မှာ အခွန် ကင်းလွတ်ခွင့်
ရမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ကုန်သွယ်လုပ်ငန်းခွန် ၁၀
ရာခိုင်နှုန်းအထိ ပေးဆောင်ရသော ကုန်စည် ၉၈ မျိုး၊ ၂၀ ရာခိုင်နှုန်းပေး
ဆောင်နေရသော ကုန်စည် ၄၅ မျိုး၊ ၂၅ ရာခိုင်နှုန်း ပေးဆောင်ရသော ကုန်စည် ၅၂
မျိုးတို့ အားလုံးကို ယခုအခါ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းသာ
တစ်ပြေးညီ ကောက်ခံရန် လျော့ပေါ့သတ်မှတ်လိုက်သည်ဟု သိရသည်။ ယခုအခါတွင်
ရောင်းရငွေ ကျပ်သိန်း ၁၀၀ အောက်ရှိသော လုပ်ငန်းများကို စည်းကြပ်ခြင်း
မပြုရသော ရောင်းရငွေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ပင် ကုန်စည်
ဝယ်ယူရောင်းချခြင်းလုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ်
ရောင်းချခြင်းလုပ်ငန်းများအနေဖြင့်လည်း ယခင်ကစည်းကြပ်ခြင်း မပြုရသော
ရောင်းရငွေပမာဏ သတ်မှတ်ချက်အား ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်
ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အခွန်နှုန်းများ ပြင်ဆင်ပေးခြင်းမှာ ခေတ်ကာလဖြင့်
လျော်ညီစေရန်၊ အခွန်ထမ်းအများစုထံမှ သင့်တော်သည့် ပမာဏဖြင့်သာ ကောက်ခံရန်၊
အခွန်ထမ်းများ ပိုမိုများပြားလာစေရန်၊ အခွန်ထမ်း ကိုယ်တိုင်မှ ကျေနပ်စွာ
အခွန်ပေးဆောင်သည့် အနေအထားသို့ သွားရန် ရည်ရွယ်ကြောင်း သိရသည်။
ပြင်ဆင်ပေးသည့်
အခွန်အနေအထားများကို တွက်ချက်ကြည့်ပါက ၀င်ငွေခွန် ပြင်ဆင်သတ်မှတ်ပေးမှုမှာ
အခွန်ထမ်းများအတွက် ပေးဆောင်နိုင်သည့် အနေအထား ရှိလာနိုင်ပြီး
ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင် သတ်မှတ်ပေးမှုတွင်လည်း သက်သာစေနိုင်သည့်
အနေအထားရှိကြောင်း သိရသည်။
သို့သော် ကုန်သွယ်လုပ်ငန်းခွန်
ငါးရာခိုင်နှုန်းအုပ်စုတွင် အချို့သော ကုန်စည်များမှာ
တန်ဖိုးမြင့်ကုန်စည်များနှင့် တန်းတူပေးဆောင်ရသည့် အနေအထားရှိနေသေးကြောင်း
သိရသည်။
This Blog will try to support all the Blue and White labors across Myanmar and aim to establish Labor Organizations and Unions which are dedicated to the development of Myanmar Labors. ဤဘလော့သည် မြန်မာနိုင်ငံရှိ ကာယလုပ်သားများ ၊ ဥာဏလုပ်သားများ၏ ဘ၀အခြေအနေ မြင့်မားတိုး တက်စေရန်အတွက် တတ်အားသ၍ ပါဝင်ပံ့ပိုးနိုင်ရန် နှင့် ထိုသို့ကူညီပံ့ပိုးပေးနိုင်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ရည်မှန်းသည်။
Thursday, March 29, 2012
Saturday, March 24, 2012
ကျောက်ဖြူတွင် အိန္ဒိယ လုပ်သားများကို အရပ်သားများ တိုက်ခိုက်၍ ရဲက သေနတ်ပစ်ဖေါက် လူစုခွဲ
ကျောက်ဖြူတွင် အိန္ဒိယ အလုပ်သမားများအား
ကျေးရွာသားများက တုတ်၊ဓါး၊ လေးဂွများဖြင့် ၀ိုင်းဝန်း တိုက်ခိုက်သဖြင့်
ရဲအဖွဲ့က သေနတ်ပစ်ဖေါက်ကာ လူစုခွဲခဲ့ရကြောင်း သတင်း ရရှိသည်။
" ဖြစ်တာက မတ်လ ၂၀ ရက်နေ့ ညမှာ ကြက်တိန်ကျေးရွာ KP 14 လုပ်ငန်းခွင်မှာ ဖြစ်ပါတယ်။ ရွာသား ၆၀ ခန့်က အစောင့်တွေကို လေးဂွတွေနဲ့ စတင် တိုက်ခိုက်ရာကနေ ပြဿနာ ကြီးထွားလာတဲ့ အတွက် ရဲအဖွဲ့က မိုးပေါ်ကို သေနတ် သုံးချက်ပစ်ပြီး လူစု ခွဲခဲ့ရပါတယ်" ဟု ဒေသခံ လူငယ် တစ်ဦးက ပြောသည်။

ကော့မှူးမှ တနိုင်ငံလုံး အလုပ်လက်မဲ့ ပပျောက်ရေး ဒေါ်စု အလေးပေး
ချင်းမိုင်(မဇ္စျိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်
ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ အလုပ်လက်မဲ့ အခြေအနေ ပပျောက်စေရန် အလေးထား လုပ်ဆောင်ပေးမည်ဟု ပြောကြားလိုက်သည်။

မြန်မာအလုပ်သမား ၆၀၀ ကျော် အဖမ်းခံရ
တရုတ် မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ခေါင်မြို့တွေမှာ
အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဒေသဆိုင်ရာ
ရဲတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင်ဖမ်းဆီးနေရာမှာ
မြန်မာအလုပ်သမား ၆၀၀ ကျော်
ဖမ်းဆီးခံထားရကြောင်း၊ တရုတ် မြန်မာနယ်စပ် အခြေစိုက် ဒေသခံတွေက ပြောပါတယ်။ အခုလို ဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမားအများစုဟာ နေ့စဉ်၊ အပတ်စဉ်
သတ်မှတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်တွေ မလုပ်နိုင်တဲ့ အလုပ်သမားတွေက
အများစုဖြစ်တယ်လို့ တရုတ် မြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ရေး
နိုင်ငံရေးလေ့လာသူ
ရွှေပြည်သာ ADK အထည်ချုပ်စက်ရုံမှ ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွား
၁၅-၃-၂၀၁၂
ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ် စက်ရုံတရုံဖြစ်တဲ့ ADK အထည်ချုပ်စက်ရုံက
အချိန်ပို အလုပ်ဆင်းချိန် ဖြစ်တဲ့ ည ၉း၀၀ နာရီမှာ ပိုင်ရှင် (ယာဉ်မောင်း
ကျော်မင်း (၄၀) နှစ်ခန့် မောင်းနှင်လာတဲ့ ဒိုင်နာကားဟာ ဒညင်းကုန်း လမ်းဆုံ
မရောက်ခင် အစာမှတ်တိုင်နားမှာ ရှေ့က ကားတစီးကို ကျော်တက်ရင်း ကွန်တင်နာ
တင်လာတဲ့ ကားနောက်ပိုင်းကိုနောက်မြီးချင်း ချိတ်မိလို့ ဒိုင်နာကား
အမိုးပြုတ်ထွက်သွားပြီး ကားပေါ်ပါလာတဲ့ အထည်ချုပ် အလုပ်သမတွေ
ပြုတ်ကျကုန်တာကြောင့် အလုပ်သမ ဒေါ်ယုကြည် (၄၅) နှစ် နေရာမှာ ပွဲချင်းပြီး
သေဆုံးခဲ့တယ်။
Thursday, March 22, 2012
တရုတ်-မြန်မာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လုပ်ကိုင်နေသည့် ဒေသခံ နေ့စားလုပ်သားများ လုပ်အားခ လျော့ချခံရ
ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် နိုင်ငံခြား
အလုပ်သမားများ နေထိုင်ရန် အဆောက်အဦများကို တာဝန်ယူဆောင်ရွက်နေသည့် (MGC)
မြန်မာ ရွှေသရဖူကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်နေသည့် ဒေသခံ အလုပ်သမားများ
နေ့စားလုပ်အားခ လျော့ချခံရကြောင်း သတင်းရရှိပါသည်။
ပထမဆုံး အလုပ်သမားသမဂ္ဂ အဖြစ် တိုင်ရီ စက်ရုံ အလုပ်သမားများ မှတ်ပုံတင်မည်
လုပ်ခလစာ
မကျေနပ်မှုကြောင့် တစ်လ ကျော်ကြာဆန္ဒပြခဲ့သော လှိုင်သာယာမြို့နယ် တိုင်ရီ
ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများ စုဖွဲ့ထားသည့် တိုင်ရီအလုပ်သမားသမဂ္ဂကို
လာမည့် ဗုဒ္ဒဟူးနေ့တွင် မှတ်ပုံတင်မည်ဖြစ်ရာ ပထမဆုံး မှတ်ပုံတင်သည့်
အလုပ်သမားသမဂ္ဂဖြစ်လာမည်ဖြစ်သည်။
၂၀၁၁ အလုပ်သမားအဖွဲ့အစည်းဥပဒေ အတည်ပြုပြီး ယခင်သီတင်းပတ်က နည်းဥပဒေထပ်မံ ထွက်ရှိလာသည့်နောက်တိုင်ရီ အလုပ်သမား သမဂ္ဂသည် မြန်မာနိုင်ငံ၏ ပထမဆုံး အလုပ်သမားသမဂ္ဂဖြစ်လာမည်ဖြစ်သည်။
တိုင်ရီအလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည့် မမိုးဝေက သမဂ္ဂဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့်ပတ်သတ်၍ “ တိုင်ရီစက်ရုံက အလုပ်သမားတွေတင်မကဘဲ အလုပ်သမားထုတစ်ရပ်လုံးရဲ့ အခွင့်အရေးကိုတောင်းဆိုနိုင်အောင်လို့ သမဂ္ဂဖွဲ့စည်းတာပါ” ဟုပြောသည်။
လှိုင်သာယာ တိုင်ရီ အလုပ်သမား သမဂ္ဂ အမှုဆောင်အဖွဲ့ (ယာယီ) (၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၇ ရက် )
အလုပ်သမား သမဂ္ဂဖွဲ့စည်း မှတ်ပုံတင်ရေးတွက် ဥပဒေရေးရာ ကူညီလျှက်ရှိသူ ရှေ့နေ ဦးဖိုးဖြူက “ သမဂ္ဂ၀င်မယ့်အင်အားထပ်တိုးလာတဲ့အတွက်မှတ်ပုံတင်မယ့်ရက်ကို ရွှေ့လိုက်တာပါ။ ဗုဒ္ဒဟူးနေ့ ကို မှတ်ပုံတင်ဖြစ်မယ် ” ဟုပြောသည်။
ယခင်က တိုင်ရီအလုပ်သမားသမဂ္ဂကို ၁၄၃၈ ဦးဖြင့်ဖွဲ့စည်းရန် စီစဉ်သော်လည်း ယခုအခါ ၁၄၇၀ ဦးသို့ တိုးမြင့်လာခဲ့သည်။
အလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ဒေါ်အိရွှေစင်က အလုပ်သမားသမဂ္ဂများကို ထူထောင်ရာတွင် သမဂ္ဂလေးများအဖြစ် သီးခြားစီဖွဲ့စည်းမည့်အစား တူရာတူရာ စုပေါင်းပြီး သမဂ္ဂကြီးများအဖြစ် ဖွဲ့စည်းသင့်ကြောင်း YPI သို့ပြောသည်။
ရှေ့နေဦးဖိုးဖြူကမူ “ အလုပ်သမားသမဂ္ဂတွေများလေ ကောင်းလေပဲ။ ဥပဒေအရဆိုရင် မြို့နယ်၊ တိုင်း စတဲ့ သမဂ္ဂတွေဖွဲ့နိုင်ဖို့အတွက် သမဂ္ဂတွေများများရှိဖို့လိုတယ်။ မဟုတ်ရင် အုပ်စုတစ်ခုရဲ့ သြဇာခံ အလုပ်သမား သမဂ္ဂတွေက ကြီးစိုးလာနိုင်တယ်။” ဟုပြောသည်။
၂၀၁၁ အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေအရ အခြေခံအလုပ်သမားအဖွဲ့အစည်းကို အလုပ်သမား အနည်းဆုံးဦးရေ ၃၀ ဦးဖြင့်ဖွဲ့စည်းနိုင်ပြီး မြို့နယ်အလုပ်သမားအဖွဲ့အစည်းကိုမူ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းစုစုပေါင်း၏ အနည်းဆုံး ဆယ်ရာခိုင်နှုန်းကထောက်ခံပါက ဖွဲ့စည်းနိုင်သည် ဟုပြဋ္ဌာန်းထားသည်။
အလုပ်သမားအဖွဲ့ချုပ်များကိုလည်း လုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် ဖွဲ့စည်းထားသော တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့စုစုပေါင်း၏ အနည်းဆုံးဆယ်ရာခိုင်နှုန်းက ထောက်ခံပါက ဖွဲ့စည်းနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကိုလည်း လုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့ချုပ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက အနည်းဆုံးသဘောတူလျှင် ဖွဲ့စည်းနိုင်သည်။
၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် နည်းဥပဒေများသည် ယခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် ဥပဒေအဖြစ် စတင် အာဏာတည်ခဲ့သည်။ ယင်းဥပဒေတွင် လိုအပ်ချက်များ ရှိနေသေးကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်ပြောကြားလျှက်ရှိသည်။ ။
by သစ်ထူးလွင် & YPI

Tuesday, March 20, 2012
အလုပ်သမားများ အတွက် ကိုယ်ပိုင်အိမ်ရရှိရေး တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဆောင်ရွက်မည်
အလုပ်သမားများအတွက်
လူမှုဖူလုံရေး ဥပဒေသစ်ပေါ်ထွက်လာပါက အလုပ်သမားဝန်ကြီးဌာန ဖူလုံရေးအဖွဲ့မှ
တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း လူမှုဖူလုံရေး
မီဒီယာများတွေ့ဆုံပွဲတွင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ အဆိုပါ
တန်ဖိုးနည်း အိမ်ရာစီမံကိန်း လူမှုဖူလုံရေး ဥပဒေသစ်တွင် ပါရှိလာမည့်
အာမခံစနစ်တစ်ခုဖြစ်ပြီး အလုပ်သမားများ ကိုယ်ပိုင်အိမ်ဖြင့် ရရှိရေးအတွက်
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လူမှုဖူလုံရေး ဥပဒေသစ်ပေါ်ပေါက်လာပါက
အလုပ်သမားများအနေဖြင့် တန်ဖိုးနည်းအိမ်ရာဖြစ်ပေါ်လာလျှင် လစာ၏ ၁၀
ရာခိုင်နှုန်းကို အနည်းဆုံးပေးသွင်းရမည်ဖြစ်ပြီး ၎င်းအလုပ်သမားများ
စုဆောင်းထားသည့် ငွေပမာဏကို တိုးပွားအောင် ဆောင်ရွက်မည်ဖြစ်သည့်အတွက်
အစိုးရဘဏ်တွင် လက်မှတ်ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။ “တန်ဖိုးနည်းအိမ်ရာကို
ပုဂ္ဂလိက ဆောက်လုပ်ရေးတစ်ခုက တာဝန်ယူပြီး တည်ဆောက်မယ်ဆိုရင်
လုပ်သားတိုင်းအတွက်တော့ အစဉ်မပြေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့
အပြင်ကုမ္ပဏီတွေအနေနဲ့ ရင်းနှီးထားတဲ့ ငွေပမာဏကို တခြားရင်းနှီးဖို့အတွက်
အရစ်ကျဆိုပေမယ့် ငွေပမာဏများများနဲ့ ကောက်မှာပဲလေ။ အခုလို နိုင်ငံတော်က
ပံ့ပိုးမယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်သားတော်တော်များများအတွက်
အိုးပိုင်၊ အိမ်ပိုင် နေထိုင်ဖို့ အခြေအနေကောင်းတွေ ရှိလာမှာပါ” ဟု
ပြည်တွင်း နာမည်ရ ဆောက်လုပ်ရေးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အန်တီတို့ကတော့ ပညာရေးဝန်ထမ်း အငြိမ်းစားပါ။ နိုင်ငံတော်က ပေးထားတဲ့
မြေကွက်မှာ အိမ်ကလေးဆောက်ထားတော့ အိုးပိုင်၊ အိမ်ပိုင်ရှိတာပေါ့။ ဒါကတော့
ပြည်သူ့ဝန်ထမ်းတွေ အခြေခိုင်တာပေါ့။ အပြင်က လုပ်သားတွေကတော့ ၁၀ ဦးမှာ ၈
ဦးလောက်က အိမ်ငှားဘဝနဲ့ နေ့စဉ်လုပ်ငန်းခွင် ဝင်နေရတဲ့သူတွေ များပါတယ်။
သူတို့တွေ ကိုယ်ပိုင်အိမ်ဆိုတာ မလွယ်ဘူး” ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက
ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ထုတ် News Watch Weekly
ဂျာနယ်တွင် ဖော်ပြထားပါသည်။
by; Khit Lu Nge
by; Khit Lu Nge
တရားမဝင်ကုန်ပစ္စည်းများ တွေ့ရှိကြောင်း သတင်းပေးသူနှင့် ဖမ်းဆီးပေးသူကို ဆုငွေချီးမြှင့်မည့်ဥပဒေ ထုတ်ပြန်
တရားမဝင်
တင်ပို့တင်သွင်းသော ကုန်ပစ္စည်းများကို တွေ့ရှိပါက သတင်းပေးသူနှင့်
ဖမ်းဆီးပေးသူများကို ဆုငွေများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အမိန့်ကြေညာစာအမှတ် ၄/၂၀၁၂ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စု အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် သိမ်းဆည်းရမိသော တရားမဝင်
ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ အမိန့်တွင်
ကုန်ပစ္စည်းများကို ပိုမိုကျယ်ပြန့်စွာ ထိန်းချုပ်နိုင်ရန် အလို့ငှာ
ဖမ်းဆီးသိမ်းဆည်းရမိသော ကုန်ပစ္စည်းများအနက် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့
လွှဲပြောင်းရန် သတ်မှတ်ထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ကုန်ပစ္စည်းများကို
ထုခွဲရောင်းချလျက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ဖြစ်စေ၊ တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများသို့ ဖြစ်စေ ထည့်ဝင်ခြင်းနှင့်
သတင်းပေးသူ၊ စုံစမ်းထောက်လှမ်း ရှာဖွေဖမ်းဆီးသည့် အဖွဲ့များအား ဆုငွေအဖြစ်
ထုတ်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု
ဝန်ကြီးဌာနများက အကောက်ခွန်ဥပဒေအရ သိမ်းဆည်းသည့် ကုန်ပစ္စည်းများ၊
နယ်စပ်ဝင်ပေါက်များတွင် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ (OSS)
စခန်းများမှ ဖမ်းဆီးကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး
ထုခွဲရောင်းချ၍ ရရှိသောငွေအပေါ်တွင် ရာခိုင်နှုန်း ၈၀ ကို ပြည်ထောင်စု
ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ ၁၀ ရာခိုင်နှုန်းကို သတင်းပေးသူအား
ဆုငွေအဖြစ် ချီးမြှင့်ရမည်။ သတင်းပေးသူ မရှိပါက ပြည်ထောင်စုဘဏ္ဍာ
ရန်ပုံငွေသို့ ပေးသွင်းရမည်။ ၁၀ ရာခိုင်နှုန်းကို စုံစမ်းထောက်လှမ်းသည့်
အဖွဲ့အစည်းနှင့် ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းများသို့ ဆုငွေအဖြစ်
ချီးမြှင့်ရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်
အကောက်ခွန် ဥပဒေအရ သိမ်းဆည်းသည့် ကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်
သိမ်းဆည်းပြီး ထုခွဲရောင်းချ၍ ရရှိသော ငွေများအပေါ်တွင် ရာခိုင်နှုန်း ၅၀ ကို
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းရမည်။ ၃၀
ရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်။ ၁၀
ရာခိုင်နှုန်းကို သတင်းပေးသူအား ဆုငွေချီးမြှင့်ရမည်။ သတင်းပေးသူ မရှိပါက
ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်။ ၁၀ ရာခိုင်နှုန်းကို
စုံစမ်းထောက်လှမ်းသည့် အဖွဲ့အစည်းများနှင့် ရှာဖွေဖမ်းဆီးသည့်
အဖွဲ့အစည်းများသို့ ဆုငွေအဖြစ် ချီးမြှင့်ရမည်ဟု ဖော်ပြပါရှိသည်။
သိမ်းဆည်းရမိသော တရားမဝင် ကုန်ပစ္စည်းများနှင့် ပတ်သက်၍
ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ အမိန့်ကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ၂၀၁၂
ခုနှစ် မတ်လ ၂၀ ရက်နေ့ထုတ် Flower ဂျာနယ်တွင် ဖော်ပြထားပါသည်။
by; Khit Lu Nge
by; Khit Lu Nge
၂၀၁၅ ၌ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်
အစိုးရနှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) တို့ ရေးထိုးခဲ့သည့်
နားလည်မှု စာချွန်လွှာအရ ၂၀၁၅ ခုနှစ်၌ မြန်မာ နိုင်ငံတွင်း အဓမ္မ လုပ်အားပေး
ခိုင်းစေမှု လုံးဝ ပပျောက်ရန်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
အလုပ်သမား ဒု ၀န်ကြီး ဦးမြင့်သိန်းနှင့် ILO ရန်ကုန်ရုံးခွဲမှ ဆက်သွယ်
ညှိနှိုင်းရေးမှူးတို့ မတ် လ ၁၆ ရက်နေ့က နေပြည် တော် တွင်
အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးနှင့် ကလေးစစ်သား စုဆောင်းမှုဆိုင်ရာ
ဆက်နွယ်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပူးပေါင်းဖြေရှင်းသွားရေး
နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
လွန်ခဲ့သည့် ဇန်န၀ါရီလကပင် ILO နှင့် အတူပူးပေါင်းလုပ်ဆောင်ရေး နားလည်မှု စာချွန်လွှာ တနှစ် သက်တမ်း တိုးရေး လက်မှတ်ရေးထိုးခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးခိုင်းစေမှုများ ၂၀၁၅ ခုနှစ်မှာ လုံးဝ ပပျောက်ရေး လုပ်ဆောင်သွားမည်ဆိုသည့် အပေါ် ILO နှင့် ချိတ်ဆက်၍ လုပ်ကိုင်ကူညီပေးနေသူများက လက်တွေ့တွင် မဖြစ်နိုင်သေးကြောင်း ပြောဆို ကြသည်။
“ဒီ ၃ နှစ်အတောအတွင်းမှာ အဓမ္မအလုပ်ခိုင်းစေမှုတွေ လုံးလုံး ပပျောက်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူး။ စစ်တပ်ထဲမှာ လည်း ဖွဲ့စည်းပုံ မပြည့်တဲ့အတွက်ကလေးစစ်သား ခေါ်ဆောင်မှုဟာ ရှိနေဆဲပါပဲ။ ဒါကြောင့် အောင်မြင်ဖို့အတွက်တော့ ကျနော်တို့ ၀ိုင်းဝန်းကြိုးစားတွန်းအားပေးမယ်။ သို့သော်လက်တွေ့ဘ၀မှာ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းနေ ပါသေးတယ်”ဟု အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ကူညီပေးနေသူ တဦးဖြစ်သည့် ရန်ကုန်မြို့က ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။
၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှုများရှိလျှင် ILO သို့တိုင်ကြားနိုင်ရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးမှုများနှင့်ပတ်သက်၍ ယခုနောက်ပိုင်း ILO နှင့် ပူးပေါင်းဆောင်ရွက်ကာဖော်ထုတ် အရေးယူမူများကြောင့် လျော့နည်းလာသည်ဟု မြန်မာအစိုးရဘက်ကလည်း ပြောဆိုထားသည်။
ရန်ကုန် ILO ရုံးခွဲ၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ပြည့်နှစ်ကတည်းက အဓမ္မ လုပ်အားပေးခိုင်းစေမှုဆိုင်ရာ တိုင်ကြားစာ များစွာ ရရှိခဲ့သော်လည်း ယမန်နှစ် ဇွန်လ စာရင်းအရ တိုင်ကြားစာ ၅၀၆ ခုသာ လက်ခံရရှိခဲ့ပြီး အရေအတွက်အားဖြင့် လျော့နည်း လာသည်ဟု ဆိုသည်။
အဓမ္မ ခိုင်းစေမှု ပပျောက်ရေး အကူအညီပေးနေသူများကလည်း ယခင်ကထက် တိုင်ကြားမှု လျော့နည်းလာသည်မှာ မှန် ကန်သော်လည်း လက်လှမ်းမမှီသည့် နေရာများတွင် အဓမ္မခိုင်းစေမှုများ ကျန်ရှိနေသေးကြောင်း၊ မကြာမီကပင် ဧရာဝတီ တိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကျေးရွာများဘက်တွင် လုံခြုံရေးကင်း အဓမ္မ စောင့်ခိုင်းနေကြောင်း၊ မစောင့်ပါက ပိုက်ဆံ အဓမ္မ ကောက်ယူမှုများ ရှိနေကြောင်း၊ ထို့ကြောင့် အောက်ခြေ အာဏာပိုင်များ အဆင့် အထိ သက်ရောက်မှုရှိရန် လိုအပ်နေ သေးကြောင်း မစုစုနွေးက ဧရာဝတီကို ပြောသည်။
“ကိုယ်ထုတ်ပြန်ထားတဲ့ ဥပဒေကို ကိုယ်ကိုယ်တိုင် လိုက်နာလေးစားပြီးတော့ အတင်းအဓမ္မ ခိုင်းစေမှုတွေ၊ ကလေးစစ်သား စုဆောင်မှုတွေ မရှိအောင် အရင်လုပ်ဖို့ လိုပါတယ်”ဟု အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ကူညီပေးနေသူ မစုစုနွေးက ပြောသည်။
ILO နဲ့ အစိုးရတို့ လက်မှတ်ထိုးပြီး ဥပဒေများ ပြဌာန်းနိုင်ခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရေးအတွက် ပညာ ပေးရေးကိစ္စများကိုလည်း အစိုးရကိုယ်တိုင်က ဦးဆောင်လုပ်သင့်ကြောင်း သူက ဆိုသည်။
အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား ပပျောက်ရေး စသည်တို့အတွက် မြန်မာအစိုးရသစ်နှင့် ILO တို့သည် ယခု ထက် ပို၍ အားစိုက် လုပ်ဆောင်ရန် လိုအပ်နေပြီး ပညာပေးရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လည်း လို အပ်ကြောင်း၊ အားလုံးက ၀ိုင်းဝန်း ကူညီပေးရန်လည်း လိုအပ်ကြောင်း မစုစုနွေးနှင့် ကိုဖိုးဖြူတို့က ပြောဆိုသည်။
အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် အစိုးရ စစ်တပ်က အရပ်သား အမျိုးသား၊ အမျိုးသမီးများနှင့် အကျဉ်းသားများကို အထမ်းသမား ပေါ်တာအဖြစ် ခိုင်းစေမှုများ ရှိနေသည့်အပေါ် စိုးရိမ်နေရဆဲဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
ILO နှင့် သဘောတူညီချက်များအရ မြန်မာနိုင်ငံတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်း ပိုင်ခွင့်ဆိုင်ရာ ဥပဒေကိုလည်း အစိုး ရသစ် က မကြာမီက အတည်ပြု ပြဌာန်းလိုက်ပြီး မတ်လ ၉ ရက်နေ့တွင် ဥပဒေ စတင် အသင်ဝင်ပြီ ဖြစ်သော်လည်း ရပ်ဝေးဒေသများတွင်ဖြစ်ပေါ်နေသည့် အလုပ်သမားပြဿနာများကိုလည်း အလေးထား သင့်ကြောင်းလည်း ပြောသည်။
by; လင်းသန့် Irrawaddy
ချင်းပြည်နယ်
တီးတိန်မြို့နယ် လမ်းပိုင်းတခုရှိ မြေပြိုသည့်နေရာတွင် အဓမ္မလုပ်အားပေး
ခိုင်းစေခြင်း ခံရသည့် အလုပ်သမားများ။ (ဓာတ်ပုံ - Chin Human Rights
Organization)

Wednesday, March 7, 2012
အမျိုးသမီး အမှုဆောင် အများစုဖြင့် တိုင်ရီသမဂ္ဂဖွဲ့စည်းပြီး
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများက အခြေခံ စက်ရုံ အလုပ်သမားသမဂ္ဂကို
တနင်္ဂနွေနေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
အဆိုပါ သမဂ္ဂအမှုဆောင် ၂၁ ဦးတွင် အမျိုးသမီး အများစုဖြင့် ဖွဲ့စည်းလိုက်ကြခြင်းဖြစ်ကြောင်း သမဂ္ဂဖွဲ့စည်းနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သူ မစုစုနွေး က မဇ္ဈိမကို ပြောသည်။
“တိုင်ရီစက်ရုံမှာ အလုပ်သမား ၁၈၀၀ ကျော် ရှိတဲ့အထဲမှာ ယောက်ျားလေးက အယောက် ၂၀၀ တောင် မရှိပါဘူးရှင်။ ကျတဲ့ဥစ္စာ အမျိုးသမီးတွေချည်းပါ” ဟု ပြောသည်။
ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း၊ အတွင်းရေးမှူးများအဖြစ် မသန်းသန်းစိန်နဲ့ မစုသက်မာတို့က ဆောင်ရွက်ပြီး ဘဏ္ဍာရေးမှူးများ အဖြစ် မချိုမာဝင်းနဲ့မချိုဇင်ဝင်းတို့က ဆောင်ရွက်ကြမည် ဖြစ်သည်။ ထို့ပြင် အမှုဆောင်အဖွဲ့တွင် မစုငွေဇင်၊ မဇင်မာဝင်း၊ မသီတာဝင်း၊ မနွယ်နွယ်စံ၊ မအေးသက်မော်၊ မစန္ဒာမော်၊ မသူဇာဝင်း၊ မဖြူယုယုဝင်း၊ မ၀င်းဝင်းသန်း စသူတို့ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
သမဂ္ဂကို မတ်လ ၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော်လည်း ၄ ရက်နေ့တွင် အမှုဆောင် ၂၁ ဦးဖြင့် ထောက်ခံသူများက အတည်ပြု လက်မှတ်ထိုးလိုက်ကြခြင်းဖြစ်သည်။
“လက်မှတ်ရေးထိုးပြီး အတည်ပြုပွဲလုပ်တာပါ။ ဒီအလုပ်အမှုဆောင်အဖွဲ့ကို ထောက်ခံ လက်မှတ်ထိုးထားတာက တရာကျော် ရှိပါတယ်။ ဆက်ထိုးကြဖို့လည်း ရှိပါတယ်” ဟု မစုစုနွေး က ပြောသည်။ အခြားစက်ရုံတချို့မှလည်း သမဂ္ဂဖွဲ့စည်းနိုင်ဖို့ အကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း ဆက်ပြောသည်။
လွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေအရ အခြေခံအလုပ်သမားသမဂ္ဂတခုကို အဖွဲ့ဝင် ၃၀ ရှိပါက ဖွဲ့စည်းနိုင်သည်ဟု ပါရှိသည်။ သို့သော် ထိုဥပဒေမှာ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းထားခြင်း မရှိသေးပေ။
ယခုကဲ့သို့ အလုပ်သမားများက မိမိတို့ဆန္ဒအလျောက် သမဂ္ဂဖွဲ့စည်းလိုက်ဖြင်းအားဖြင့် အစိုးရဘက်မှ ဖိအားပေးမှုများ ရှိလာပါက ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း မစုစုနွေး က ပြောသည်။
“ကျမတို့က နိုင်ငံရေးပါတီတွေကလည်း မဟုတ်ဘူး။ အလုပ်ရုံထဲမှာ တကယ်အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေ
ဖြစ်တယ်။ အလုပ်ရုံထဲကနေ အလုပ်သမားတွေ ရပိုင်တဲ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် ဖွဲ့တာပါ။ အလုပ်သမား အခွင့်အရေးတွေကို စနစ်တကျနဲ့ သင်တန်းတွေပေးပြီးတော့ နစ်နာမှုတွေကို အဖွဲ့အစည်းက ဦးဆောင်ပြီး တင်ပြ
တောင်းဆိုသွားဖို့ပါ” ဟု ပြောသည်။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁၈၀၀ ကျော်က တနေ့တာလုပ်ခနှင့် ရက်မှန်ကြေး တိုးမြှင့်ပေးရန်အပြင် အခြား လူမှုဖူလုံရေးများအတွက် ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ သပိတ်မှောက်ဆန္ဒပြလာကြရာ ၁၆ ရက်နေ့တွင် အလုပ်ရှင်နှင့် ဆွေးနွေးခဲ့ကြသည်။
အလုပ်သမားများက တနေ့လုပ်ခ ၇၅ ကျပ်ကို ၁၅၀ ပေးရန်၊ ရက်မှန်ကြေး ၆၀၀၀ အား ၈၀၀၀ အထိ တိုးပေးရန်
တောင်းဆိုထားသော်လည်း အလုပ်ရှင်က တနေ့လုပ်ခ ၁၀၀ ကျပ်နှင့် ရက်မှန်ကြေး ၇၀၀၀ ကျပ် ပေးမည်ဟု ဆိုခဲ့သည်။
ဤသည်ကို မကြေလည်နိုင်ကြသည့် အလုပ်သမားများက ၀ါဏိဇ္ဇပဋိပက္ခခုံရုံးသို့ အဆုံးအဖြတ်ပေးရန် လျှောက်လဲခဲ့ရာ မတ်လ ၁ ရက်နေ့ ခုံရုံးဆုံးဖြတ်ချက်အရ တနေ့လုပ်ခ ၁၂၀ ကျပ် ရရှိမည်ဖြစ်ကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမနှင့် မေးမြန်းရာတွင် ပြောဆိုခဲ့သည်။
"ဝါဏိဇ္ဇပဋိပက္ခကို တင်တဲ့အခါမှာ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ စေ့စေ့ပေါက်ပေါက် တွက်ကြည့်လိုက်တဲ့အခါမှာ တနာရီကို ၁၂ဝ နှုန်းလောက် ကျတယ်။ တနာရီကို ကျပ် ၂ဝ တိုးပေးတဲ့သဘောပေါ့" ဟု ပြောသည်။
သို့သော် မစုစုနွေး က “၀ါဏိဇ္ဇက ၁၂၀ ကျပ် ပေးတယ်လို့ ဆုံးဖြတ်တယ်ဆိုတာ မဟုတ်ဘူးလို့ အလုပ်သမားတွေက ကျမကို ပြောပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမား ဆွေးနွေးရေးလမ်းကြောင်းပေါ်က ကျမတို့ သွားနေတာပါ” ဟု မဇ္ဈိမကို ပြောသည်။
အလုပ်သမားအချို့မှာ ၀ါဏိဇ္ဇခုံရုံးသို့ တက်ခဲ့ကြသော်လည်း အချို့မှာ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က အလုပ်ရှင် ကတိပေး စာချုပ်ချုပ်ဆိုထားသည့် တနေ့လုပ်ခ ၁၀၀ ကျပ်၊ ရက်မှန်ကြေး ၇၀၀၀ ရယူ၍ ဆက်လက် အလုပ်လုပ်နေကြပြီ
ဖြစ်သည်။
စာချုပ်ပါအတိုင်း အလုပ်ရှင်ဘက်မှ ခံစာခွင့်များ တိုးမြှင့်မပေးပါက ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်းလည်း မစုစုနွေး က ပြောသည်။
လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးမှု မရရှိခြင်းကြောင့် "လုပ်ငန်းခွင် သာယာရေး စည်းမျဉ်းစည်းကမ်းတွေကို အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီးတော့ ထုတ်ပြန်ဖို့ဆိုတဲ့ အချက်ကိုတော့ ဝါဏိဇ္ဇက အသိအမှတ် မပြုပါဘူး။ ဒါဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ရေရည် အစဉ်တစိုက် ဆက်လက်ပြီးတော့ ကြိုးစားရဦးမယ့် ကိစ္စပဲဖြစ်ပါတယ်" ဟု အလုပ်သမားအရေး အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက ပြောသည်။
ယခုဖွဲ့စည်းလိုက်သည့် သမဂ္ဂအနေဖြင့် အခြေခံ အလုပ်သမား အခွင့်အရေးများနှင့်ပတ်သက်၍ သင်တန်းများပို့ချပြီး နစ်နာမှုများအား သမဂ္ဂမှ ဦးဆောင်တင်ပြတောင်းဆိုသွားမည်ဟုလည်း သိရသည်။
by; ကိုပေါက် Mizzima

ဖေဖေါ်ဝါရီ
၆ ရက်နေ့မှ စတင်သပိတ်မှောက်ခဲ့သော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ
ဖိနပ်စက်ရုံမှ အလုပ်သမားများကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။
(ဓါတ်ပုံ - မဇ္ဈိမ)

Thursday, March 1, 2012
နိုင်ငံခြားသွားမည့် မြန်မာများသိထားရန်
မကြာသေးမီက အာဖရိက တိုက်ရှိ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား စသည့်နိုင်ငံများ၌
နိုင်ငံရေးမငြိမ် မသက်မှုများ ဖြစ်ပွားခဲ့ခြင်းနှင့် ဂျပန် နိုင်ငံတွင်
ငလျင်လှုပ်ခတ်၍ ဆူနာ မီရေလှိုင်းဘေးဒဏ် ကျရောက်ခဲ့ ခြင်းတို့ကြောင့်
အဆိုပါနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ နေထိုင်ကြသော
နိုင်ငံခြားသားများ သည် မလိုလားအပ်သော ဘေး ဒုက္ခများနှင့်
ရင်ဆိုင်ကြုံတွေ့ခဲ့ရပါ သည်။ ယင်းကဲ့သို့သော မမျှော်လင့် ဘဲ ဖြစ်ပွားလာသည့်
အခြေအနေ မျိုးနှင့် မမျှော်မှန်းနိုင်သော သဘာ ဝဘေးအန္တရာယ်များဖြစ်လာပါက
လိုအပ်သည့် ကူညီစောင့်ရှောက်မှု များ အမြန်ဆုံးရယူနိုင်ရန် ပြည်ပသို့
အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာ မည့် မြန်မာနိုင်ငံသားများ၏ အကျိုး
စီးပွားနှင့် လုံခြုံရေးဆိုင်ရာ ဗဟုသု တအဖြစ် နိုင်ငံခြားခရီးထွက်ခွာလို
သော မြန်မာနိုင်ငံသားများအတွက် သတိပြုသင့်သည့် အချက်များကို အောက်ပါအတိုင်း
ဖော်ပြအပ်ပါသည်။
(၁) မိမိခရီးထွက်ခွာမည့် နိုင်ငံ ၏အကြောင်းကို သိရှိနားလည်ရန်၊ ¤င်းနိုင်ငံ၏ ဓလေ့ထုံးစံ၊ ဘာသာနှင့် ယဉ်ကျေးမှု၊ ရာသီဥတု၊ တရား ဥပဒေစိုးမိုးရေး၊ ခုခံအားကျဆင်းမှု ရောဂါနှင့်ကာလသားရောဂါအတိုင်းအ တာ အခြေအနေ၊ ဥပဒေစည်းမျဉ်း စည်းကမ်း စသည့်သတင်းအချက် အလက်များကို အတတ်နိုင်ဆုံး ပိုမို သိရှိရန် ဆောင်ရွက်ပြီး ကြိုတင် ကာကွယ်မှုများကိုလည်း ပြင်ဆင်မှု ရှိရမည်။
(၂) နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သော http://www.mofa.gov.mm/ သို့ ဝင်ရောက်၍ ပြည်ပနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့နှင့် ဆက် သွယ်ရေးနည်းလမ်းများနှင့် သတင်း အချက်အလက်များကို စုံစမ်းလ့လာ ရန် လိုအပ်ပါသည်။ သွားရောက် လိုသောနိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်မှု မရှိသေးပါ က အနီးဆုံးနိုင်ငံတွင်ရှိသော မြန်မာ နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့ ၏ နေရပ်လိပ်စာနှင့်ဆက်သွယ်ရန် ဖုန်းနံပါတ်များကို သိရှိရန်နှင့် ဆက် သွယ်မှုစနစ်အား နားလည်ရန် လို အပ်ပါသည်။
(၃) ခရီးမထွက်ခွာမီ လိုအပ် သည့် ခရီးသွားသက်သေခံလက် မှတ်များကို ကြိုတင်ပြင်ဆင်ရမည်။ လမ်းခရီးအတွင်း မိမိ၏ သက်သေခံ မှတ်ပုံတင်လက်မှတ်များကို ကိုယ် ၌အမြဲဆောင်ကြဉ်းထားရမည်။ တိ ကျမှန်ကန်သော သက်သေခံလက် မှတ်က မိမိအားအချိန်မီ ထိရောက် စွာကယ်ဆယ်ရေး၏ အခြေခံအ ကြောင်းအချက်တစ်ရပ်ဖြစ်သည်။ အရေးကြုံပြီးနောက် လျော်ကြေး တောင်းခံခြင်း၊ ငွေကြေးထောက်ပံ့ ကူညီခြင်းတို့အတွက် လိုအပ်သော အခြေခံတောင်းဆိုချက်များ ဖြစ် သည်။ နိုင်ငံခြား၌ နေထိုင်ချိန်အ တွင်း သက်သေခံလက်မှတ်များ အနက် နိုင်ငံကူးလက်မှတ်(Passport) ခရီးသွားလက်မှတ်၊ နေထိုင်ခွင့် လက်မှတ်၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်၊ လူမှုအာမခံလက်မှတ် စသည်များ အကျုံးဝင်ပေသည်။ နိုင်ငံကူးလက်မှတ်သက်တမ်း သတ် မှတ်ချက်နှင့် ဗီဇာလာလျှောက်ထား ခြင်းအား ငြင်းပယ်ခံရခြင်း သို့မ ဟုတ် နိုင်ငံကူးလက်မှတ် သက် တမ်းကုန်ဆုံးမှုကြောင့် ခရီးစဉ်အား ဖျက်သိမ်းခြင်းမျိုး မဖြစ်ပွားစေရန် မိမိနိုင်ငံကူးလက်မှတ်သက်တမ်း (လက်ကျန် သက်တမ်း အနည်းဆုံး ၆ လ အထက်ရှိရမည်)ကို သတိ ပြု စစ်ဆေးရမည်။
(၄) မိမိခရီးသွားရောက်လို သောနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာနှင့် ဝင် ရောက်ဖြတ်သန်းသွားလာမည့် နိုင်ငံ ၏ဖြတ်သန်းသွားလာခွင့်ဗီဇာကို ကြိုတင်လျှောက်ထားရယူရမည်။ ဗီ ဇာအမျိုးအစားသည် မိမိ၏သွားလို သောခရီးနှင့် ညီညွတ်မှုရှိရမည်။ ဗီဇာသက်တမ်းနှင့်ဝင်ရောက် ရပ်နား ချိန်သည် ခရီးစဉ်နှင့် ညီညွတ်မှုရှိရ မည်။
(၅) လေယာဉ်(မော်တော်ယာဉ်၊ ရထား၊ သင်္ဘော)လက်မှတ်များ၌ သတ်မှတ်ထားသော လိုက်ပါစီးနင်း မည့်အချိန်၊ နေရာဒေသနှင့် ဆက် လက်ခရီးသွားရမည့် ပူးတွဲယာဉ်စီး လက်မှတ်များ၏ ရှေ့နောက်ချိတ် ဆက် မှန်ကန်မှုရှိမရှိကို သေချာစွာ စစ်ဆေးကြည့်ရှုရမည်။
(၆) လိုအပ်သော ပုဂ္ဂိုလ်ရေး ဆိုင်ရာ လုံခြုံမှုနှင့် ကျန်းမာရေးဆိုင် ရာ အာမခံများကို ဝယ်ယူရမည်။ ပတ်ဝန်းကျင်အသစ်ဖြစ်သော နိုင်ငံ ရပ်ခြားတွင် မမျှော်လင့်သော လုံခြုံ ရေးဆိုင်ရာ အန္တရာယ်များနှင့် ရင် ဆိုင်ရဖွယ်ရာရှိပါသည်။ နိုင်ငံရပ်ခြား ၌ ဆေးဝါးကုသမှုစရိတ်သည် ယေ ဘုယျအားဖြင့် မြင့်မားပြီး သင့်လျော် သော အာမခံမျိုးကို ဝယ်ယူရန် အဆိုပြုလိုပါသည်။
(၇) လိုအပ်သော ကူးစက် ရောဂါ ကာကွယ်ဆေးများကို ကြို တင်ထိုးပြီး၊ ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ် (စက္ကူဝါ လက်မှတ်ဟုလည်း ခေါ်ဆိုကြ သည်)ကို ကိုယ်၌အမြဲဆောင်ကြဉ်း ထားရမည်။ အခါအခွင့်သင့်ခိုက် ဘက်စုံကျန်းမာရေးစစ်ဆေးခြင်း ပြု လုပ်လျှင်ပို၍ကောင်းပါသည်။
(၈) မူးယစ်ဆေးဝါး၊ အပြည် ပြည်ဆိုင်ရာမှ ပိတ်ပင်တားမြစ်ထား သော ပစ္စည်းများ၊ ထိန်းသိမ်းစောင့် ရှောက်ခြင်း သတ်မှတ်ထားသော တိရစ္ဆာန်နှင့်ပစ္စည်းများ၊ ဆိုက် ရောက်မည့်နိုင်ငံမှ ပိတ်ပင်တားမြစ် ထားသော အခြားပစ္စည်းများအား သယ်ဆောင်ခြင်းကို လုံးဝမပြုလုပ် ရန် သတိပြုရမည်ဖြစ်ပါသည်။
(၉) မိမိသယ်ဆောင်လာသော ဆေးဝါးများကို အလေးအနက် ရွေး ချယ်စိစစ်ပါ။ နိုင်ငံအတော်များများ တွင် ဆေးဝါးနှင့်ပတ်သက်ပြီး တင်း ကြပ်သောစည်းကမ်းချက်များ ချ မှတ်ကျင့်သုံးလေ့ရှိပါသည်။ မလို အပ်သောပြဿနာရပ်များ ရှောင် ကြဉ်နိုင်ရန် ဆိုက်ရောက်နိုင်ငံ ပင် လယ်အကောက်ခွန်ဌာန၏ ဆေး ဝါးအမျိုးအမည်နှင့် အရေအတွက် ခွင့်ပြုသတ်မှတ်ချက်အတိုင်းသာ ယူ ဆောင်ပါ။ မိမိရောဂါ ကုသရေးအ တွက် အမှန်တကယ်လိုအပ်သော ဆေးဝါးများဖြစ်ပါက ဆရာဝန်၏ ဆေးစာရွက်၊ နိုင်ငံခြားဘာသာဆေး ညွှန်းနှင့် ဆေးဝါးပြေစာများကို တစ် ပါတည်း ဆောင်ကြဉ်းထားရမည်။
(၁ဝ) ဆိုက်ရောက်နိုင်ငံ ပင် လယ်အကောက်ခွန်ဌာနမှ အစား အသောက်၊ တိရစ္ဆာန်နှင့် ရုက္ခဗေဒ ထွက်ပစ္စည်း၊ နိုင်ငံခြားငွေယူဆောင် ခွင့်ကန့်သတ်ချက်များကို သတိပြု ပါ။ ငွေအလုံးအရင်း ယူဆောင်ပါက ပင်လယ်အကောက်ခွန်ဌာနသို့ လျှောက်ထားတင်ပြရမည်။ မိမိနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသူများ၏ ဝန် စည်နှင့်ပစ္စည်း သယ်ယူပို့ဆောင် ခြင်းကို လုံးဝမပြုလုပ်ရ။
(၁၁) မိမိအိမ်သား၊ မိတ်ဆွေ များနှင့် ဆက်သွယ်မှုမပြတ်ပါစေနှင့်။ ပြည်ပမထွက်ခွာမီ ခရီးသွားအစီ အစဉ်နှင့် ဆက်သွယ်ရေးနည်းနာ များကို မိမိအိမ်သားများနှင့် မိတ် ဆွေများအား ကြိုတင်အကြောင်း ကြား အသိပေးရမည်။ အရေးပေါ် အခြေအနေအောက်တွင် သက်ဆိုင် ရာဌာနများက မိမိ၏အိမ်သား သို့မ ဟုတ် မိတ်ဆွေများနှင့် အချိန်မီ ဆက်သွယ်နိုင်ရေးအတွက် နိုင်ငံ ကူးလက်မှတ်ပေါ်၌မိမိ၏ အိမ်သား သို့မဟုတ် မိတ်ဆွေတို့၏ နေရပ် လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကို အတိ အကျရေးသားဖော်ပြ ထားပါရန် အကြံပြုအပ်ပါသည်။ နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ၊ နိုင်ငံသား မှတ်ပုံတင်တို့ကို မိတ္တူ ၂ စုံစီဆွဲ ပြီး တစ်စုံကို အိမ်၌ထား၍ ကျန်တစ်စုံကို မိမိနှင့်တစ်ပါတည်း ကိုင်ဆောင်ထားပါ။ လိုအပ်သည့်အ လျှောက် သုံးစွဲနိုင်ရန် နိုင်ငံကူး လက် မှတ်သုံး အပိုဓာတ်ပုံအချို့ ကြိုတင် ပြင်ဆင်ထားရန်လည်း လိုအပ်ပါ သည်။
(၁၂) ခရီးသွားသုံးစွဲငွေနှင့် ပစ္စည်း များပြင်ဆင်သောအခါ ဃမနိငအ ဃမေိ ၊ီနဘငအ ဃမေိ နှင့် ချက် လက်မှတ်များကိုသုံးစွဲရန် ထည့် သွင်းစဉ်းစားသင့်ပါသည်။ သို့ရာတွင် ကတ်နှင့်လက်မှတ်တို့ ၏နံပါတ်ကို သီးခြားမှတ်သားထား ရန် လိုအပ်ပါသည်။ အဆိုပါ ငွေ လက်မှတ်များ ပျောက်ဆုံးလျှင် ပျောက်ဆုံးကြောင်း၊ ဘဏ်တိုက်သို့ မည်ကဲ့သို့ မှတ်ပုံတင်အကြောင်း ကြားရမည့် ဆောင်ရွက်နည်းကို လည်း ကြိုတင်သိရှိ နားလည်ရန် လိုအပ်ပါသည်။ Credit Card/Debit Card တို့၏ သက်တမ်းကို သတိပြု စစ်ဆေးရမည်။ လက်ငင်း ငွေအလုံးအရင်း ယူဆောင်လာပါက သတ်မှတ်ချက်အရ ပင်လယ် အကောက်ခွန်ဌာနသို့ သတင်းပို့ အကြောင်းကြားရမည်။
(၁၃) နိုင်ငံခြားသို့ ပညာတော် သင်အတွက် သွားရောက်လိုပါက ကြားခံ ဝန်ဆောင်မှုလုပ်ငန်း(ပွဲစား)မှ တစ်ဆင့်ဆောင်ရွက်လျှင် ကြားခံဝန် ဆောင်မှုလုပ်ငန်း(ပွဲစား)၏ လုပ်ငန်း အရည်အချင်းပြည့်ဝမှုရှိ၊မရှိ၊ မိမိ လျှောက်ထားသောကျောင်းမှ ဖွင့် လှစ်သော ဘာသာရပ်သည် သက် ဆိုင်ရာပညာရေးဌာန၏ တရားဝင် ခွင့်ပြုချက် ရှိ၊ မရှိ(သို့မဟုတ်)လုပ် ပိုင်ခွင့်ပါမစ်ရရှိခြင်း ရှိ၊ မရှိတို့ကို ကြိုတင်သိရှိနားလည်ရန် လိုအပ်ပြီး၊ ယုံမှတ်လို့ပုံအပ်မှုများကို ရှောင်ကြဉ် ရမည်။
(၁၄) နိုင်ငံခြားသို့ အလုပ်ကိစ္စ ဖြင့် သွားရောက်ပါက မိမိတိုင်းပြည် မှ မထွက်ခွာမီ ပြည်ပ၌ အလုပ်လုပ် ကိုင်ရန် လုပ်သားခေါ်ယူပိုင်ခွင့်လက် မှတ်(သို့မဟုတ်) နိုင်ငံခြား၌ အလုပ် နေရာချထားရေး ပွဲစားမှတ်ပုံတင် လက်မှတ် ကိုင်ဆောင်ထားရှိသော ဌာနများ၌ လုပ်ကိုင်ဆောင်ရွက်ရာ တွင်လည်း သက်ဆိုင်ရာဌာနများမှ တရားဝင်ခွင့်ပြုချက် ရှိ၊ မရှိ (သို့ မဟုတ်)လုပ်ပိုင်ခွင့်ပါမစ်ရရှိခြင်း ရှိ၊ မရှိတို့ကို ကြိုတင်သိရှိနားလည်ရန် လိုအပ်ပြီး အလုပ်စာချုပ်ချုပ်ဆို သောအခါ စာချုပ်ပါအချက်များ အထူးသဖြင့် လစာ၊ လစာတွက် ချက်နည်း၊ သက်သာချောင်ချိရေး၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု လျော်ကြေးငွေပမာဏစသည့်သတ် မှတ်ချက်များကို သေချာစွာ ဖတ်ရှု လေ့လာပြီး နောက်ပိုင်းတွင် အငြင်း ပွားမှုများ ရှောင်ကြဉ်နိုင်ရန် နှုတ် ဖြင့်ပေးထားသော ဝန်ခံကတိကို လည်း စာချုပ်တွင် တစ်ပါတည်း ရေးသားဖော်ပြရန် တောင်းဆိုရ မည်။
ဆက်လက်၍ ပြည်ပသို့ရောက် ရှိပြီးနောက် သတိပြုရမည့်အချက် များကိုလည်း အလျဉ်းသင့်သလို ထပ်မံဖော်ပြပေးသွားလိုပါသည်။
by; ကျော်စွာ(နန်နင်း) Popular News Journal

Subscribe to:
Comments (Atom)