ဒီဇင်ဘာလ ၂၁
ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန် ကြေညာချက်ကိုမြန်မာနိုင်ငံ
ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် လက်မှတ်နဲ့
ထုတ်ပြန်ထားတာဖြစ်ပြီး အစိုးရပိုင် သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။
ပြည်ပနေ
မြန်မာနိုင်ငံသားများက နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လစာ ခေါင်းစဉ်အောက်မှာ
ဝင်ငွေစုစုပေါင်းအပေါ် နိုင်ငံခြားငွေနဲ့ ပေးဆောင်ရတဲ့ အခွန်ကို
ဝင်ငွေခွန်ပုဒ်မ ဥပဒေ ၅ အပိုဒ်ခွဲ (ခ) အရ ကင်းလွတ်ခွင့်
ပြုလိုက်ကြောင်း ဖော်ပြထားပါတယ်။
အခုလို အခွန်
ကင်းလွတ်ခွင့် ပြုလိုက်တဲ့အပေါ် မြန်မာနိုင်ငံ ရှေ့နေများကောင်စီဥက္ကဋ္ဌ
ဦးသိန်းဦးက “မြန်မာနိုင်ငံသားတွေ အပေါ်မှာ အခွန် ၂ ခုကောက်တဲ့ စနစ်အပေါ်မှာ
အခု မြန်မာနိုင်ငံကနေပြီးတော့ အခွန်မကောက်တော့ဘူး။ သက်ဆိုင်ရာ
အလုပ်လုပ်တဲ့ နိုင်ငံတွေကပဲ အခွန်ကောက်မယ်။ မြန်မာနိုင်ငံအတွက် အခွန်တွေကို
ပယ်ဖျက်ပေးလိုက်တယ်ဆိုတဲ့ ကြေညာချက်ဟာ ကောင်းမွန်ပါတယ်။ အကျိုးရှိတဲ့
အလားအလာတွေ မြင်တွေ့ရတယ်။ အလုပ်လုပ်တဲ့ လူတယောက်ဟာ သက်ဆိုင်ရာနိုင်ငံမှာ
အခွန်ထမ်းဆောင်ပြီးပြီဆိုရင် သူ့ရဲ့ရပိုင်ခွင့်အားလုံးဟာ သူ့အတွက်ပါပဲ။
သူ့ရပိုင်ခွင့်ရှိတဲ့ဟာကို သူ့မိသားစုကို ပြန်လည်ထောက်ပံ့ခြင်းအားဖြင့်
မြန်မာနိုင်ငံက မိသားစုတွေဟာ ချောင်လည်လာမယ်။ သူ့တို့ရဲ့ စားဝတ်နေရေး
အာမခံချက်ရှိလာမယ်။ ဒါဆိုရင် မြန်မာနိုင်ငံဟာ အလိုအလျောက်ပဲ
ပိုပြီးကောင်းမွန်တဲ့ လူနေမှုဘ၀တွေရောက်ရှိလာပြီးတော့ မြန်မာနိုင်ငံမှာ
ဆင်းရဲမွဲတေမှုတွေ ပပျောက်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒါကြောင့်
ကောင်းမွန်တဲ့ လုပ်ငန်းတရပ်အနေနဲ့ ကျနော်တို့ ကြိုဆိုပါတယ်။”
အခုလို
မြန်မာနိုင်ငံဘက်ကို အခွန်ကင်းလွတ်ခွင့် ပြုလိုက်တဲ့ ကြေညာချက်ကို
ပြည်ပရောက် မြန်မာနိုင်ငံသား အများစုက ကြိုဆိုခဲ့ကြပါတယ်။
ပြည်ပရောက်
မြန်မာနိုင်ငံသားတွေဟာ ရောက်ရှိနေထိုင် အလုပ် လုပ်ကိုင်နေတဲ့ နိုင်ငံအတွက်
အခွန်ပေးဆောင်နေရသလို မိခင်နိုင်ငံအတွက်လည်း သံရုံးမှာ အခွန်နှစ်ထပ်
ဆောင်နေကြရတာပါ။ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေကတော့ အခွန်နှစ်ထပ်
မဆောင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။
ခုလို အခွန်
ကင်းလွတ်ခွင့်ပြုလိုက်တဲ့အပေါ် စင်ကာပူရောက် မြန်မာ အင်ဂျင်နီယာတဦးက “အခွန်
နှစ်ထပ်မကောက်ဘူးလို့ စင်ကာပူအစိုးရနဲ့ မြန်မာနိုင်ငံ လက်မှတ်ထိုးထားတာ
ရှိခဲ့ပါတယ်။ ခုလို မကောက်တော့ကြောင်း ကြေညာတာက လုပ်သင့်တာကို
လုပ်လိုက်တာပါပဲ” လို့ ပြောပါတယ်။
အရင်က
ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ လစာဝင်ငွေရဲ့ ၁၀
ရာခိုင်နှုန်းကို မြန်မာသံရုံးတွေမှာ အခွန်ပေးဆောင်နေရတာ ဖြစ်ပါတယ်။
by: DVB
2 comments:
DTA (Double Tax Avoidance) between Singapore and Myanmar government was in forced in 2009. It is effective from the date 1st January, 2010. By right, Myanmar government should have declared this resolution earlier than 22nd Dec 2011 and Myanmar citizen in foreign should not have been taken tax assessment to Myanmar Embassy. However, in an anyway, we are satisfied for no longer tax to us from 01 Jan 2012. Thank you.
Any one who interested to see DTA from IRAS Singapore, it can be downloaded by clicking the flag of Myanmar in below link.
http://www.iras.gov.sg/irasHome/page.aspx?id=812
Post a Comment