ဤဥပဒေကို လိုက်နာစောင့်စည်းရန်အတွက် လုပ်ငန်းရှင်အဖွဲ့ဝင်များ၏ လုပ်ငန်းသဘော သဘာဝသည် ထိုဥပဒေအပေါ်တွင် ထောက်ပံ့မှုပေးနိုင်ရ မည်။ ထိုဥပဒေများကို ခိုင်မာစေရန် နိုင်ငံတကာတွင် ထိုဥပဒေ၏ ရည်ရွယ်ချက်အောင်မြင်ရေးအတွက် အထက်ဖေါ်ပြခဲ့ပြီးသော လျှပ်စစ်လုပ်ငန်းများ အားလုံး၏ စီမံခန့်ခွဲမှုစနစ် အခြေခံ စည်းမျည်းများသည် ဥပဒေ၏ ချို့ယွင်းချက်များ အပေါ် ရှာဖွေပြင်ဆင်၍ အကြွင်းမဲ့ ထောက်ခံကျင့်သုံး ရပါမည်။
အဖွဲ့ဝင်များအနေဖြင့် ရှေ့ဆောင်ဦးရွက်ပြုထားသော ကုန်ကြမ်းမှသည် ကုန်ချောဆီသို့ဆောင်ပုဒ်ကို လေးစားလိုက်နာ မှသာ ဤဥပဒေသ၏ အကျိုးအမြတ်နှင့် အောင်မြင်မှုကို ရရှိနိုင်မည် ဟု သိရှိထားသင့်သည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် လုပ်ငန်းရှင်များသည် ၎င်းတို့၏ နောက်လိုက်လုပ်ငန်းရှင်အားလုံးနှင့်တကွ ကုန်ကြမ်းထောက်ပံသူများကိုပါ အသိအမှတ်ပြုလိုက်နာရန် လိုအပ်ကြောင်း အသိပေးရမည်။
နိုင်ငံတနိုင်ငံတွင် ကျင့်သုံးလိုက်နာရမည့် ၎င်းနိုင်ငံ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့အပေါ် တည်မှီပြီး တည်ဆောက်ထားသော စီးပွားရေးလုပ်ငန်းများတွင် ဤဥပဒေသများကို အခြေခံအားဖြင့် ထည့်သွင်းဖေါ် ပြရမည်။ မိမိတို့ ပတ်ဝန်းကျင်နှင့် ခေတ်သစ်လူ့အဖွဲ့အစည်းအပေါ်တွင် တာဝန်ယူနိုင်မှု ရှိစွမ်းရန်အတွက် နိုင်ငံတကာ အသိအမှတ်ပြုထားသော အဆင့်အတန်းနှင့်အညီ ရေးဆွဲထားပြီး ဤဥပဒေသများ ပိုမို ကောင်းမွန်ရေးနှင့် တရားဝင်ဖြစ်အောင် အဖွဲ့ဝင်လုပ်ငန်းရှင်များကို ထိုဥပဒေမှ အားဖြည့် ပေးထားပါသည်။
လျှပ်စစ်လုပ်ငန်းရှင်များအနေဖြင့် ထိုဥပဒေများတည်တန့်ရေးနှင့် တိုးတက်ကောင်းမွန်ရေးတို့ပြင် မိမိတို့၏ လုပ်ငန်း ရှယ်ယာဝင်များ ထံမှ ထောက်ပံမှုများ ပုံမှန်ရရှိရေးအတွက် ဤစောင့်စည်းလိုက်နာအပ်သော စည်းမျဉ်းစည်းကမ်းများကို ၎င်းတို့အား အသိပေးတင်ပြထားရမည်။
ယခုတင်ပြခဲ့သော ဥပဒေကို အခန်း (၅)ခန်း ခွဲ၍ စီမံထားရှိသည်။ အခန်း (က)၊ (ခ)နှင့်၊ (ဂ) တို့သည် အခြေခံအလုပ်သမားအခွင့်အရေး၊ ကျန်းမာရေးနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းခွင် သဘာဝ ပတ်ဝန်းကျင် တို့ကို အသီးသီး ကိုယ်စားပြုသည်။ အခန်း(ဃ)တွင် ဤဥပဒေမှ သွေဖယ်ခြင်းမရှိအောင် လက်ခံကျင့်သုံးနိုင်မည့် စနစ်အတိုင်း စီမံခန့်ခွဲထားပုံကို ဖေါ်ပြသည်။ အခန်း(င)တွင်မူ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်နှင့် ပါတ်သတ်သော အချက်အလက်များကို ရေသားထားပါသည်။
က။ ။ အလုပ်သမားအဖွဲ့ဝင် လုပ်ငန်းရှင်များ အားလုံးသည် အလုပ်သမားများ၏ လူ့အခွင့်အရေးကို လေးစားလိုက်နာ ရမည့်ပြင် အလုပ်သမားများ အပေါ်တွင်လည်း လေးစားမှုဖြင့် အလုပ်သမားများ၏ ဂုဏ်သိက္ခာကို မထိခိုက်အောင် နိုင်ငံတကာ လူ့အဖွဲ့အစည်းမှ တင်ပြထားသော ဥပဒေများနှင့်အညီလိုက်နာရမည်။
ဤဥပဒေသအတွက် နိုင်ငံတကာလူ့အခွင့်အရေးကြေငြာချက်၊ နိုင်ငံတကာ လူမှုအဖွဲ့အစည်း အကာအကွယ်ပေးမှု၊ ကုန်သွယ်ရေးဆိုင်ရာ ကျင့်ဝတ်တို့အပေါ်တည်မှီ၍ အသုံးဝင်သော မူကြမ်းအခြေခံ အချက်အလက်များ အဖြစ် ရယူရေးဆွဲခဲ့သည်။
အခြေခံအလုပ်သမားအခွင့်အရေးများ
၁) လွတ်လပ်စွာ အလုပ်ရွေးချယ်ပိုင်ခွင့် အတင်းအဓ္ဓမခိုင်းစေမှု၊ အကျဉ်သားများ၏ လုပ်အားကိုအသုံးချမှု၊ စာချုပ်ဖြင့်မတရားခိုင်းစေမှုတို့ မဖြစ်စေရ။ အလုပ်သမားတို့သည် လုပ်ငန်းတွင် မိမိဆန္ဒအလျောက်သာလုပ်ကိုင်ရမည်။ ကြောင်းကျိုးဆီလျှော်မှုရှိသော အကြောင်းပြချက်ဖြင့် အလုပ်သမားများသည် အလုပ်မှရပ်နားခွင့်ရှိသည်။ ထိုသို့ရပ်နားမှုအတွက် မိမိတို့၏ နိုင်ငံသားအသိအမှတ်ပြုလက်မှတ်၊ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်ပြုသော ခွင့်ပြုချက် စာရွက်စာတမ်းများ ကိုအလုပ်ရှင်အားအပ်နှံရန်မလိုအပ်ပါ။
၂) အသက်မပြည့်သေးသော ကလေးအလုပ်သမားအား အသုံးမပြုရ။ စာသင်သားအရွယ်ကလေးသူငယ်များ၊ အသက် ၁၅နှစ်အောက်ကလေးသူငယ်များ (သို့) အချို့နိုင်ငံများတွင် အသက်၁၄နှစ်အောက် ကလေးငယ်များအား ထိုနိုင်ငံ၏ အကောင်းဆုံး စံပြဥပဒေနှင့်အညီ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အသုံးမပြုရ။ အလုပ်သင်ကလေးများအတွက် အစီအစဉ်မှာလည်း ဥပဒေနှင့် ညီညွတ်စွာ စီမံဆောင်ရွက်ပေးရမည်။ ၁၈နှစ်အောက် ကလေးငယ်များကိုလည်း အဆိပ်အတောက်ဖြစ်စေနိုင်သော လုပ်ငန်းများ၊ ညဆိုင်းဆင်းရန်လိုအပ်သော လုပ်ငန်းများတွင် ပညာသင်ဟူသော အကြောင်းပြချက်ဖြင့် ခိုင်းစေခြင်း မပြုရ။
၃) အလုပ်ချိန် စီးပွားရေးလုပ်ငန်းများကို လေ့လာရာတွင် အလုပ်သဘာဝသည် အလုပ်သမားများ၏ ကုန်ထုတ်လုပ်မှု လျော့ကျစေခြင်း၊ အလုပ်ရွေ့ပြောင်းမှု များပြားလာခြင်း၊ လုပ်ငန်းခွင် ထိခိုက်မှု၊ နာမကျန်းဖြစ်မှုများ တိုးပွားလာခြင်းတို့နှင့် တိုက်ရိုက်ပါတ်သက်နေသည်။ အလုပ်သမားတိုင်းသည် သက်ဆိုင်ရာ နိုင်ငံမှ ပြဌာန်းထားသော ဥပဒေပါ အမြင့်ဆုံး စံအလုပ်ချိန်ထက် ပိုမို၍ လုပ်ကိုင်ရန် မလိုပါ။ ထို့ပြင် အလုပ်ချိန်သည်လည်း ရက်သတ္တပါတ်တွင် အချိန်ပို အပါအ၀င် နာရီ ၆၀ထက် မကျော်လွန်ရ။ အရေးပေါ်အခြေအနေနှင့် ပုံမှန်မဟုတ်သော အခြေအနေများတွင် လုပ်ရသည့် အလုပ်ချိန်များအတွက်ပါ အကျုံးဝင်ပါသည်။ အလုပ်သမားအနေဖြင့် တပါတ်လျင် အနည်းဆုံး ၁ရက် နားပိုင်ခွင့် ရှိသည်။
၎) အကျိုးခံစားခွင့်နှင့် လုပ်အားခ အလုပ်သမားဥပဒေပါ အနိမ့်ဆုံးတရက်လုပ်အာခ၊ အချိန်ပိုလုပ်အားခနှင့် အကျိုးခံစားခွင့်များကို အလုပ်သမားတိုင်း ခံစားခွင်ရှိသည်။ ထို့အပြင် လုပ်အားခဥပဒေပါ နစ်နာကြေးများကိုလည်း ခံစားခွင့်ရှိသည်။ အလုပ်သမားဥပဒေပြဌာန်းချက်တွင် အချိန်ပိုလုပ်အားခသည် သာမာန်နာရီပိုင်း လုပ်အားခထက် ပိုရမည်။ စည်းကမ်းမလိုက်နာမှုအတွက် ဖြတ်တောက်မှုအား ခွင့်မပြု၊ အခြေခံအားဖြင့် အလုပ်သမားတိုင်းသည် လစာငွေ ဖြတ်ပိုင်းပါ ငွေကြေးအတိုင်းသော်လည်းကောင်း၊ အလားတူ သတ်မှတ်ထားသော စာရွက်စာတမ်းပါ ငွေကြေး ပမာဏအတိုင်းသော်လည်းကောင်း ခံစားခွင့်ရှိသည်။
၅) စာနာထောက်ထားမှု စာနာထောက်ထားမှု ကင်းမဲ့သော အပြုအမူများ မရှိစေရ။ စာနာထောက်ထားမှု မရှိခြင်းတွင် သာမန် စာနာမှုမဲ့သော လုပ်ရပ်များ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာ အဓ္ဓမ ရယူမှု၊ စုပေါင်း အပြစ်ပေးမှု၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နစ်နာစေမှု၊ နှုတ်ကတိအားဖြင့် စာရိတ္တပျက်ပြားစေမှု တို့ပြင် ခြိမ်းခြောက် စေခိုင်းမှုတို့ ပါဝင်သည်။
၆) ခွဲခြားဆက်ဆံမှု နောက်လိုက်အဖွဲ့ဝင် လုပ်ငန်းရှင်များအားလုံးသည် လုပ်ငန်းခွင်အတွင်း ဥပဒေနှင့်မညီသော ခွဲခြားဆက်ဆံမှုမျိုး၊ အဓ္ဓမ ခိုင်းစေမှု ကင်းသော ဆက်ဆံရေးမျိုးသာ ရှိရမည်။ ကုမ္ပဏီတိုင်းအနေဖြင့် လူမျိုး၊ အသားအရောင်၊ အသက်၊ လိင်၊ ဆန့်ကျင်ဘက် လိင်စိတ်ရှိသူများ၊ လူမျိုးစုငယ်ဖြစ်မှု၊ မစွမ်းမသန်မှု၊ ကိုယ်ဝန်ဆောင်မှု၊ ဘာသာရေး၊ နိုင်ငံရေးယုံကြည်ချက်၊ သမဂ္ဂအဖွဲ့ဝင်ဖြစ်မှု၊ အိမ်ထောင်သည်ဖြစ်မှု၊ ရာထူးနိမ့်မြင့်ခွဲခြားမှု၊ ဆုတံဆိပ် ပိုင်ဆိုင်မှုတို့နှင့် သင်တန်းတက်ရောက်ခွင့်တို့ အပေါ်မူတည်၍ ခွဲခြားဆက်ဆံမှု မပြုရ။ ထို့ပြင် သာမာန် အလုပ်သမား (သို့) ကျွမ်းကျင်လုပ်သား များအပေါ်တွင်လည်း ဆေးစစ်ခြင်း ကဲ့သို့ သိက္ခာပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုမျိုး မပြုလုပ်ရပါ။
၇) လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု အလုပ်ခွင်အတွင်းပိုမို ကောင်းမွန်စေရန်နှင့် ပြဿနာများကို လွယ်ကူစွာ ဖြေရှင်းနိုင်ရန်အတွက် အလုပ်ရှင်နှင့် အလုပ်သမားတို့သည် တိုက်ရိုက် ပွင့်လင်းစွာဆွေးနွေးဆက်ဆံသင့်သည်။ အလုပ်ရှင်အနေဖြင့် အလုပ်သမားတို့ ၏အခွင့်အရေးကို အလေးထားပြီး လွတ်လပ်စွာအသင်း ဖွဲ့စည်းမှုကို လည်းကောင်း၊ ထိုအသင်းဝင်မှုကို လည်းကောင်း၊ ကိုယ်စားလှယ်စေလွှတ်ခြင်းသော်လည်းကောင်း၊ ဥပဒေနှင့်အညီ အလုပ်သမားကောင်စီမှ ခွင့်ပြုထားသည့်အတိုင်း အသိအမှတ် ပြုရမည်။ အလုပ်သမားသည် လုပ်ငန်းရှင်နှင့် ပွင့်လင်းသော ဆက်ဆံရေးရှိရမည်။ ဆိုလိုသည်မှာ လုပ်ငန်းအခြေအနေနှင့် ပါတ်သက်၍ အလုပ်သမားသည် အလုပ်ရှင်ထံသို့ မိသားစုအရေးတွေးကြောက်မှု၊ ကြောက်ရွံ့မှု၊ နှိပ်စက်မှုရန်မှ စိုးရိမ်မှုများ ကင်းမဲ့စွာ တင်ပြခွင့် ရှိရမည်။
ခ။ ။ ကျန်းမာရေးနှင့် အလုပ်ခွင် အန္တရာယ် ကင်းရှင်းရေး
အဖွဲ့ဝင်လုပ်ငန်းရှင်များသည် အဆင့်အတန်းပြည့်မီသော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်အတွက် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားတို့၏ စိတ်ဓါတ်ကို မြှင့်တင်ပေးစွမ်းနိုင်မှု ရှိမည့် ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင် လုပ်ငန်းခွင်ကို ဖန်တီးပေးရမည်။ ထို့ပြင် ကျန်းမာရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှုဆိုင်ရာ ပညာပေးဆောင်ရွက်မှုတို့ကိုလည်း လုပ်ကိုင်ရန် လိုအပ်သည်။
လုပ်ငန်းခွင် ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းရေးစနစ် အာမခံချက်နှင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်မှ ချမှတ်ထားသော စည်းမျည်းများသည်လည်း ဤစနစ်ဖြစ်မြောက်ရေးအတွက် အဓိက သော့ချက် အဖြစ် အသုံးပြုခဲ့ပါသည်။
ကျန်းမာရေးနှင့် အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အခြေခံ ဥပဒေများမှာ
၁) လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး
အလုပ်သမားများအပေါ်ကျရောက်လာနိုင်သော မလိုအပ်သည့် ဆိုးကျိုးများ လျော့ပါးစေရန်အတွက် (ဥပမာ။ လျှပ်စစ်ပစ္စည်း၊ အခြားသော ပင်မစွမ်းအင်အရင်းအမြစ်များ၊ မီး၊ သယ်ယူပို့ဆောင်ရေး ယာဉ်၊ နှင့် အခြားသော အမြင့်မှ ပြုတ်ကျနိုင်သော ပစ္စည်းများ) သေသပ်တိကျမှုရှိသော စနစ်များ၊ အင်ဂျင်နီယာနှင့် အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ထိမ်းချုပ်မှု တို့ကို အန္တရာယ်ကင်းရှင်းစေနိုင်မည့် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်သင့်သည်။ အန္တရာယ်ကင်းရှင်းရေးဆိုရာတွင် အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ပိတ်မိနေခြင်း၊ အန္တရာယ်ရှိနိုင်သော နေရာများတွင်လည်း သတိပေးဆိုင်းဘုတ် ချိတ်ဆွဲခြင်းများ ပါဝင်သည်။ မလိုလားအပ်သော အန္တရာယ်များကို ပပျောက်လျော့နည်းစေရန်အတွက် အလုပ်သမားတိုင်းသည် လုံလောက်သော အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိရိယာများကို အသုံးပြုရမည်။ အလုပ်သမားတိုင်းသည် ပိုမိုလုံခြုံမှုရှိစေရန် တိကျသော စည်းမျည်းစည်းကမ်း များကို လိုက်နာရမည်။
၂) အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ခြင်း
အရေးပေါ်အခြေအနေများအတွက် ခေါင်းစဉ်တပ်ရန်မဖြစ်နိုင်သကဲ့သို့ မည်သည့်အချိန် မည်သည့်နေရာတွင် ပေါ်ပေါက်မည်ကို ခန့်မှန်းရန်လည်း မလွယ်ကူပေ။ ထို့ကြောင့်လုံးဝပပျောက်ရေးသို့ ဦးမတည်နိုင်သော်လည်း ဖြစ်ပျက်နိုင်မှု ကျဆင်းစေရန်အတွက်၊ အလုပ်သမားများအား အရေးပေါ် တင်ပြဆွေးနွေးမှုများ၊ သတိပေးချက်များ၊ မည်သို့တုန့်ပြန်လုပ်ဆောင်ရမည့်အချက်အလက်များ၊ မည်သို့ ကယ်တင်ရမည်ဆိုသော အချက်များ၊ အန္တရာယ်ကင်းရှင်းရေးကိရိယာများအသုံးပြုပုံ၊ မည်သို့ ပြုပြင်ထိန်းသိမ်းမည် ဆိုသည့် ဆောင်ရွက်မှုများနှင့် မီးလှန့်လေ့ကျင့်ခန်းကဲသို့ အဖြစ်နိုင်ဆုံး အခြေအနေများကို ကြိုတင်လေ့ကျင့် ပေးရန်လည်း လိုအပ်သည်။
၃) လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု
လုပ်ထုံးလုပ်နည်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာတို့ကို သေချာစွာ စီစဉ်ရမည်။ လုပ်ငန်းခွင်တွင်း ဖြစ်ပေါ်လာသော မတော်တဆထိခိုက်မှုနှင့် နာမကျန်းကိစ္စရပ်များ (အလုပ်သမားမှ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအပေါ် ရဲတင်းစွာ အစီရင်ခံခွင့်၊ မည်သည့်ချွှတ်ယွင်းချက်ကြောင့် ဖြစ်ပေါ်လာသည့် လုပ်ငန်းခွင်ဆိုင်ရာထိခိုက်မှုနှင့် နာမကျန်းကိစ္စရပ်များ၊ လိုအပ်သော ဆေးဝါးကုသမှုနှင့် အဖြစ်အပျက်များအပေါ်တွင် ဇစ်မြစ်ကိုလိုက်၍ မည်ကဲ့သို့ ပြုပြင်ပြောင်းလဲပေးရန်လိုအပ်မှုများ) ကို အခြေခံ၍ ဆောင်ရွက်ပြီး လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်မည့် အလုပ်သမားအား ကောင်းမွန်စွာ ပြန်လည်နေရာ ချထားပေးရမည်။
၎) စက်မှုလုပ်ငန်းများမှ ဓါတုဗေဒဆိုင်ရာဘေးထွက်ဆိုးကျိုးများ ဓါတုဗေဒပစ္စည်းများနှင့် ထိတွေ့လုပ်ကိုင်နေရသော အလုပ်သမားများအတွက် လုံလောက်သော ဓါတုဗေဒနှင့် ဇီဝဗေဒ၊ ရုပ်ပိုင်းနည်းပညာ ကျွမ်းကျင်မှုဆိုင်ရာ အသိပညာများနှင့် ထိန်းသိမ်းစောင့်ရှောက်မှုများ လိုအပ်သည်။ အင်ဂျင်နီယာများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ မဖြေရှင်းနိုင်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက အလုပ်သမားများကို သင့်တော်သည့် လုံခြုံရေးနှင့် ကာကွယ်မှုပိုင်းဆိုင်ရာ ကိရိယာများနှင့်အတူ လွတ်ကျွတ်ရာတွင် ရှိနေစေရမည်။
၅) ကာယပိုင်းဆိုင်ရာ ခိုင်းစေမှု
မနိုင်ဝန်ထမ်းဆောင်မှု၊ ကာယပိုင်းဆိုင်ရာ အဆမတန်လုပ်ကိုင်ရမှု၊ ကြာရှည်စွာ ရပ်၍ပြုလုပ်ရသောလုပ်ငန်းများ တွင်လည်း အလုပ်သမားများကို သင့်တော်သော ကြိုတင်အသိပေးမှု ပညာပေးမှုများနှင့် ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်ရမည်။
၆) စက်မှုပိုင်းဆိုင်ရာ လုံခြုံရေး အလုပ်သမားများ အသုံးပြုရမည့် စက်မှုပိုင်းဆိုင်ရာပစ္စည်းများ ဖြစ်ကြသော ကာကွယ်ရေးကိရိယာများ၊ လုံခြုံရေးဆိုင်ရာ တင်းကျပ်သော အကာအကွယ်များနှင့် ပစ္စည်းရွှေ့ပြောင်းရာတွင်အသုံးပြုသော ကိရိယာ များကို အမြဲတမ်း ပြုပြင်ထိန်းသိမ်း ထားရှိရမည်။
၇) နေရာထိုင်ခင်းနှင့် အစားအသောက် စီမံမှု အလုပ်သမားများအတွက် သန့်ရှင်းသပ်ရပ်သော ရေအိမ်သာ အသုံးအဆောင်များ၊ သန့်စင်ခန်း၊ အလွယ်တကူရယူနိုင်သော ရေနှင့် အစားအသောက် သိုလှောင်မှုအတွက် လိုအပ်သည့် ပစ္စည်းများ စီမံထားရှိရပါမည်။ အလုပ်သမားများ နေထိုင်ရာ တန်းလျားများတွင်လည်း သန့်ရှင်းသပ်ရပ်ပြီး အန္တရာယ်ကင်းမှု၊ အရေးပေါ်ထွက်ပေါက်၊ အပူပေးကိရိယာများ နှင့် လေ၀င်လေထွက် ကောင်းမွန်စေသည့် တံခါးပေါက်များ ပါရှိရမည်။
ဂ။ ။ သဘာဝ ပါတ်ဝန်းကျင် အဖွဲ့ဝင်လုပ်ငန်းရှင်များအနေဖြင့် သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ကမ္ဘာ့အဆင့်မီ ထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် တသားတည်းဖြစ်နေသည်ကို သတိပြုရမည်။ ထုတ်လုပ်မှုလုပ်ငန်းကြီး များမှ ထွက်ရှိသော ဘေးထွက် ဆိုးကျိုးများကို လူနေမှုပါတ်ဝန်းကျင်၊ လူမှုအဖွဲ့အစည်း၊ သဘာဝပါတ်ဝန်းကျင်နှင့် သဘာဝအရင်းအရင်း အမြစ်တို့အပေါ်တွင် တိုက်ရိုက် မကျရောက်စေရန် အတတ်နိုင်ဆုံးနှင့် အလုံခြုံဆုံး ထိန်းသိမ်း ကာကွယ် ရမည်။
ဤနေရာတွင် ISO 14001, Eco Management နှင့် EMAS (Audit System) တို့မှ အချက်အလက် များကို ကိုးကား၍ အသုံးပြုထားသည်။
သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ အခြေခံမူများမှာ
၁) သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ သတင်းပေးပို့မှုနှင့် ခွင့်ပြုချက်များ
သတ်မှတ်ထားသော သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ခွင့်ပြုချက်များအပေါ်တွင် မျက်ခြေမပျက် ကြည့်ရှုခြင်း၊ မှတ်ပုံတင်ထားရှိခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စီမံရေးနှင့်ပါတ်သတ်သော သတင်းပေးပို့မှု များကို တသွေမတိမ်း လိုက်နာ ရမည်။
၂) ညစ်ညမ်းမှုမှ ကာကွယ်ရေးနှင့် စွမ်းအားရင်းမြစ်များကို လျော့ချ သုံးစွဲရေး
စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချခြင်း၊ အစားထိုး ကုန်ကြမ်းများအသုံးပြုခြင်း၊ ပြုပြင်ထိန်းသိမ်းမှုများ မှ ထွက်ပေါ်လာသော ညစ်ညမ်းမှုများ၊ နေထိုင်ရာအဆောက်အဦနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်မှ ထွက်ရှိသော အညစ်အကျေးများ တို့ကြောင့် စွမ်းအင်နှင့် ရေထုညစ်ညမ်းမှုများကို တတ်စွမ်းသလောက် လျော့ချရမည်။
၃) အဆိပ်အတောက်ဖြစ်စေသော ဓါတုပစ္စည်းများ
အဆိပ်အတောက်ဖြစ်စေသော ဓါတုပစ္စည်းများကို အမျိုးအစားခွဲခြား၍ စနစ်တကျ သိမ်းဆည်းခြင်း၊ ပြန်လည် အသုံးချခြင်း၊ စွန့်ပစ်ခြင်း၊ ရွှေ့ပြောင်းခြင်း တို့အပေါ်တွင် သဘာဝပါတ်ဝန်းကျင်အတွက် သေချာ လုံခြုံစိတ်ချရသည့် အနေအထားမျိုး ရောက်အောင် စီမံခန့်ခွဲရပါမည်။
၎) စွန့်ပစ်ဝတ္ထုပစ္စည်းများနှင့် စွန့်ပစ်ညစ်ညမ်းရေ စက်မှုလုပ်ငန်းများ လည်ပတ်ရာမှ ထွက်ပေါ်လာသော စွန့်ပစ်ရမည့် ရေ၊ စွန့်ပစ်ရမည့် ၀တ္ထုပစ္စည်း တို့ကို စနစ်တကျ စစ်ဆေးလေ့လာ၍ လိုအပ်လာပါက မစွန့်ပစ်မီတွင် ပြန်လည် သန့်စဉ်ပြီးမှသာ စွန့်ပစ်ခွင့်ရှိသည်။
၅) လေထု ညစ်ညမ်းမှု လုပ်ငန်းသဘောသဘာဝအရ သဘာဝအလျောက် ဖြစ်ပေါ်လာသော ဓါတုဓါတ်ငွေ့များ၊ ဖိသိပ် ဓါတု ဓါတ်ငွေ့များ၊ တဖြည်းဖြည်းအသွင်ပြောင်းမှုကြောင့်ဖြစ်ပေါ်လာသော ဓါတုဓါတ်ငွေ့များ၊ ဓါတု အမှုန်အမွှားများ၊ အိုဇုန်းလွှာကို ပျက်စီးစေတတ်သော ဓါတု ဓါတ်ငွေ့များနှင့် ပေါက်ကွဲမှုများမှဖြစ်ပေါ်လာသော ညစ်ညမ်းဓါတ်ငွေ့ များကို စနစ်တကျ စစ်ဆေးလေ့လာ၍ လိုအပ်ပါက သန့်စင်၍ စနစ်တကျ စွန့်ပစ်ရမည်။
၆) ထုတ်ကုန်များအပေါ်တွင် တားမြစ်ထားသော ပစ္စည်းများ တားမြစ်ထားသော ပစ္စည်းများနှင့် အစားထိုးပစ္စည်းမျာ၊ စွန့်ပစ်ပစ္စည်းများတို့အပေါ်တွင် လုပ်ငန်းရှင် များအနေဖြင့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိ နားလည် လိုက်နာရမည်။ ထို့အတူ သုံးစွဲသူများနှင့် သဘောတူညီချက်အရ တားမြစ်ထားသော အဆိပ်အတောက်ဖြစ်စေမည့် လူသုံးကုန်များ ကိုလည်း ထည့်သွင်း သုံးစွဲခွင့်မရှိပါ။
ဃ။ ။ စီမံခန်ံခွဲရေးစနစ်
လုပ်ငန်းရှင်များအနေဖြင့် ယခုတင်ပြသည့် ဥပဒေပါအချက်အလက်များကို လက်ခံကျင့်သုံးခြင်း သော်လည်းကောင်း၊ မိမိတို့၏ စီမံခန့်ခွဲမှုစနစ်တွင်လည်ကောင်းထည့်သွင်း အသုံးပြုရမည်။ စီမံခန့်ခွဲမှုစနစ်တွင်
(က) လုပ်ငန်းရှင်တို့၏ ကုန်ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပါတ်ရန်အတွက်လိုက်နာရမည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စားသုံးသူလိုအပ်ချက်များကို ထည့်သွင်းထားရမည်။
(ခ) စောင့်ထိန်းလိုက်နာအပ်သော စည်းမျဉ်းစည်းကမ်းများကို ထည့်သွင်းထားရမည်။
(ဂ) ဤစောင့်ထိန်းလိုက်နာအပ်သော စည်းမျဉ်းစည်းကမ်းများတွင် မပါဝင်သော မျှော်လင့်မထားသည့် ထုတ်လုပ်မှုဆိုင်ရာ အန္တရာယ်များကို စိစစ်လေ့လာ၍ ပြန်လည် တင်ပြရမည်။ ထို့မှသာ ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်နှင့် တိုးတက်မှုတို့ရရှိမည်။
စီမံခန့်ခွဲမှုစနစ်တွင် အောက်ဖေါ်ပြပါအချက်များ မဖြစ်မနေပါဝင်ရမည်။
၁) ကုမ္ပဏီ တာဝန်ယူမှု လုပ်ငန်းရှင်တို့သည် တာဝန်ယူမှုနှင့် စဉ်ဆက်မပြတ်တိုးတက်မှုရရန်အတွက် သဘာဝပါတ်ဝန်းကျင်နှင့် လူမှု့အဖွဲ့အစည်းတို့အတွက် တာဝန်ယူကြောင်း ထုတ်ပြန်ကြေငြာရမည်။
၂) တာဝန်ယူမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကာအကွယ်များ ကုမ္ပဏီမှာ တာဝန်ရှိသူများသည် အချိန်အပိုင်းအခြားကိုလိုက်၍ စီမံခန့်ခွဲမှု စနစ်တခုလုံးကို အမြဲတမ်း ပြန်လည်သုံးသပ် လေ့လာ ပြုပြင်၍ ရှင်းလင်းပြတ်သားစွာတာဝန်ယူရမည်။
၃) စားသုံးသူလိုအပ်ချက်နှင့် ဥပဒေရေး သုံးသပ်ချက်များ၊ မျက်ခြေမပျက် စောင့်စားကြည့်ရှုမှု၊ ဥပဒေကြောင်းဆိုင်ရာနားလည်မှု၊ လုပ်ထုံးလုပ်နည်းများ နှင့် စားသုံးသူတို့၏ လိုအပ်ချက်များကို သိရှိနားလည်ရမည်။
၎) စီမံခန့်ခွဲမှုဆိုင်ရာ ချို့ယွင်းချက်များ နှင့် လက်တွေ့ရင်ဆိုင်ရသည့် ပြဿနာ သွေဖီမှုများ လုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်နေသော သဘာဝပါတ်ဝန်းကျင် ကျန်းမာရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့တွင် ဖြစ်ပေါ်တတ်သော သွေဖီမှုများအပေါ် လေ့လာသုံးသပ်ရမည်။ လေ့လာတွေ့ရှိသော အချက်အလက်များ အပေါ်မှီတည်၍ သွေဖီမှုများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စီမံဆုံးဖြတ်ရမည်။
၅) ရင်းနှီးမြှုပ်နှံမှု အစီအမံနှင့်လျာထားချက်အပေါ် မူတည်၍ စွမ်းရည်မြှင့်တင်ရေး အခြေခံ အချက်အလက်များ၊ လျာထားမှုစွမ်းအား၊ အချိန်အပိုင်းအကြားကိုလိုက်၍ ပြောင်းလဲနေသော အချက်အလက်များအပါအ၀င် အစီအမံများနှင့် ပန်းတိုင်ကို ရောက်ရှိရန် လိုအပ်မည့် စွမ်းရည်မြှင့်တင်မှုများ ပြုလုပ်ရမည်။
၆) သင်တန်းပို့ချ လေ့ကျင့်ရေး အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဝင်များနှင့် အလုပ်သမားများကို လုပ်ထုံးလုပ်နည်း မူဝါဒများနှင့်တကွ လျာထားချက် ပြည့်မီတိုးတက် စေနိုင်မည့် သင်တန်းများတွင် ပါဝင်လေ့ကျင့် မြှင့်တင်ပေးမည့် အစီအစဉ်များ ဆောင်ရွက် ပေးရမည်။
၇) အပြန်အလှန် ဆက်သွယ်ရေးစနစ် သုံးစွဲသူ၊ ကုန်ကြမ်းထောက်ပံ့သူများ၊ လက်ရှိ အလုပ်သမားများနှင့် အဖွဲ့ဝင်အလုပ်ရှင်တို့ အကြားတွင် ၎င်းတို့၏စွမ်းဆောင်ရည်နှင့် ပါတ်သက်၍ ရှင်းလင်းတိကျပြတ်သားသော အပြန်အလှန် သတင်းပေး ဆက်သွယ်ရေးစနစ် ရှိရမည်။
၈) အလုပ်သမားများ၏ တုန့်ပြန်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် အခြေအနေပေါ်မူတည်၍ တုန့်ပြန်မှုတို့ အပြည့်အ၀ ရရှိနိုင်ရေးနှင့် ပိုမိုတိုးတက်ကောင်းမွန်ရေးတို့ အတွက် ဤစည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်းများအတွင်းမှ စီမံဆောင်ရွက် ရမည်။
၉) ဘဏ္ဍာရေးနှင့် လျာထားချက် အချိန်ကာလအပေါ်တည်မှီ၍ လုပ်ငန်းရှင်တို့မှ မိမိတို့၏ အခြေအနေကို စဉ်ဆက်မပြတ် လေ့လာ သုံးသပ်ပြီး တရားဝင် စည်းမျည်းများနှင့် သုံးစွဲသူတို့၏ စာချုပ်ပါလိုအပ်ချက်အတိုင်း လူ့ပါတ်ဝန်းကျင်နှင့် သဘာဝ ပါတ်ဝန်းကျင် အတွက်တာဝန်ယူ လျာထားစီမံရမည်။
၁၀) ချို့ယွင်းချက်များအပေါ် ပြန်လည်ပြင်ဆင်ခြင်းလုပ်ဆောင်ချက် လုပ်ငန်းအတွင်း အပြင်မှ စွမ်းဆောင်ရည်၊ စုံစမ်းစစ်ဆေးမှု၊ ရှာဖွေတွေ့ရှိချက်နှင့် လေ့လာသုံးသပ်ချက်များကို အချိန်နှင့်အမျှ ဆောင်ရွက်၍ ပြုပြင်ပေးရန်လိုအပ်သည်။
၁၁) စာရွက်စာတမ်းနှင့် မှတ်တမ်းများ ကုမ္ပဏီ၏ လိုအပ်ချက်နှင့်လုပ်ထုံးလုပ်နည်းများကို လုံခြုံစိတ်ချရသော ပုဂ္ဂလိကဆိုင်ရာ စောင့်ရှောက်ထိန်းသိမ်းမှု အောက်တွင် စနစ်တကျ ပြုစုရမည်။
င။ ။ ကျင့်ဝတ် ဈေးကွက်နှင့် လူမှုပါတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုတို့အပေါ်တွင် အောင်မြင်စိတ်ချနိုင်ရန်အတွက် အလုပ်ရှင်နှင့် ၎င်းတို့၏ ကိုယ်စားလှယ်များသည် အဆင့်မြင့် အခြေခံကျင့်ဝတ်များကို လက်ကိုင်ထား ဆောင်ရွက်ရမည်။ ၎င်းတို့တွင်….
၁) ဖြောင့်မတ်မှန်ကန်သော စီးပွားရေး အဆင့်မြင့်သော အခြေခံ စီပွားရေးဆိုရာတွင် စီးပွားရေးနှင့်သက်ဆိုင်သော မည်သည့် လုပ်ငန်းမျိုးမဆို အကျုံးဝင်သည်။ လာဘ်ပေးလာဘ်ယူမှု၊ အဓမ္မငွေညှစ်မှု၊ အလွဲသုံးစားလုပ်မှုတို့မပြုလုပ်ရန် ပြင်းထန်စွာ တားမြစ်ထားပြီး အကယ်၍ ကျူးလွန်မှုများရှိခဲ့ပါက ချမှတ်ထားသော စည်းကမ်းချက်၊ ဥပဒေများအတိုင်း ချက်ချင်း အရေးယူ ဆောင်ရွက်ရမည်။
၂) သမာရိုးကျမဟုတ်သော အကျိုးအမြတ်ရယူခြင်း လာဘ်ပေးလာဘ်ယူမှု၊ သာမာန်ထက်ပိုသော အခွင့်အရေးရယူမှုနှင့် သမာရိုးကျ မဟုတ်သော အကျိုးအမြတ် ရယူခြင်းတို့ကို အခွင့်အရေးပေးခြင်း (သို့) လက်ခံခြင်း မပြုရ။
၃) လုပ်ငန်းပိုင်းဆိုင်ရာ အသိပေးကြေငြာချက် လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ ဖွဲ့စည်းပုံ၊ ဘဏ္ဍာရေးအခြေအနေနှင့် စီးပွားရေးအဆင့်အတန်းကို လုပ်ငန်းခွင်နှင့် စည်းမျည်း ဘောင်အတွင်းမှ နေ၍ ထုတ်ပြန် ကြေငြာရမည်။
၎) နည်းပညာပိုင်ဆိုင်မှု မှတ်ပုံတင်ထားရှိသော နည်းပညာပိုင်ဆိုင်မှုအခွင့်အရေးအပေါ်တွင် လေးစားလိုက်နာရမည်။ နည်းပညာ လွှဲပြောင်းမှုကိုလည်း နည်းပညာပိုင်ဆိုင်မှု အခွင့်အရေးဆိုင်ရာ စည်းမျည်းအတိုင်း လုပ်ဆောင်ရမည်။
၅) မျှတသော စီးပွားရေး၊ ကြော်ငြာနှင့် ပြိုင်ဆိုင်မှု အခြေခံအားဖြင့် မျှတသော စီးပွားရေး၊ ကြော်ငြာနှင့် ပြိုင်ဆိုင်မှုတို့ကို လက်ကိုင်ထားရမည်။ ဆိုလိုသည်မှာ သုံးစွဲသူတို့အတွက် လုံခြုံစိတ်ချရသော သတင်းအချက်အလက်နှင့် ၀န်ဆောင်မှု အပြည့်အ၀ပေးနိုင်ရမည်။
၆) သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များအပေါ် ထိန်းသိမ်းအကာအကွယ်ပေးခြင်း အလုပ်သမားများနှင့် အလုပ်သမားအခွင့်အရေးအတွက် ဆောင်ရွက်ပေးနေသူများ၊ ကူညီပေးနေသူများ၏ ကိုယ်ရေးအချက်အလက်များကို ပြင်ပသို့ မပေါက်ကြားစေဘဲ လျှို့ဝှက်ထိန်းသိမ်းပေးသည့် အစီအစဉ်များ ရှိဖို့လိုသည်။ ထို့အတူ ထိုအစီအစဉ်ကို တောက်လျှောက်ထိန်းသိမ်းထားရန်လည်း လိုအပ်သည်။
၇) လူထုအကြားဆက်သွယ်ဆက်ဆံရေးး
(လူထုဆိုသည်မှာ ဤနေရာတွင် မိမိဆက်ဆံနေရသော လူ့ပတ်ဝန်းကျင် အသေးစားမျိုးကို ဆိုလိုသည်။ တပြည်လုံးရှိလူထုကို မဆိုလို) လူထုအကြား ဆက်သွယ်ဆက်ဆံရေး ပြုလုပ်နေခြင်းအားဖြင့် လူထု၏လူမှုရေး စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုတို့ ကိုပါ စောင့်ရှောက်ကာကွယ်ပေးသည့်အသွင် ဆောင်ပါစေ။ (ဆိုလိုသည်မှာ လူထုအကြား သွားလာလှုပ်ရှားရင်း မိမိသွားလာနေတဲ့ လူထုအကြားသူတို့ရဲ့ လူမှုရေး စီးပွားရေးတွေကိုပါ တစုံတရာ တိုးတက်အောင် လုပ်ဆောင်ပေးပါလို့ ဆိုလိုခြင်တာဖြစ်သည်။
ဘာသာပြန်သူ
ထွန်းထွန်း၊ ချိုလေး
တည်းဖြတ်သူ
ဇော်မင်း(လူ့ဘောင်သစ်)
ဖုန်းနံပါတ် -012 688 4377 သူရိယဂျာနယ် ဆက်သွယ်မေးမြန်နိုင်ပါသည်
သူရိယသတင်းဂျာနယ်
No comments:
Post a Comment