Monday, February 13, 2012

အလုပ်ခေါ်စာ စောင့်သူ များနေသောကြောင့် ကိုရီးယားဘာသာ စာမေးပွဲ ထပ်စစ်ရန် အစီအစဉ် မရှိသေး

အလုပ်ခေါ်စာရရန် စောင့်ဆိုင်းနေသူများနေသောကြောင့် ကိုရီးယားဘာသာ စာမေးပွဲ ထပ်မံစစ်ဆေးရန် အစီအစဉ်မရှိ သေးဟု အစိုးရ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ သိရသည်။ ၂ဝ၁၁ တွင် ကိုးရီးယား ဘာသာစာမေးပွဲ ဖြေဆိုအောင် မြင်ထားသူ ခုနစ်ထောင်ကျော် ရှိပြီးလက်ရှိတွင် နှစ်ထောင် ကျော်သာ အလုပ်ခေါ်စာရရှိသေး ကြောင်း ယင်းအေဂျင်စီမှ တာဝန် ရှိသူက ပြောသည်။ ''ရှိပြီးသားလူတွေတောင် ကုန်အောင် မလွှတ်ရသေးတာ၊ နောက်ထပ် စာမေးပွဲ ထပ်စစ်ဖို့ အစီအစဉ် မရှိသေးပါဘူး'' ဟု ၄င်းက ပြောသည်။ ၂ဝ၁၁ ခုနှစ်အတွင်း ကိုရီး ယားဘာသာစာမေးပွဲ နှစ်ကြိမ် စစ်ဆေးခဲ့ပြီး ပထမအကြိမ် စာမေးပွဲတွင်ဖြေ ဆိုသူ ၄၉ဝဝ ကျော်ရှိခဲ့သည်။ ဒုတိယအကြိမ် စာမေးပွဲတွင်မှု ဖြေဆိုသူ ၁ဝဝဝဝ ကျော်ရှိခဲ့သည်။ ဖြေဆိုသူနှင့် စားမေးပွဲအောင်ခွင့် ရလူဦးရေ အလိုက် အောင်မှတ်ကို သတ် မှတ်ရခြင်းဖြစ်၍ စာမေးပွဲတစ် ကြိမ်နှင့် တစ်ကြိမ်ပေးသော အောင်မှတ် လည်းမတူညီကြောင်း ၄င်းက ပြောသည်။လက်ရှိ အလုပ်ခေါ်စာကျ သူများတွင် ပထမအကြိမ် စာမေးပွဲ အောင်မြင်ပြီးသူများ သာမက ဒုတိယအကြိမ် အောင် မြင်သူများကိုပါ ခေါ်ယူရခြင်းဖြစ် ပြီး ခေါ်စာကျသူများသည် ရော် ဘာလုပ်ငန်း၊ ကားပစ္စည်းစက်ရုံ၊ ကွန်ပျူတာ လုပ်ငန်း၊ သစ်လုပ် ငန်းစသည်တို့ အပါအဝင် ကုန် ထုတ်လုပ်ငန်း ၂၃ မျိုးတွင် အလုပ် လုပ်ကိုင်ရမည်ဖြစ် ကြောင်း ၄င်းကပြောသည်။ကိုရီးယားဘာသာ စာမေးပွဲ အောင်မြင်ထားသူတစ်ဦးက ''ကျွန်တော်က ၂ဝ၁၁ ခုနှစ် ပထမအသုတ် စာမေးပွဲကတည်း က အောင်ထားတာပါ။ ဒါပေမဲ့ အခုထိမသွားရသေးဘူး။ ဒီမှာပဲ ရှိတဲ့ အလုပ်လုပ်နေရတုန်း''ဟု ပြောကြားခဲ့သည်။ ဇန်နဝါရီလ နောက်ဆုံး အပတ်မှ ဖေဖော်ဝါရီလ ၂ ရက် နေ့အထိ ကိုရီးယားမှ အလုပ် ခေါ်စာ ၂ဝဝဝ ကျော်ရရှိခဲ့သည် ဟု အေဂျင်စီမှ သိရသည်။
 b; Popular News

No comments:

Post a Comment