ဖေဖော်ဝါရီ
၁၅ ရက် မွန်းလွဲပိုင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား
သဘောတူညီမှုရခဲ့တာပါ။ ဒီသဘောတူညီချက်အရ အလုပ်သမားတွေ တောင်းဆိုတဲ့
အတိုင်း တနာရီ ကို အရင်က ၇၅ ကျပ် ရရှိရာကနေ လုပ်ခ ကျပ် ၁၀၀ ရရှိခဲ့ပြီး
အချိန်ပို တနာရီ ၁၆၄ ကျပ်နဲ့ တလအတွင်း ရက်မှန်ကြေး နဂိုအတိုင်း ကျပ်
၆၀၀၀ နှုန်း ရရှိခဲ့တယ်လို့ အလုပ်သမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးသူ
ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
ခုလို သဘောတူညီချက် ရခဲ့လို့ အလုပ်သမားတွေဟာ အရင်ကထက် တလကို လစာ ကျပ် (၁)သောင်းကျော် ပိုရလာမှာ ဖြစ်ပါတယ်။
အလုပ်သမားတွေဟာ အရင်က တလကို အချိန်ပိုကြေး၊ ရက်မှန်ကြေး အပါအဝင် ပျမ်းမျှ ကျပ် ၃၇,၀၀၀ ကျော်လောက်ပဲလုပ်ခလစာ ရကြတာပါ။
အလုပ်သမား
တွေဟာ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဖေဖော်ဝါရီ ၆ ရက်နေ့
မနက်ပိုင်းကစပြီး ဆန္ဒပြနေကြတာပါ။ မနေ့ကတော့ အစိုးရ
အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး
ကိုယ်တိုင်အလုပ်ရှင်နဲ့ အလုပ်သမားအကြား ဝင်ရောက်
ဖြေရှင်းပေးခဲ့ပေမယ့် မပြေလည်ဘဲ ဒီကနေ့မှာ အလုပ်သမားတွေရဲ့
တောင်းဆိုမှုတွေ ရရှိခဲ့တာပါ။
တိုင်ရီ ဖိနပ်
စက်ရုံကို ၁၉၉၇ ခုနှစ်က တည်ဆောက်ခဲ့ပြီး တိုင်ဝမ် သူဌေး တဦးပိုင် ကာ
တရုတ်အမျိုးသမီး တဦးက စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။
by; DVB
No comments:
Post a Comment