တပတ်ကြာ
ဆန္ဒပြနေတာ ပြေလည်မှုရဖို့ ဒီနေ့ နေ့လယ်ပိုင်းက
တိုင်ရီဖိနပ်စက်ရုံဝင်းထဲမှာ အလုပ်ရှင်ဘက်က ကိုယ်စားလှယ်၊
အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်နဲ့ နေပြည်တော်က အလုပ်သမားရေးရာ
ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်တို့ ဆွေးနွေးပေမယ့် ပြေလည်မှု
မရခဲ့ပါဘူး။
အလုပ်သမား
တွေဘက်က မူလတောင်းဆိုချက်ထက် လျှော့ပြီး တောင်းဆိုမှုတွေ
လုပ်ခဲ့ပေမယ့် အလုပ်ရှင်ဘက်က နဂိုအတိုင်းပဲ တင်းခံနေလို့ ပြေလည်မှု
မရခဲ့တဲ့အကြောင်း အလုပ်သမားတွေဘက်က ကူညီဆောင်ရွက် ပေးနေတဲ့
လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက ပြောပါတယ်။
“အလုပ်သမား
တွေကတော့ အများကြီး လျှော့ပါတယ်။ ပထမဆုံး သူတို့ အလုပ်ရုံမှာ
ဆန္ဒစပြတဲ့နေ့က တောင်းဆိုတာက နေ့စားခ ၇၅ ကျပ်ကို ၂၅၀ ကျပ် ထိ
ပေးဖို့ရယ်၊ နောက် သုံးရက်လောက် ဆန္ဒပြပြီးတော့ အလုပ်သမားတွေက
အလုပ်ရှင်ကို ငဲ့ညာတဲ့အနေနဲ့ ၇၅ ကျပ်ကို ၁၅၀ ထိ လျှော့ချလိုက်ပါတယ်။
ဒီနေ့ကျတော့လည်း အလုပ်သမားတွေက နှစ်ဦးနှစ်ဖက် ပြေလည်စေချင်တဲ့
သဘောနဲ့ သူတို့ဘက်က အများကြီးလျှော့ပေးခဲ့တာ တွေ့ရတယ်။ ဒီနေ့
ကျမ သိရတာကတော့ အလုပ်သမားတွေက တော်တော်လေး ဒုက္ခရောက်နေပြီ။
မဆင်းရတဲ့ ရက်တွေက များတဲ့အတွက် အိမ်ကို ပိုက်ဆံပြန်ယူရတာတွေ
ရှိပါတယ်။ ဒီနေ့ဆိုလည်း ဖယ်ရီခကို အလုပ်ရှင်က မပေးတော့ဘူး။
သူတို့ဘာသာ လိုင်းကားနဲ့ လာရတယ်၊ ပိုက်ဆံမရှိတဲ့သူက
လမ်းလျှောက်လာခဲ့ရတယ်၊ အလုပ်သမားတွေက အရမ်းကို နစ်နာနေတာ ကျမတို့
တွေ့ရတယ်၊ စိတ်လည်း မကောင်းဘူး။”
ဆွေးနွေး
ပွဲမှာ အလုပ်သမားတွေက လုပ်အားခကို နဂိုက တနာရီ ၇၅ ကျပ် ပေးနေတာကို ၁၀၀
ထိတိုးပေးဖို့၊ ရက်မှန်ကြေး နဂိုက ၆၀၀၀ ပေးနေတာကို ၈၀၀၀ ပေးဖို့
တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့်
အလုပ်ရှင်ဘက်က တနာရီကြေးကို ၈၅ နဲ့၊ ရက်မှန်ကြေးကို ၇၀၀၀ အထိပဲ
တိုးပေးမယ်လို့ ပြောတာကြောင့် ပြေလည်မှုမရခဲ့ပါဘူး။
အခုလို
ပြေလည်မှု မရတဲ့အတွက် အလုပ်သမားတွေကတော့ သူတို့ တောင်းဆိုချက်တွေ
ရအောင် အလုပ်မဆင်းဘဲ ဆန္ဒပြမှာဖြစ်သလို၊ ဥပဒေကြောင်းအရလည်း
တောင်းဆိုသွားဖို့ စီစဉ်နေကြပါတယ်။
လူ့အခွင့်အ
ရေးလှုပ်ရှားသူ မစုစုနွေးကတော့ အခုကိစ္စမှာ အလုပ်ရှင်နဲ့
အလုပ်သမားတွေ နှစ်ဘက်စလုံးက နစ်နာတာတွေ မဖြစ်အောင် အစိုးရက ကြားဝင်
ဆောင်ရွက်ပေးသင့်တယ်လို့ ပြောပါတယ်။
“အလုပ်သမား
တွေက ၁,၈၀၀ ကျော်၊ ယောကျာ်းလေးအလုပ်သမားတွေက ၁၀၀ တောင်
မပြည့်ပါဘူး။ မိန်းကလေးက ၁,၇၀၀ ကျော် လောက်ရှိတယ်။ အဲဒီ့
အမျိုးသမီးတွေက အပျိုလေးတွေပါသလို၊ အိမ်ထောင်ရှင်တွေလည်းပါတယ်။
ကားလမ်းမပေါ်မှာလည်း အိပ်လို့မရပါဘူး။ ဘူတာရုံမှာလည်း အိပ်မရပါဘူး။
အပြင်မှာထွက်ပြီး ညလုံးပေါက် လမ်းလျှောက်နေလို့လည်း မရဘူး။ အဲတော့
အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးကို နိုင်ငံတော်သမ္မတကြီးကော၊
အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်ကော အာဏာပိုင် အဖွဲ့အစည်းတွေကကော
ဘာမှ မလုပ်ပေးနိုင်ဘူးဆိုရင် အလုပ်သမား အမျိုးသမီးတွေရဲ့
ဘဝလုံခြုံရေးကို ကျမတို့ စိုးရိမ်ရပါတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေ
နိုင်ငံတော်သမ္မတတွေကနေ ဒီ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဖက်ကို
တဦးနဲ့တဦး မနစ်နာအောင် ပြေပြေလည်လည် ဖြေရှင်းပေးစေချင်ပါတယ်။”
မနှစ်တုန်း
လည်း တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြမှုကို
အလုပ်သမားညွန်ချုပ် ဦးချစ်ရှိန်ကပဲ ကြားဝင် ဆောင်ရွက်ပေးခဲ့လို့
ပြေလည်မှု ရခဲ့ဖူးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
မြန်မာပြည်မှာ
အခုအချိန်အထိ ရှိနေတဲ့ အလုပ်သမားဥပဒေဟာ အလုပ်သမား
အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်မှု အားနည်းပြီး၊ အစိုးရ
အလုပ်သမားဌာနတွေကလည်း အကာအကွယ်ပေးတာမျိုး မရှိသလောက်ပဲလို့
အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။
မကြာခင်က
ဒီဗွီဘီနှင့် မေးမြန်းခန်းမှာ အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းက
လွတ်လပ်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်နဲ့
အကန့်အသတ်နဲ့ ဆန္ဒပြခွင့်တွေ ပါဝင်တဲ့ အလုပ်သမား ဥပဒေသစ် တရပ်
ဒီနှစ်ဆန်းပိုင်းမှာ အသက်ဝင်လာဖို့ ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။
by; DVB &
No comments:
Post a Comment