Thursday, March 1, 2012

နိုင်ငံခြားသွားမည့် မြန်မာများသိထားရန်

မကြာသေးမီက အာဖရိက တိုက်ရှိ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား စသည့်နိုင်ငံများ၌ နိုင်ငံရေးမငြိမ် မသက်မှုများ ဖြစ်ပွားခဲ့ခြင်းနှင့် ဂျပန် နိုင်ငံတွင် ငလျင်လှုပ်ခတ်၍ ဆူနာ မီရေလှိုင်းဘေးဒဏ် ကျရောက်ခဲ့ ခြင်းတို့ကြောင့် အဆိုပါနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ နေထိုင်ကြသော နိုင်ငံခြားသားများ သည် မလိုလားအပ်သော ဘေး ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါ သည်။ ယင်းကဲ့သို့သော မမျှော်လင့် ဘဲ ဖြစ်ပွားလာသည့် အခြေအနေ မျိုးနှင့် မမျှော်မှန်းနိုင်သော သဘာ ဝဘေးအန္တရာယ်များဖြစ်လာပါက လိုအပ်သည့် ကူညီစောင့်ရှောက်မှု များ အမြန်ဆုံးရယူနိုင်ရန် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာ မည့် မြန်မာနိုင်ငံသားများ၏ အကျိုး စီးပွားနှင့် လုံခြုံရေးဆိုင်ရာ ဗဟုသု တအဖြစ် နိုင်ငံခြားခရီးထွက်ခွာလို သော မြန်မာနိုင်ငံသားများအတွက် သတိပြုသင့်သည့် အချက်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
(၁) မိမိခရီးထွက်ခွာမည့် နိုင်ငံ ၏အကြောင်းကို သိရှိနားလည်ရန်၊ ¤င်းနိုင်ငံ၏ ဓလေ့ထုံးစံ၊ ဘာသာနှင့် ယဉ်ကျေးမှု၊ ရာသီဥတု၊ တရား ဥပဒေစိုးမိုးရေး၊ ခုခံအားကျဆင်းမှု ရောဂါနှင့်ကာလသားရောဂါအတိုင်းအ တာ အခြေအနေ၊ ဥပဒေစည်းမျဉ်း စည်းကမ်း စသည့်သတင်းအချက် အလက်များကို အတတ်နိုင်ဆုံး ပိုမို သိရှိရန် ဆောင်ရွက်ပြီး ကြိုတင် ကာကွယ်မှုများကိုလည်း ပြင်ဆင်မှု ရှိရမည်။
(၂) နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သော http://www.mofa.gov.mm/  သို့ ဝင်ရောက်၍ ပြည်ပနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့နှင့် ဆက် သွယ်ရေးနည်းလမ်းများနှင့် သတင်း အချက်အလက်များကို စုံစမ်းလ့လာ ရန် လိုအပ်ပါသည်။ သွားရောက် လိုသောနိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်မှု မရှိသေးပါ က အနီးဆုံးနိုင်ငံတွင်ရှိသော မြန်မာ နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့ ၏ နေရပ်လိပ်စာနှင့်ဆက်သွယ်ရန် ဖုန်းနံပါတ်များကို သိရှိရန်နှင့် ဆက် သွယ်မှုစနစ်အား နားလည်ရန် လို အပ်ပါသည်။
(၃) ခရီးမထွက်ခွာမီ လိုအပ် သည့် ခရီးသွားသက်သေခံလက် မှတ်များကို ကြိုတင်ပြင်ဆင်ရမည်။ လမ်းခရီးအတွင်း မိမိ၏ သက်သေခံ မှတ်ပုံတင်လက်မှတ်များကို ကိုယ် ၌အမြဲဆောင်ကြဉ်းထားရမည်။ တိ ကျမှန်ကန်သော သက်သေခံလက် မှတ်က မိမိအားအချိန်မီ ထိရောက် စွာကယ်ဆယ်ရေး၏ အခြေခံအ ကြောင်းအချက်တစ်ရပ်ဖြစ်သည်။ အရေးကြုံပြီးနောက် လျော်ကြေး တောင်းခံခြင်း၊ ငွေကြေးထောက်ပံ့ ကူညီခြင်းတို့အတွက် လိုအပ်သော အခြေခံတောင်းဆိုချက်များ ဖြစ် သည်။ နိုင်ငံခြား၌ နေထိုင်ချိန်အ တွင်း သက်သေခံလက်မှတ်များ အနက် နိုင်ငံကူးလက်မှတ်(Passport) ခရီးသွားလက်မှတ်၊ နေထိုင်ခွင့် လက်မှတ်၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်၊ လူမှုအာမခံလက်မှတ် စသည်များ အကျုံးဝင်ပေသည်။ နိုင်ငံကူးလက်မှတ်သက်တမ်း သတ် မှတ်ချက်နှင့် ဗီဇာလာလျှောက်ထား ခြင်းအား ငြင်းပယ်ခံရခြင်း သို့မ ဟုတ် နိုင်ငံကူးလက်မှတ် သက် တမ်းကုန်ဆုံးမှုကြောင့် ခရီးစဉ်အား ဖျက်သိမ်းခြင်းမျိုး မဖြစ်ပွားစေရန် မိမိနိုင်ငံကူးလက်မှတ်သက်တမ်း (လက်ကျန် သက်တမ်း အနည်းဆုံး ၆ လ အထက်ရှိရမည်)ကို သတိ ပြု စစ်ဆေးရမည်။
(၄) မိမိခရီးသွားရောက်လို သောနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာနှင့် ဝင် ရောက်ဖြတ်သန်းသွားလာမည့် နိုင်ငံ ၏ဖြတ်သန်းသွားလာခွင့်ဗီဇာကို ကြိုတင်လျှောက်ထားရယူရမည်။ ဗီ ဇာအမျိုးအစားသည် မိမိ၏သွားလို သောခရီးနှင့် ညီညွတ်မှုရှိရမည်။ ဗီဇာသက်တမ်းနှင့်ဝင်ရောက် ရပ်နား ချိန်သည် ခရီးစဉ်နှင့် ညီညွတ်မှုရှိရ မည်။
(၅) လေယာဉ်(မော်တော်ယာဉ်၊ ရထား၊ သင်္ဘော)လက်မှတ်များ၌ သတ်မှတ်ထားသော လိုက်ပါစီးနင်း မည့်အချိန်၊ နေရာဒေသနှင့် ဆက် လက်ခရီးသွားရမည့် ပူးတွဲယာဉ်စီး လက်မှတ်များ၏ ရှေ့နောက်ချိတ် ဆက် မှန်ကန်မှုရှိမရှိကို သေချာစွာ စစ်ဆေးကြည့်ရှုရမည်။
(၆) လိုအပ်သော ပုဂ္ဂိုလ်ရေး ဆိုင်ရာ လုံခြုံမှုနှင့် ကျန်းမာရေးဆိုင် ရာ အာမခံများကို ဝယ်ယူရမည်။ ပတ်ဝန်းကျင်အသစ်ဖြစ်သော နိုင်ငံ ရပ်ခြားတွင် မမျှော်လင့်သော လုံခြုံ ရေးဆိုင်ရာ အန္တရာယ်များနှင့် ရင် ဆိုင်ရဖွယ်ရာရှိပါသည်။ နိုင်ငံရပ်ခြား ၌ ဆေးဝါးကုသမှုစရိတ်သည် ယေ ဘုယျအားဖြင့် မြင့်မားပြီး သင့်လျော် သော အာမခံမျိုးကို ဝယ်ယူရန် အဆိုပြုလိုပါသည်။
(၇) လိုအပ်သော ကူးစက် ရောဂါ ကာကွယ်ဆေးများကို ကြို တင်ထိုးပြီး၊ ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ် (စက္ကူဝါ လက်မှတ်ဟုလည်း ခေါ်ဆိုကြ သည်)ကို ကိုယ်၌အမြဲဆောင်ကြဉ်း ထားရမည်။ အခါအခွင့်သင့်ခိုက် ဘက်စုံကျန်းမာရေးစစ်ဆေးခြင်း ပြု လုပ်လျှင်ပို၍ကောင်းပါသည်။
(၈) မူးယစ်ဆေးဝါး၊ အပြည် ပြည်ဆိုင်ရာမှ ပိတ်ပင်တားမြစ်ထား သော ပစ္စည်းများ၊ ထိန်းသိမ်းစောင့် ရှောက်ခြင်း သတ်မှတ်ထားသော တိရစ္ဆာန်နှင့်ပစ္စည်းများ၊ ဆိုက် ရောက်မည့်နိုင်ငံမှ ပိတ်ပင်တားမြစ် ထားသော အခြားပစ္စည်းများအား သယ်ဆောင်ခြင်းကို လုံးဝမပြုလုပ် ရန် သတိပြုရမည်ဖြစ်ပါသည်။
(၉) မိမိသယ်ဆောင်လာသော ဆေးဝါးများကို အလေးအနက် ရွေး ချယ်စိစစ်ပါ။ နိုင်ငံအတော်များများ တွင် ဆေးဝါးနှင့်ပတ်သက်ပြီး တင်း ကြပ်သောစည်းကမ်းချက်များ ချ မှတ်ကျင့်သုံးလေ့ရှိပါသည်။ မလို အပ်သောပြဿနာရပ်များ ရှောင် ကြဉ်နိုင်ရန် ဆိုက်ရောက်နိုင်ငံ ပင် လယ်အကောက်ခွန်ဌာန၏ ဆေး ဝါးအမျိုးအမည်နှင့် အရေအတွက် ခွင့်ပြုသတ်မှတ်ချက်အတိုင်းသာ ယူ ဆောင်ပါ။ မိမိရောဂါ ကုသရေးအ တွက် အမှန်တကယ်လိုအပ်သော ဆေးဝါးများဖြစ်ပါက ဆရာဝန်၏ ဆေးစာရွက်၊ နိုင်ငံခြားဘာသာဆေး ညွှန်းနှင့် ဆေးဝါးပြေစာများကို တစ် ပါတည်း ဆောင်ကြဉ်းထားရမည်။
(၁ဝ) ဆိုက်ရောက်နိုင်ငံ ပင် လယ်အကောက်ခွန်ဌာနမှ အစား အသောက်၊ တိရစ္ဆာန်နှင့် ရုက္ခဗေဒ ထွက်ပစ္စည်း၊ နိုင်ငံခြားငွေယူဆောင် ခွင့်ကန့်သတ်ချက်များကို သတိပြု ပါ။ ငွေအလုံးအရင်း ယူဆောင်ပါက ပင်လယ်အကောက်ခွန်ဌာနသို့ လျှောက်ထားတင်ပြရမည်။ မိမိနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသူများ၏ ဝန် စည်နှင့်ပစ္စည်း သယ်ယူပို့ဆောင် ခြင်းကို လုံးဝမပြုလုပ်ရ။
(၁၁) မိမိအိမ်သား၊ မိတ်ဆွေ များနှင့် ဆက်သွယ်မှုမပြတ်ပါစေနှင့်။ ပြည်ပမထွက်ခွာမီ ခရီးသွားအစီ အစဉ်နှင့် ဆက်သွယ်ရေးနည်းနာ များကို မိမိအိမ်သားများနှင့် မိတ် ဆွေများအား ကြိုတင်အကြောင်း ကြား အသိပေးရမည်။ အရေးပေါ် အခြေအနေအောက်တွင် သက်ဆိုင် ရာဌာနများက မိမိ၏အိမ်သား သို့မ ဟုတ် မိတ်ဆွေများနှင့် အချိန်မီ ဆက်သွယ်နိုင်ရေးအတွက် နိုင်ငံ ကူးလက်မှတ်ပေါ်၌မိမိ၏ အိမ်သား သို့မဟုတ် မိတ်ဆွေတို့၏ နေရပ် လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကို အတိ အကျရေးသားဖော်ပြ ထားပါရန် အကြံပြုအပ်ပါသည်။ နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ၊ နိုင်ငံသား မှတ်ပုံတင်တို့ကို မိတ္တူ ၂ စုံစီဆွဲ ပြီး တစ်စုံကို အိမ်၌ထား၍ ကျန်တစ်စုံကို မိမိနှင့်တစ်ပါတည်း ကိုင်ဆောင်ထားပါ။ လိုအပ်သည့်အ လျှောက် သုံးစွဲနိုင်ရန် နိုင်ငံကူး လက် မှတ်သုံး အပိုဓာတ်ပုံအချို့ ကြိုတင် ပြင်ဆင်ထားရန်လည်း လိုအပ်ပါ သည်။
(၁၂) ခရီးသွားသုံးစွဲငွေနှင့် ပစ္စည်း များပြင်ဆင်သောအခါ ဃမနိငအ ဃမေိ ၊ီနဘငအ ဃမေိ နှင့် ချက် လက်မှတ်များကိုသုံးစွဲရန် ထည့် သွင်းစဉ်းစားသင့်ပါသည်။ သို့ရာတွင် ကတ်နှင့်လက်မှတ်တို့ ၏နံပါတ်ကို သီးခြားမှတ်သားထား ရန် လိုအပ်ပါသည်။ အဆိုပါ ငွေ လက်မှတ်များ ပျောက်ဆုံးလျှင် ပျောက်ဆုံးကြောင်း၊ ဘဏ်တိုက်သို့ မည်ကဲ့သို့ မှတ်ပုံတင်အကြောင်း ကြားရမည့် ဆောင်ရွက်နည်းကို လည်း ကြိုတင်သိရှိ နားလည်ရန် လိုအပ်ပါသည်။ Credit Card/Debit Card တို့၏ သက်တမ်းကို သတိပြု စစ်ဆေးရမည်။ လက်ငင်း ငွေအလုံးအရင်း ယူဆောင်လာပါက သတ်မှတ်ချက်အရ ပင်လယ် အကောက်ခွန်ဌာနသို့ သတင်းပို့ အကြောင်းကြားရမည်။
(၁၃) နိုင်ငံခြားသို့ ပညာတော် သင်အတွက် သွားရောက်လိုပါက ကြားခံ ဝန်ဆောင်မှုလုပ်ငန်း(ပွဲစား)မှ တစ်ဆင့်ဆောင်ရွက်လျှင် ကြားခံဝန် ဆောင်မှုလုပ်ငန်း(ပွဲစား)၏ လုပ်ငန်း အရည်အချင်းပြည့်ဝမှုရှိ၊မရှိ၊ မိမိ လျှောက်ထားသောကျောင်းမှ ဖွင့် လှစ်သော ဘာသာရပ်သည် သက် ဆိုင်ရာပညာရေးဌာန၏ တရားဝင် ခွင့်ပြုချက် ရှိ၊ မရှိ(သို့မဟုတ်)လုပ် ပိုင်ခွင့်ပါမစ်ရရှိခြင်း ရှိ၊ မရှိတို့ကို ကြိုတင်သိရှိနားလည်ရန် လိုအပ်ပြီး၊ ယုံမှတ်လို့ပုံအပ်မှုများကို ရှောင်ကြဉ် ရမည်။
(၁၄) နိုင်ငံခြားသို့ အလုပ်ကိစ္စ ဖြင့် သွားရောက်ပါက မိမိတိုင်းပြည် မှ မထွက်ခွာမီ ပြည်ပ၌ အလုပ်လုပ် ကိုင်ရန် လုပ်သားခေါ်ယူပိုင်ခွင့်လက် မှတ်(သို့မဟုတ်) နိုင်ငံခြား၌ အလုပ် နေရာချထားရေး ပွဲစားမှတ်ပုံတင် လက်မှတ် ကိုင်ဆောင်ထားရှိသော ဌာနများ၌ လုပ်ကိုင်ဆောင်ရွက်ရာ တွင်လည်း သက်ဆိုင်ရာဌာနများမှ တရားဝင်ခွင့်ပြုချက် ရှိ၊ မရှိ (သို့ မဟုတ်)လုပ်ပိုင်ခွင့်ပါမစ်ရရှိခြင်း ရှိ၊ မရှိတို့ကို ကြိုတင်သိရှိနားလည်ရန် လိုအပ်ပြီး အလုပ်စာချုပ်ချုပ်ဆို သောအခါ စာချုပ်ပါအချက်များ အထူးသဖြင့် လစာ၊ လစာတွက် ချက်နည်း၊ သက်သာချောင်ချိရေး၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု လျော်ကြေးငွေပမာဏစသည့်သတ် မှတ်ချက်များကို သေချာစွာ ဖတ်ရှု လေ့လာပြီး နောက်ပိုင်းတွင် အငြင်း ပွားမှုများ ရှောင်ကြဉ်နိုင်ရန် နှုတ် ဖြင့်ပေးထားသော ဝန်ခံကတိကို လည်း စာချုပ်တွင် တစ်ပါတည်း ရေးသားဖော်ပြရန် တောင်းဆိုရ မည်။
ဆက်လက်၍ ပြည်ပသို့ရောက် ရှိပြီးနောက် သတိပြုရမည့်အချက် များကိုလည်း အလျဉ်းသင့်သလို ထပ်မံဖော်ပြပေးသွားလိုပါသည်။

by; ကျော်စွာ(နန်နင်း) Popular News Journal

No comments:

Post a Comment