သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်ရပ်မှာ ထိုင်းနိုင်ငံ၊ ကရဘူရီမြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု၊နမ္မဒင်းကျေးရွာတွင်
မတ်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းအမျိုးသမီးမှာ ရာဘာခြံတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ကာ ယာယီ မြန်မာနိုင်ငံကူး လက်မှတ်ကိုင် ဆောင်ထားသူဖြစ်ကြောင်း သိရသည်။
“ဖူးခက်မှာရှိတဲ့ ဆောက်လုပ် ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ဖို့ မြန်မာအလုပ်သမား ၁၃၉ ဦးကို ဖေဖော်ဝါရီလအတွင်းမှာတရားဝင် သဘောတူညီမှုနဲ့ ပို့ခဲ့တယ်။ ဟိုရောက်တော့ အလုပ်ရှင်ရဲ့စီမံမှုနဲ့ အလုပ်သမားရုံး ကိုသတင်းပို့ရတယ်။ ကျန်းမာရေး စစ်ဆေးရတယ်။ အလုပ်လုပ်ခွင့် လျှောက်ရတယ်။ လျှောက်ထားဆဲ မှာအလုပ်သမားကိုးဦးကိုအလုပ်လုပ် ခွင့်လက်မှတ်မရှိလို့ဆိုပြီး ဖမ်းဆီး ထားတယ်။ အဲဒီကိစ္စကို complain လုပ်ပြီး သူတို့ဘက်က တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်”ဟု မြန်မာ ကိုယ်စားလှယ် အဖွဲ့၌ လိုက်ပါခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။
“Sadao Immigration office in Songkhla Province ကနေ မြန်မာ အလုပ်သမား ၆၂ ဦးကို ပြည်နှင် ဒဏ်ပေးခဲ့တယ်။ သူတို့ကိုမဲဆောက် ကိုဧပြီလ ၁၆ ရက်နေ့က ကားနဲ့ပို့တဲ့ အခါမှာ အလုပ်သမားနှစ်ဦး အသက်ရှူကျပ်ပြီး သေဆုံးခဲ့တာကို ဧပြီ ၁၇ ရက်မှာ တွေ့ရတယ်။ သေဆုံးတာက အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦး နဲ့ အသက် ၃၆ နှစ်ရှိ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း စုံစမ်းစစ်ဆေးပေးဖို့၊ သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ လုပ်ပေးဖို့၊ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ မဲဆောက်မှာလည်း စုံစမ်းစစ်ဆေးပေးဖို့ request လုပ်ထားပါတယ်။ အခုရက်ပိုင်းတွင်းမှာပဲ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေဖွဲ့ပြီး လုပ်သွားမယ်လို့ သိရပါတယ်”ဟု ၎င်းကပြောပြသည်။ မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကိစ္စရပ်များဖြေရှင်းရန် အတွက် ဧပြီလ ၁၈ ရက်မှ ၂၀ ရက် ထိ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့်တွေ့ ဆုံကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ခရီးစဉ်အတွင်း Songkhla Province မှစက်ရုံတစ်ခုတွင် အလုပ်သမားများ ဆန္ဒပြမှု၊ ကန်ချနာဘူရီရှိ အစားအ သောက်စက်ရုံတစ်ခုမှမြန်မာအလုပ် သမားများ ဆန္ဒပြမှုများကိုလည်း ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။
ပြည်ပအလုပ်အကိုင် အလုပ်သမား စေလွှတ်သည့်ကိစ္စ၊ အလုပ်သမားများအား အကာအကွယ်ပေးရေး စသည်တို့ ဆောင်ရွက်ရန် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီကို ပြည်ထောင်စုအစိုးရ အဖွဲ့က အမိန့် ကြော်ငြာစာအမှတ် (၂၄/၂၀၁၁)ဖြင့် ဖွဲ့စည်းပေးခဲ့သည်။
by; EMG