မြန်မာနိုင်ငံ
ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅
အဖြစ်” ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ
စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပေ ဒ” ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က
ပြဋ္ဌာန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် “လိုအပ်သောနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူ ညီချက်ဖြင့်
ထုတ်ပြန်နိုင်သည်။” ဟု ဤဥပဒေပုဒ်မ ၂၄ (က) တွင် ထုတ်ပြန်ထားသော်လည်း ယနေ့အထိ
နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ထုတ်ပြန်လာနိုင်ခြင်း
မရှိသေးပါ။ သက်ဆိုင်ရာဥပဒေနှင့်တဆက်တည်း လုပ်ထုံးလုပ်နည်း
ဥပဒေများကို ထုတ်ပြန်နိုင်ခြင်းမရှိသည့်သူ ငယ်နာကို ဦးသိန်းစိန်ကြံ့ဖွံ့
အစိုးရလက်ထက်တွင် အစဉ်အမြဲတွေ့ကြုံ
ရင်ဆိုင်နေရပါသည်။
အထက်ဖော်ပြပါ “လျှပ်စစ်မီးများ မကြာခဏပျက်နေခြင်းအပေါ် အကျေမနပ်ဖြစ်ပါသဖြင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြ မည်ဖြစ် ကြောင်း အသိပေးအကြောင်းကြားခြင်း” စာနှင့် “၂၄ နာရီ အချိန်ပြည့်လျှပ်စစ်မီးရရှိရေး (ဒို့အရေး) ကြွေးကြော်သံတို့ကို ဤဥပဒေအရ တရားဝင်တင်ပြခဲ့ပါသည်။ သို့သော် ဤဥပဒေ ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာနမှ နည်းဥပဒေထုတ်ပြန် ပြီးမှသာ ပြန်လည်လျှောက်ထား ရန် အကြောင်းကြားပါသည်၊ဟု ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးမှပြန်ကြားစာကို တွေ့မြင်သိရှိရပါသည်။
ဤဥပဒေ ထုတ်ပြန်ထားသည့် ရည်ရွယ်ချက် ပုဒ်မ ၃ (ဂ) တွင် “ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ြ ခင်း
အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်သူများကြောင့် အများပြည်သူအား
အနှောင့်အယှက်ဖြစ်စေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေခြင်း၊
ထိခိုက်နစ်နာစေခြင်းနှင့် အ ဟန့်အတားဖြစ်စေခြင်းတို့မှ ကာကွယ်ရန်” ဟု
ပါရှိပါသည်။ ဤသို့ကာကွယ်ရန်အတွက် ရဲအက်ဥပဒေ ပုဒ်မ ၃၁ နှင့် ပုဒ်မ ၃၂
တို့တွင် ပြ ဋ္ဌာန်းထားပြီးသားရှိပါသည်။ တခြားနိုင်ငံများတွင်လည်း
စီတန်းလှည့်လည်သူများ အသွားအလာအဆင်ပြေ ချောမွေ့စေရန် ရဲတပ်ဖွဲ့ဝင်များက
ရဲအက်ဥပဒေဖြင့် ကာကွယ်ကူညီလေ့ရှိကြပါသည်။ ရဲအက်ဥပဒေ ပုဒ်မ ၃၁ နှင့် ၃၂
တို့ကို ပယ်ဖျက်ခြင်းမရှိသေးသည့်အတွက် တည်ဆဲ ဥပဒေအဖြစ်
လိုက်နာကျင့်သုံးလျှက်ရှိပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၇ တွင် “တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အ မိန့်များ၊ ညွန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရက ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။” ဟု ပြဋ္ဌာန်းထားသဖြင့် တည်ဆဲဥပဒေများနှင့် အညီဆောင်ရွက်ခွင့်ရှိပါသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၃၅၄ (ခ) အရလည်း “လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို လွတ်လပ်စွာဆောင်ရွက်ခွင့်” ရှိပါသည်။ အခြေခံမူ ပုဒ်မ ၂၁ (က) “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရှိသည်။” ဟု ပြဋ္ဌာန်းထားသည့်အတိုင်း လွတ်လပ်မှု ဒီမိုကရေစီ အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိပါသည်။ ဥပဒေတွင် သစ်သီးမှည့်၍ ကြွေကျမှ စားရမည်ဟု ပြဋ္ဌာန်းချက်မျိုးမရှိပါ။ စား၍ရသည့်အချိန်တွင် တံချူဖြင့်ခူးဆွတ်နိုင်သည့် လွတ်လပ်ခွင့်မျိုးဖြင့်သာ ကာကွယ်ပေးပါသည်။
သို့ဖြစ်ပါ၍ အထက်ပါ အခြေအနေမျိုးတွင် နည်းဥပဒေထုတ်ပြီးသည်အထိ စောင့်ဆိုင်းရန် လုံးဝမသင့်တော်ပါ။ ဤဥပဒေပုဒ်မ ၅ တွင် “မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၏အတည်ပြုချက်ြ ဖင့်
ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ခွင့်ပြုချက်ထုတ်ပေးရန် ငြင်း
ပယ်နိုင်သည်။ သို့ရာတွင် နိုင်ငံတော် လုံခြုံရေး တရားဥပဒေ စိုးမိုးရေး၊
ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား
အကျိုးငှာပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင်
ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရ။” ဟု ထည့်သွင်းဖော်ပြထားပါသည်။
ဤပုဒ်မကိုအကြောင်းပြုထောက်ထား၍ ပြဋ္ဌာန်းဥပဒေများနှင့်လည်း
မဆန့်ကျင်ကြောင်းတို့ကို ထပ်မံတင်ပြလျှောက်ထားကာ လွတ်လပ်စွာ
စီတန်းလှည့်လည်ခွင့်ရှိပါသည်။
လွတ်လပ်စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုသည်မှာ လူသားတိုင်း၏ မွေးရာပါလူ့အခွင့်အရေးဖြစ်ပါသည် ။ နေ့စဉ်နေထိုင်မှုဘ၀နှင့်လည်း
တထပ်တည်းဖြစ်ပြီး၊ အရေးကြီးသည့်အချိန်နှင့် တပြေးညီဆောင်ရွက်ရမည့်
တာဝန်တရပ်လည်းဖြစ်သည်ကို အလေးအနက်ထား ရန်လိုအပ်ပါသည်။
by; ဦးမျိုး (ဥပဒေ) မိုးမခ
ပြည်ထဲရေးဝန်ကြီးဌာနသည် “လိုအပ်သောနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူ
ဥပဒေများကို ထုတ်ပြန်နိုင်ခြင်းမရှိသည့်သူ
ရင်ဆိုင်နေရပါသည်။
အထက်ဖော်ပြပါ “လျှပ်စစ်မီးများ မကြာခဏပျက်နေခြင်းအပေါ် အကျေမနပ်ဖြစ်ပါသဖြင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြ မည်ဖြစ် ကြောင်း အသိပေးအကြောင်းကြားခြင်း” စာနှင့် “၂၄ နာရီ အချိန်ပြည့်လျှပ်စစ်မီးရရှိရေး (ဒို့အရေး) ကြွေးကြော်သံတို့ကို ဤဥပဒေအရ တရားဝင်တင်ပြခဲ့ပါသည်။ သို့သော် ဤဥပဒေ ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာနမှ နည်းဥပဒေထုတ်ပြန် ပြီးမှသာ ပြန်လည်လျှောက်ထား ရန် အကြောင်းကြားပါသည်၊ဟု ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးမှပြန်ကြားစာကို တွေ့မြင်သိရှိရပါသည်။
ဤဥပဒေ ထုတ်ပြန်ထားသည့် ရည်ရွယ်ချက် ပုဒ်မ ၃ (ဂ) တွင် “ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ြ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၇ တွင် “တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အ မိန့်များ၊ ညွန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရက ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။” ဟု ပြဋ္ဌာန်းထားသဖြင့် တည်ဆဲဥပဒေများနှင့် အညီဆောင်ရွက်ခွင့်ရှိပါသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၃၅၄ (ခ) အရလည်း “လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို လွတ်လပ်စွာဆောင်ရွက်ခွင့်” ရှိပါသည်။ အခြေခံမူ ပုဒ်မ ၂၁ (က) “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရှိသည်။” ဟု ပြဋ္ဌာန်းထားသည့်အတိုင်း လွတ်လပ်မှု ဒီမိုကရေစီ အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိပါသည်။ ဥပဒေတွင် သစ်သီးမှည့်၍ ကြွေကျမှ စားရမည်ဟု ပြဋ္ဌာန်းချက်မျိုးမရှိပါ။ စား၍ရသည့်အချိန်တွင် တံချူဖြင့်ခူးဆွတ်နိုင်သည့် လွတ်လပ်ခွင့်မျိုးဖြင့်သာ ကာကွယ်ပေးပါသည်။
သို့ဖြစ်ပါ၍ အထက်ပါ အခြေအနေမျိုးတွင် နည်းဥပဒေထုတ်ပြီးသည်အထိ စောင့်ဆိုင်းရန် လုံးဝမသင့်တော်ပါ။ ဤဥပဒေပုဒ်မ ၅ တွင် “မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၏အတည်ပြုချက်ြ
လွတ်လပ်စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုသည်မှာ လူသားတိုင်း၏ မွေးရာပါလူ့အခွင့်အရေးဖြစ်ပါသည်
by; ဦးမျိုး (ဥပဒေ) မိုးမခ
No comments:
Post a Comment