Tuesday, May 8, 2012

ရွှေပြည်သာရှိ အုတ်ဖုတ်အလုပ်သမား ၃ သောင်းကျော် အခက်အခဲဖြစ်

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ်အတွင်းရှိ အုတ်ဖုတ် လုပ်ငန်းများကို တရားမဝင် လုပ်ငန်းအဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းရန် ညွှန်ကြားခဲ့ခြင်းကြောင့် ယင်းလုပ်ငန်းကို မှီခိုနေရသူ အလုပ်သမား သုံးသောင်းကျော် စားဝတ်နေရေး အတွက် အခက်တွေ့ နေကြောင်း အုတ်ဖုတ် လုပ်ငန်းရှင်များနှင့် အလုပ်သမားတို့က မီဒီယာများကို ယနေ့ ပြောဆိုလိုက်သည်။ တိုက်ကြီးမြို့ ကျေးရွာ တစ်ခုမှ အုတ်ဖုတ်သမားအဖြစ် လာရောက် လုပ်ကိုင်သူ အသက် ၂၅ နှစ်အရွယ် ဦးစိုးလွင်ဦးကလည်း "သားက သူငယ်တန်း တက်နေတယ်။ အုတ်လုပ်ငန်း မလုပ်ရတော့ဘူး ဆိုရင်တော့ ကျောင်းဆက် မထားနိုင်တော့ဘူးဗျာ" ဟု ညီးညူ ပြောဆိုသည်။

ရွှေပြည်သာမြို့နယ် အတွင်းရှိ အုတ်ဖုတ် လုပ်ငန်းများကို ၁၉၉၄ ခုနှစ် ဝန်းကျင် တပ်မတော် အစိုးရ လက်ထက်က လယ်ယာမြေများကို သိမ်းယူပြီး ကုမ္ပဏီကြီးများဖြင့် စီးပွားဖြစ် လုပ်ကိုင်ခဲ့ ရသော်လည်း ယင်းအစိုးရက ဂတ်စ် အပြည့်အဝ မပေးနိုင်သည့် အတွက် အုတ်လုပ်ငန်း ကုမ္ပဏီများ ဖျက်သိမ်းကာ
တနိုင်တပိုင် လုပ်ငန်းရှင်အား ခွဲဝေ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
"ကုမ္ပဏီက မြေကို ဝယ်တဲ့ အရောင်းအဝယ် စာချုပ်ပဲ ရှိတယ်။ လုပ်ငန်းလိုင်စင်တော့ မရှိဘူး။ လိုင်စင်က လျှောက်လို့ ရရင်တော့ တရားဝင် လျှောက်ချင်တာပေါ့" ဟု လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်သောင်းက ဆိုသည်။
အဆိုပါ တရားမဝင် အုတ်ဖုတ် လုပ်ငန်းများ ဆောင်ရွက်နေသော အုတ်စိမ်း ထုတ်လုပ်မှု၊ အုတ်ဖုတ်မှုများ အပါအဝင် အဆောက်အဦးနှင့် အလုပ်သမား တဲများပါ ဖျက်သိမ်းရန် မြို့နယ် အထွေထွေ အုပ်ချုပ်မှု ဦးစီးဌာန
အုပ်ချုပ်ရေးမှူး ရုံးက တရားဝင် အကြောင်းခဲ့ သော်လည်း လိုက်နာခြင်း မရှိသည့်အတွက် လုပ်ငန်းရှင် ၄၃ ဦးကို လယ်ယာမြေ ဖျက်သိမ်းမှု ဥပဒေ ပုဒ်မဖြင့် တရားစွဲဆို ထားပြီး ရွှေပြည်သာ တရားရုံးတွင် ကြိမ် အမှုရင်ဆိုင်ပြီး ဖြစ်ကြောင်း အုတ်ဖုတ် လုပ်ငန်းရှင်တို့က ပြောကြားသည်။
ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ငန်းရပ်ဆိုင်းရန် ညွှန်ကြားထားသော်လည်း ရွှေပြည်သာ မြို့နယ် လှော်ကား အုတ်တွင်းတွင် ရဲတပ်ရင်း နှင့် ရဲတပ်ရင်း တို့မှာ အုတ်ဖုတ်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

by; The Voice Weekly

No comments:

Post a Comment