ဒေသခံ အလုပ်သမားများထံမှ စုံစမ်းသိရှိ ရသည်။
ယင်းစီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော အဆိုပါ အလုပ်သမားများကို နှစ်ဖက် သဘောတူ စာချုပ်ပါ သတ်မှတ်ရက် မပြည့်မီ အလုပ်ထုတ်လိုက်သဖြင့် ယင်းကဲ့သို့ ဆန္ဒပြခြင်း ဖြစ်ကြောင်း ဒေသခံ အလုပ်သမားများထံမှ စုံစမ်းသိရှိ ရသည်။ အဆိုပါ အလုပ်သမားများသည် တစ်ရက် လုပ်အားခ ၅၀ဝဝ ကျပ်ဖြင့် ပိုက်လိုင်း အထမ်းသမားများ အဖြစ် လုပ်ကိုင်ကြကြောင်း ဒေသခံ အလုပ်သမားများထံမှ သိရှိရသည်။ ၄င်းတို့သည် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၌ အခြေစိုက် စခန်း တည်ဆောက်ရေး လုပ်ငန်းများနှင့် ပိုက်လိုင်း လမ်းဖောက်လုပ်ခြင်း များကို လုပ်ကိုင်ခွင့် ရထားသော Asia Guiding Star Services ကုမ္ပဏီတွင် လုပ်ကိုင် နေကြခြင်း ဖြစ်ကြောင်း ဒေသခံ အလုပ် သမားများထံမှ သိရှိရသည်။
by; The Voice Weekly Journal
No comments:
Post a Comment