မြန်မာအလုပ်သမား ၈၀ ကျော် အလုပ်လုပ်နေသည့်
ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချနဘူရီ ခရိုင် ဆန်ခဘူရီ မြို့ရှိ P.I.A
Trading အထည်ချုပ်စက်ရုံကို ရုတ်တရက်ပိတ်ခြင်းကြောင့် မြန်မာအလုပ်သမားတို့က
နစ်နာမှုများရှိသည်ဟုဆိုကာ ကူညီဖြေရှင်းပေးရန် ထိုင်းမြန်မာ မဟာမိတ်
ဖောင်ဒေးရှင်းသို့ ဇူလိုင်လ ၄ ရက်နေ့တွင် တိုင်ကြားစာပေးပို့လာသည်ဟု
ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။
စက်ရုံကို
ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထား ပိတ်ပစ်ရန်ရှိသော်လည်း ကြိုတင်
အကြောင်းမကြားသည့်အတွက် အလုပ်သမားတို့ အခက်ကြုံနေရသည်ဟုလည်း ဦးမြင့်ဝေက
ပြောသည်။
"စက်ရုံ ပိတ်ပစ်တော့မယ်ဆိုတာကို ပြီးခဲ့တဲ့ ၂၉ ရက်နေ့ကမှ စက်ရုံ မန်နေဂျာက လာပြောတယ်ဆိုတော့ အလုပ်သမား
တွေ
အရမ်းဒုက္ခ ရောက်တာပေါ့။" ဟု ထိုင်းမြန်မာ မဟာမိတ် ဖောင်ဒေးရှင်း Thai
Allied Committee Desegregated Burma Foundation (TACDB) ၏ ဒါရိုက်တာ
ဦးမြင့်ဝေက မဇ္ဈိမကို ပြောသည်။
ထိုင်း အလုပ်သမား ကာကွယ်ရေး အက်ဥပဒေ ဘီအီး ၂၅၄၁ အရ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ပါက
လျှော်ကြေးငွေအဖြစ်
ရက် ၆၀ စာ ပေးလျှော်ရမည်ဟု ဖေါ်ပြထားသော်လည်း စက်ရုံဘက်မှ ပေးလျှော်ခြင်း
မရှိသည့်အတွက် ကူညီဖြေရှင်းပေးရန် စီစဉ်နေသည်ဟုလည်း ဦးမြင့်ဝေက ပြောသည်။
"ဥပဒေအရ
အလုပ်ရှင်က အလုပ်သမားတွေကို ဖြုတ်ပစ်မယ်ဆိုရင် ရက် ၆ဝ စာ ပေးရမယ့်
တာဝန်လည်း ရှိတယ်။ အခုဟာက ဘာမှမပေးတဲ့အပြင် တိုင်ချင်ရာတိုင်လို့
ဆိုတဲ့အတွက် ကျနော်တို့ ဖောင်ဒေးရှင်းက အကူအညီပေးဖို့ စီစဉ်နေပါတယ်" ဟု
ဦးမြင့်ဝေက ပြောသည်။
ဥပဒေအရ အလုပ်ရှင်ဘက်မှ ရက် ၆၀ စာ
လျှော်ကြေးပေးရမည် ဖြစ်သော်လည်း အလုပ်သမားတို့က ၁၅ ရက်စာ သာ
တောင်းဆိုသည်ကိုပင် လိုက်လျောခြင်း မရှိသည့်အတွက် တိုင်ကြားရခြင်းဟုလည်း
အလုပ်သမတဦးက မဇ္ဈိမကို
ပြောသည်။
"ကျမတို့က အခုလို ရုတ်တရက်
စက်ရုံပိတ်လိုက်တော့မယ်ဆိုတော့ နစ်နာကြေးရယ်လို့တောင် မဟုတ်ပါဘူး။ အစက ရက်
၆ဝ စာလည်း တောင်းတာ မဟုတ်ပါဘူး။ ၁၅ ရက်စာလောက်ပေးဖို့ မန်နေဂျာက
တဆင့်တောင်းတာကို မပေးနိုင် ဘူးလို့ ပြန်ပြောတယ်။ ဒါကြောင့် ကျမတို့က
ဥပဒေအရ ကျမတို့ရပိုင်ခွင့်တွေကို ရအောင် အလုပ်သမား အဖွဲ့အစည်း
တွေကို လက်မှတ်ထိုးပြီး တိုင်ကြတာ။" ဟု ပြောသည်။
အလုပ်သမားများ တောင်းဆိုသော ၁၅ ရက်စာမှာ စက်ရုံမပိတ်မီ ၁၅ ရက်အတွင်း အလုပ်သစ် ရှာနေစဉ် စားဝတ်နေ
aရး
ဖြေရှင်းရန်အတွက် ဖြစ်သည်ဟု သိရသည်။ ယင်းတောင်းဆိုချက်ကို လုံးဝ လိုက်လျော
မပေးနိုင်ကြောင်း ပြန်ကြား ခဲ့သဖြင့် အလုပ်ရှင်အလုပ်သမားကြား
တင်းမာမှုဖြစ်ပေါ်လျက်ရှိသည်။
အလုပ်သမားတို့၏ တိုင်ကြားစာတွင်
နယ်စပ်ဒေသရှိ စက်ရုံအလုပ်ရုံတို့သည် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့အလုပ်သမား
အဖွဲ့ချုပ်တို့မှ ချမှတ်ထားသော အခြေခံ အလုပ်သမားများ၏ အခွင့်အရေးများကို
ချိုးဖေါက်နေကြသည်ဟုလည်း ထည့်သွင်းရေးသားထားသည်။
စက်ရုံကိုပိတ်ပစ်တော့မည်
ဖြစ်ခြင်းကြောင် စက်ရုံမှ မြန်မာအလုပ်သမား ၈၀ ကျော်မှာ အလုပ်လက်မဲ့
အခြေအနေနှင့် ကြုံတွေ့ရဖွယ်ရှိသည်။ စက်ရုံသည် ထိုင်းနိုင်ငံ
ကန်ချနဘူရီခရိုင် စံခဘူရီမြို့ အမှတ် (၉) ရပ်ကွက် အမှတ် ၃၅၈ တွင်
တည်ရှိပြီး စက်ရုံပိုင်ရှင်များမှာ ဟောင်ကောင်နိုင်ငံမှ တရုတ်လူမျိုး
မစ္စတာလာလိ နှင့် မစ္စတာလိုင်တို့ဖြစ်သည်ဟု သိရသည်။
by; ဌေးဝင်း ၊ ကန်ချနဘူရီ (မဇ္ဈိမ)
No comments:
Post a Comment