အဆိုပါ ပစ်ခတ်မှုတွင် မြဝတီမြို့ ဇာတိဖြစ်သူ မစံပယ်ဖြူ (၂၆ နှစ်)မှာ အနောက်ဘက်မှ အပစ်ခံရသဖြင့် ကျောကုန်း
ပေါက်ကာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင် ကုသခဲ့ရပြီး ဗုဒ္ဓဟူးနေ့ နံနက်၌ ကိုအောင်သက်ဖြိုး ထပ်မံ ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် မစံပယ်ဖြူ၏ အသုဘ ချ၍ ပြန်လာကြသည့် မြန်မာ အလုပ်သမား ၄ဝ ကျော်အား ထိုင်းယာဉ်လမ်းကြောင်း ထိန်းသိမ်းရေး ရဲမှ စစ်ဆေးကာ အားလုံးကို ပတ်စ်ပို့ မရှိသဖြင့် ရဲစခန်းသို့ ခေါ်ယူသွားခဲ့ပြန် သည်။
“ကိုအောင်သက်ဖြိုး ဆေးရုံမှာ ဆုံးပြီလို့ သိရပေမယ့် သွားလို့ မရသေးဘူး။ ပတ်စ်ပို့တွေကို အေးဂျင့်က ပြန်မပေးသေး
တော့ ကျနော်တို့ကို ဖမ်းထားတုန်းပဲ” ဟု အဖမ်းခံရသည့် ကိုထွန်း က မဇ္ဈိမကို ပြောသည်။
မစံပယ်ဖြူ၊ ကိုအောင်သက်ဖြိုးနှင့် ကိုခင်မောင်သန်း တို့မှာ အင်္ဂါနေ့ ည ထိုင်းဒေသ စံတော်ချိန် ည ၃ နာရီ ၄၅ မိနစ် ခန့်တွင် အချိန်ပိုဆင်းပြီး အိမ်ခြံဝင်းအတွင်းရှိ ကုလားထိုင်၌ စကားပြောနေကြစဉ် မျက်နှာဖုံး စွပ်ထားသည့် ဆိုင်ကယ်စီး
သေနတ်သမား နှစ်ဦးအနက် တဦးမှ လက်နက်အတိုဖြင့် အနီးကပ် လာရောက် ပစ်ခတ်ခံခဲ့ခြင်း ဖြစ်သည်။
by; ဟင်္သာနီ (မွန်မြေ) မဇ္ဈိမ
No comments:
Post a Comment