မြန်မာဒုက္ခသည်နဲ့
အလုပ်သမားများပေါ် ထိုင်းနိုင်ငံသားတွေရဲ့အမြင်သဘောထားတွေကို
စစ်တမ်းကောက်ယူပြီး နှီးနှောဖလှယ်ပွဲတခုကို ဘန်ကောက်အနီး နခေါင်ပထုံ
ခရိုင်က မဟီဒွန်တက္ကသိုလ်မှာ ဒီနေ့မနက် ကျင်းပခဲ့ပါတယ်။
ဒီစစ်တမ်းကို
မဟီဒေါတက္ကသိုလ် လူမှုသိပ္ပံတက္ကသိုလ်က ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊
ရပ်ချဘူရီ၊ တာ့ခ်နဲ့ မယ်ဟောင်ဆောင်ခရိုင်ရှိ ထိုင်းလူထု
လူတန်းစားအသီးသီးနဲ့ တွေ့ဆုံမေးမြန်း ကောက်ယူထားတာပါ။ စစ်တမ်းမှာ
ဒုက္ခသည်တွေကို လူသားချင်းစာနာရေး အကူအညီတွေနဲ့ဝမ်းစာရေးအတွက်
အလုပ်လုပ်ခွင့် ထိုင်းနိုင်ငံသားတွေလိုပဲ ပေးဖို့ ထိုင်းအများစုက
သဘောတူပေမယ့် ယာယီအနေအထားနဲ့သာ လက်ခံထားသင့်တယ်လို့
ဖော်ပြထားပါတယ်။ ထိုင်း
နိုင်ငံသားနဲ့အိမ်ထောင်ကျသူတွေကိုတော့
အမြဲတမ်း နေထိုင်ခွင့်ပြုသင့်တယ်လို့လည်း ဆိုထားပြီး ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့်မပေးသင့်ဘူးလို့လည်း အများစုက ဆိုထားပါတယ်။
အမြဲတမ်း နေထိုင်ခွင့်ပြုသင့်တယ်လို့လည်း ဆိုထားပြီး ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့်မပေးသင့်ဘူးလို့လည်း အများစုက ဆိုထားပါတယ်။
မယ်လဒုက္ခသည်စခန်း
ဒါ့အပြင် အလုပ်သမား မှတ်ပုံတင်မရှိတဲ့ အလုပ်သမားတွေကိုလည်း လက်ခံမထားသင့်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာဒုက္ခသည်
တွေနဲ့ အလုပ်သမားတွေကို ထိုင်းစကားနဲ့ ယဉ်ကျေးမှုထုံးတမ်းတွေကို
သင်ကြားပေးသင့်တယ်လို့အားလုံးနီးပါးက အမြင်ရှိကြောင်း
စစ်တမ်းမှာ ဖော်ပြပါတယ်။
စစ်တမ်းအရ
ထိုင်းအလုပ်သမား လူတန်းစားတွေကတော့ မြန်မာတွေဟာ သူတို့လုပ်နေတဲ့
အလုပ်ကို အနိမ့်ဈေးနဲ့ ဝင်လုပ်ပြီး လုပ်အားဈေးကွက် လာလုနေကြတာလို့
မြင်သူ အတော်များများ ရှိတယ်လို့ ဆိုပါတယ်။
နှီး
နှောဖလှယ်ပွဲ တက်ရောက်ခဲ့တဲ့ လူ့အခွင့်အရေးနဲ့
ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ကိုယ်စားလှယ် ဦးစိန်ဌေးက
“သူ့စစ်တမ်းမှာ အကျဉ်းချုပ်အရဆိုရင်တော့ အနုတ်လက္ခဏာ
ဆောင်တဲ့အမြင်တွေ တော်တော်များများ ရှိနေတာကို
တွေ့ရတာပေါ့နော်။ ထိုင်းလူထုတွေရဲ့အမြင် လူတယောက်တည်းမှာ
နှစ်မျိုးကွဲပြားနေတယ်။ ပထမတခုက လူသားချင်း စာနာတဲ့
အမြင်မျိုးစိတ်ခံတဲ့ အမြင်ရယ်၊ နောက်ပြီးတော့ မီဒီယာဖြစ်ဖြစ်
အစိုးရရဲ့ပေါ်လစီကြောင့်ဖြစ်ဖြစ်။ တံဆိပ်တွေထိုးပြီးတော့ မြင်တဲ့
အမြင်ပေါ့နော် ကွဲပြားနေတာကို တွေ့ရတယ်” လို့ ပြောပါတယ်။
နှီး
နှောဖလှယ်ပွဲမှာ တက်ရောက်ဟောပြောခဲ့တဲ့ သံလွင်ပို့စ် ဂျာနယ်က
မြန်မာပြည်ရေးရာ အယ်ဒီတာ မစ္စစ်ဝမ်ဒီက “ထိုင်းပြည်သူအများစုကတော့
မြန်မာပြည်မှာ အခု အပေါင်းလက္ခဏာပြတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေပြီ။
ဒါကြောင့် သူတို့က မြန်မာဒုက္ခသည်တွေနဲ့ အလုပ်သမားတွေကို
မြန်မာပြည်ကို ပြန်သွားစေချင်ကြတယ်။ ကျမအမြင်မှာက အလုပ်သမားတွေနဲ့
ဒုက္ခသည်တွေအိမ်ပြန်ရင် သူတို့ရဲ့ လူ့အခွင့်အရေးတွေကို
ကာကွယ်စောင့်ရှောက်ဖို့အတွက် မြန်မာအစိုးရကနေပြီး ပေါ်လစီတရပ်ကို
အတည်ပြုဖို့လိုမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
နှီး
နှောဖလှယ်ပွဲကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စောင့်ရှောက်ရေးလုပ်တဲ့
International Rescue Committee HRDF ခေါ် လူ့အခွင့်အရေးနဲ့
ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ ထိုင်းအစိုးရ ကျန်းမာရေးဌာနနဲ့
အလုပ်သမားဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ မဟီဒေါတက္ကသိုလ်က ကျောင်းသူ
ကျောင်းသားတွေနဲ့ထိုင်းသတင်း အေဂျင်စီတွေ တက်ရောက်ခဲ့ကြပါတယ်။
by; မန်းစိုင်းမွန် DVB
No comments:
Post a Comment