Published on January 18, 2012 by နေသွင် · No Comments
ရှမ်း
ပြည်နယ် မိုင်းရှူးက
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းက ပိုင်တဲ့
ကျောက်တွင်းမှာ အလုပ်လုပ်ဖို့ဆိုပြီး ခေါ်ယူစုဆောင်းခံရတဲ့ လူ ၇၁
ဦးကို ပြည်မြို့က အထွက်မှာ ပြီးခဲ့တဲ့ ၈ ရက်နေ့က
ကယ်တင်နိုင်လိုက်တယ်လို့ ဒေသခံရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။
လူကုန်ကူးကားကို တားဆီးစဉ်
“သူတို့သား
သမီးတွေကို စိတ်မချတဲ့၊ လင်သားတွေကို စိတ်မချတဲ့အတွက် ထပ်ရောက်လာတယ်
ကျနော်တို့ဆီကို။ ထပ်ရောက်လာပြီးတော့ သူတို့သားသမီးတွေကိုခေါ်ပေး
ပြန်ခေါ်ပေး မိုင်းရှူးမှာ အခြေအနေမကောင်းဘူး။ ပင်ပင်ပန်းပန်း
ခက်ခက်ခဲခဲ လုပ်နေရတယ်။ ကျင်းတွေထဲ ဆင်းရတယ်။ အဲဒါတွေ
သူတို့ကြားတော့ အဲဒီ သိန်းထိုက်အောင်ဆိုတဲ့ ပွဲစားကို သူတို့က
တောင်းဆိုတာပေါ့။ မနေ့ကကျတော့ ကျနော်တို့က သားတွေ လင်တွေ
ပါသွားတဲ့ မိန်းမ ၆ ယောက်က တရားရုံးကို ဦးတိုက်လျှောက်တော့
ရုံးက လက်ခံလိုက်တယ်။ ဘာပုဒ်မနဲ့ အရေးယူမယ်ဆိုတာတော့ မသိရသေးဘူး
၂၆ ရက်နေ့ကို ချိန်းထားတယ်။ နောက် ပြည်သူ့ရဲ စခန်းမှူးတို့၊
မြို့နယ် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ပေါ့ဗျာ စခန်းမှူးပါတယ်၊
မြို့နယ်မှူးပါတယ်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က ပါတယ်။ အဲဒီအဖွဲ့က
ကျနော်နဲ့ ကျနော့် ရှေ့နေမလေး တယောက်ကို တနေ့က ခေါ်တွေ့တယ်။
တွေ့တော့ အဲဒီလို ကိစ္စတွေကို သူတို့လည်း ပူးပေါင်း
ဆောင်ရွက်ပါမယ်လို့ ကျနော်တို့ကို ကတိပေးပါတယ်။ သူတို့လည်းပဲ
ပူးပေါင်းဆောင်ရွက်မယ်၊ ဥပဒေနဲ့အညီဆောင်ရွက်ကြဖို့ သူတို့
ကျနော်တို့နဲ့ ဆွေးနွေးကြပါတယ် အဆင်ပြေပါတယ်။”
ပြီးခဲ့တဲ့
၈ ရက်နေ့က ဟိုးလေးတကျော် ကိစ္စဖြစ်ပြီးနောက် ယခင်အခေါက်တွေက
ခေါ်သွားပြီး နောက်ပိုင်း သတင်းအစအန ပျောက်နေသူ ၆ ဦးရဲ့
မိသားစုတွေကလည်း ကိုသိန်းထိုက်အောင်ကို ပြည်မြို့နယ်တရားရုံးမှာ
အမှုဖွင့် တရားစွဲထားတယ်လို့ အမှုလိုက်ရှေ့နေ ဦးအေးမြင့်က
ပြောပါတယ်။
အလုပ်သမား
တွေကို ပေါ့ပေါ့ပါးပါးအလုပ်နဲ့ တလကို ၄ သောင်းခွဲပေးမယ်လို့
စည်းရုံးခဲ့ပေမယ့် လုပ်ငန်းခွင့်မှာတော့ ပိဿာ ၂၀ အထိ စီးတဲ့
ကျောက်တုံးကြီးတွေကို သယ်ခိုင်းတာ၊ ပေ ၁၅၀၀ လောက်နက်တဲ့
တွင်းထဲကို ဆင်းခိုင်းတာတွေရှိတယ်လို့ လုပ်ငန်းခွင်မှာ
အလုပ်လုပ်ခဲ့ဖူးတဲ့ ပြည်မြို့အနီးက ဥသျှစ်ပင်ကျေးရွာက ကိုခိုင်စိန်က
ပြောပြပါတယ်။
အလုပ်သမား
တွေကို ၁၅ ရက် တပတ်မှာ အသားဟင်းကျွေးပြီး အလုပ်ခွင့်မှာ
အမှားအယွင်းဖြစ်ရင် အလုပ်သမားတွေကို ရိုက်နှက် နှိပ်စက်မှုတွေလည်း
ရှိတယ်လို့ သူက ဆိုပါတယ်။
by; DVB
No comments:
Post a Comment