Saturday, January 28, 2012

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးအလုပ်သမားတို့ဘဝ

မြန်မာတနိုင်ငံလုံး လူဦးရေ သန်း ၆၀ ခန့် ရှိပါတယ်လို့ ဆိုကြပါတယ်။ တနိုင်ငံလုံး ဒီမိုကရေစီ ရရှိရမယ်လို့ လက်သီးလက်မောင်းတမ်းပြီး လုပ်ဆောင်နေတဲ့လူတွေက အရင်ဆုံးလုပ်ပြရမှာက ထိုင်းနိုင်ငံကို အလိုလိုရောက်လာတဲ့ လေးသန်းသော အလုပ်သမားတွေကို အလုပ်သမားအခွင့်အရေး ၅၀%ရအောင် အရင်လုပ်ပြလိုက်ပါ လေးသန်းသော မြန်မာအလုပ်သမားများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် စွမ်းဆောင်နိုင်မယ့် အာဇာနည်လေးသန်းဖြစ်လာပါလိမ့်မယ်။ အပြောမဟုတ်ပါ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ” ဆိုတဲ့ ဆိုစကားကို အရင်ပြောထားလိုက်ပါမယ်။ အခုတော့ အလုပ်သမားရေးဆိုပြီး လုပ်နေတဲ့ ဘာအလုပ်သမားအဖွဲ့ ညာအလုပ်သမားအဖွဲ့
ဒီအလုပ်သမားအရေး ဟိုအလုပ်သမားအဖွဲ့ချုပ် ဆိုတဲ့ အဖွဲ့တွေက ခေါင်းဆောင်တွေက အလုပ်သမားတွေ တကယ်ပြဿနာတက်လာတော့ အရင်ဆုံးလုပ်တာက ဓါတ်ပုံရိုက်မယ် အဲဒါဘာအတွက်လဲ ? နောက်ပြီး ဗွီဒီယိုရိုက်တယ်။ ရွှေပြောင်းအလုပ်သမားဆိုတဲ့ လူတွေက အဓိက မြန်မာပြည်တွင်းမှာ ရှာဖွေလုပ်ကိုင်ရတာ အဆင်မပြေလို့ ထိုင်းနိုင်ငံအတွင်းမှာ လာပြီးအလုပ်လုပ်ကြရတဲ့လူတွေကို ဒါတွေမသိဘူးလား ဒါတွေနားမလည်ဘူးလားနဲ့ ဆူလိုက် မန်လိုက် အချို့တွေဆိုရင် အဆဲလေးတောင်ပါလိုက်ပါသေးတယ်။ ငါမအားဘူး ဆိုတဲ့ အလုပ်သမားအရေးကို ထောက်ပံကြေးစားပြီးလုပ်နေတဲ့ လူကိုလဲ လက်ဆွဲပြပါဆိုရင် ပြလို့ရပါသေးတယ်။ မြန်မာပြည်သားချင်းကို ထိုင်းနိုင်ငံအတွင်းကို ရောက်လာပုံကတော့ အနဲနဲ့အများ ကွာခြားချက်တော့ရှိမှာပေါ့ ဒါပေမယ့် ထိုင်းနိုင်ငံကို ရောက်လာတဲ့ ရွှေပြောင်းအလုပ်သမားတွေ အားလုံးဟာ ငွေတွေကို အထုပ်လိုက်ပိုက်ပြီး လာကြတဲ့ လူ တစ်ယောက်မှ မပါပါဘူး။ ထိုင်းနိုင်ငံကိုရောက်မှ အလုပ်သမားအဖွဲ့ လုပ်တော့မှ သူတို့ မိဘဘိုးဘွားပိုင် ပိုက်ဆံတွေနဲ့ စိုက်ထုပ်လုပ်ကိုင်နေတဲ့ ပုံစံမျိုးနဲ့ လူတွေကြားမှာ အသံကောင်းဟစ်နေတဲ့ လူတွေဖြစ်ပါတယ်။ မကြေနပ်လဲ မတတ်နိုင်ပါဘူး လုပ်နေတဲ့ လူအားလုံးကို ပြောတာပါ။ ပြန်ပြောပါလိမ့်မယ် မင်းကိုယ်တိုင် မစားရလို့ လို့ပြောပါလိမ့်မယ်။ ဒီအလုပ်မျိုး ဒီလိုအကျင့်အကြံမျိုးလုပ်ပြီးမှ ထမင်းစားရမယ်ဆိုရင် အဝေးဆုံးမှာ နေလိုက်ပါမယ်။ ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းစကား လေးငါးခွန်းလောက် တတ်ရင် လုပ်စားလို့ရပါပြီး နောက်ဆုံးဗျာ ရေသန့်ဘူးခွံ လိုက်ကောက်ရုံနဲ့တောင် ထမင်းအတွက် နေစရာ နေရာအတွက် အလွယ်တကူဖြေရှင်းလို့ ရပါတယ်။ ဒီလို အလုပ်မျိုးဟာ အောက်တမ်းကျတယ်လို့ ပြောပါလိမ့်မယ်။ မည်သူ့ကို ဘမ်းပြပြီး စားလို့၊ မည်သူ့ကို လိမ်ညာလို့၊ မည်သည့်အရာကို သူတပါးမသိဘဲ ယူလို့ အောက်တမ်းကျရပါသလဲ။ ထို့အတွက်ကြောင့် မြန်မာအလုပ်သမားအရေး လုပ်တဲ့ အဖွဲ့ လူမှုရေး ဘာရေး ညာရေး ဆိုသူများကို မြန်မာအလုပ်သမားများ မယုံပါနှင့် မိမိဘာသာ စည်းကမ်းစနစ်ကျအောင် လေ့လာနေထိုင်ခြင်းဖြင့်သာ အဆင်အပြေဆုံးဖြစ်ပါလိမ့်မည်။ ထိုင်းနိုင်ငံ အတွင်းမှ မြန်မာအဖွဲ့အစည်းများသည် မြန်မာပြည်သားများအား လက်ညှိုးထိုးပြီး နိုင်ငံတကာတွင် တောင်းစားနေသော သူခိုးများ သူဝှက်များသာ ဖြစ်ပါသည်။

မောင်ဘားမား

No comments:

Post a Comment