Monday, January 30, 2012

တိုက်ရိုက် ငွေလွှဲမယ်


ဒေသတွင်းနိုင်ငံတွေမှာ ငွေလွှဲလုပ်ငန်းတွေကို ဘဏ် ၄ ခုကို ခွင့်ပြုထားတာ မကြာခင် လုပ်ငန်းစတော့မယ်လို့ သိရပါတယ်။
ကမ္ဘောဇ - ထိုင်း ဧရာဝတီ - မလေး သမ၀ါယမ - စင်္ကာပူ AGD - စင်္ကာပူ၊ မလေး
ကမ္ဘောဇက ထိုင်းမှာ လုပ်ငန်းစဖို့ ဘယ်လိုပြင်နေတယ် ဆိုတဲ့သတင်းတွေတော့ မတွေ့ရသေးပါ။ ထိုင်းနိုင်ငံမှာ မြန်မာပြည်သား သိန်းပေါင်းများစွာ ငွေရှာနေကြပါတယ်။ ဘဏ်ကနေ မြန်မာပြည်ကို တိုက်ရိုက်လွှဲတာဟာ ထိုင်းရောက် မြန်မာတွေထဲက အနည်းငယ်ကပဲ လုပ်ကိုင်ကြမယ့်လမ်းကြောင်းပဲ ဖြစ်တယ်လို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့ မြန်မာပြည်သား လုပ်ငန်းရှင် တဦးက ဧရာဝတီကို အခုလို ပြောပါတယ်။


ကမ္ဘောဇ၀န်ထမ်းတို့ရဲ့ ထိုင်းနိုင်ငံဘဏ်လုပ်ငန်း လေ့လာရေးခရီး
"လူမျိုးစွဲ၊ ဒေသစွဲနဲ့ပဲ ငွေလွှဲနေကြတာ။ ကျနော့်အတွေ့အကြုံအရ ဆိုရင် အလုပ်သမားတွေကြားထဲမှာ ဘဏ်နဲ့ ဆက်ဆံနိုင်တဲ့ အရေအတွက် နည်းတယ်။
၁၀၀ မှာ ၅ ယောက်ထက် မပိုဘူး။ ဘဏ်ကတ်ပြားရှိပေမယ့် အဲဒီဘဏ်ကတ်ကို မသုံးတတ်ကြဘူး။
ဒီတော့ ဘဏ်လုပ်ထုံးလုပ်နည်းတွေကို သူတို့ ချက်ချင်း သဘောပေါက်အုံးမှာ မဟုတ်ဘူး။
ကတ်ပြားရှိပေမယ့် မထုတ်တတ်သူအများကြီးပဲ။ (မြန်မာပြည်ကို ဘဏ်ကနေ တိုက်ရိုက် ငွေလွှဲဖို့ ဆိုရင် သူတို့အဖို့) အချိန်ယူရမယ်။ အခက်အခဲရှိတယ်။

ဟွန်ဒီသမားတွေကလည်း လက်ခွဲတွေ အေးဂျင့်တွေ ခန့်ထား ချိတ်ထားတယ်။ အဲဒီလူတွေနဲ့ လွှဲတယ်။ ဥပမာ ဘီလူးကျွန်း၊ မော်လမြိုင်ကလာသူတွေကလည်း သူတို့လူအချင်းချင်းပဲ (အားကိုးတကြီးနဲ့၊ ယုံကြည်မှုနဲ့) ငွေလွှဲတယ်။
ပေါက်၊ ပခုက္ကူသမားတွေကလည်း သူတို့အချိတ်အဆက်နဲ့ သပ်သပ်ရှိတယ်။

ကျနော်တို့ကဈေးကောင်းပေးရုံနဲ့ မရဘူး။ ဈေးတိုးပေးရုံနဲ့ မရဘူး။
ပေါက်ဈေးပေးနိုင်ရုံနဲ့ မရဘူး။ အချင်းချင်းမှ ရတယ်။ အချင်းချင်းမှ ငွေလွှဲကြမယ်။

တချို့ကလည်း အကြွေးနဲ့ လွှဲတယ်။ နောက်မှ ငွေပေးမယ်ပေါ့။ ဒါဆိုရင်တော့ ပေါက်ဈေး ဘယ်ဟုတ်တော့မလဲ။ ဒီလိုမျိုးထုံးစံတွေလည်း ရှိတယ်"


ညွှန်း - ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ

by; Irrawaddy Blog

No comments:

Post a Comment