ဧပြိ
၁ရက်မှစတင်၍ မြန်မာအလုပ်သမားများကို ထိုင်းအလုပ်သမားများနှင့်
တန်းတူအခွင့်အရေးပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန အကြံပေး မစ္စတာပရစ်ချာက
ပြောကြားသည်။ ´အခုလောလောဆယ် မတ်လကုန်တာနဲ့ ထိုင်းအလုပ်သမားတွေရရှိသလို
တရားဝင်လုပ်တဲ့သူတွေကို တန်းတူအခွင့်အရေးရရှိဖို့ လုပ်ပြီးပြီ။ နောက်ကျန်းမာရေးနဲ့
ပတ်သက်ပြီး ထိုင်းနဲ့တန်းတူအခွင့်အရေးရဖို့ လုပ်ထားတယ်။ ဗမာအလုပ်သမားတွေ
လုပ်အားခတိုးမြှင့်ရရှိဖို့ ကြိုးစားနေပါတယ်´ဟု မစ္စတာပရစ်ချာက
ဖာလားဝါးနယူးစ်ဂျာနယ်သို့ တရားဝင်ပြောကြားသည်။ 'တရားမ၀င်လာလုပ်တဲ့သူတွေလဲ တရားဝင်ဖြစ်လာအောင်
မဲဆွယ်စည်းရုံးမယ်။ များသောအားဖြင့်
ဒီအလုပ်သမားတွေက ထိုင်းကို အကျိုးပြုနေတယ်ဆိုတာ လက်ခံပါတယ်။ သူတို့ရဲ့ အကျိုးကိုလဲ ထိုင်းအစိုးရက ပြန်ကြည့်ရှုရမှာပေါ့´ဟု ယင်းက ဆက်ပြောသည်။
ဒီအလုပ်သမားတွေက ထိုင်းကို အကျိုးပြုနေတယ်ဆိုတာ လက်ခံပါတယ်။ သူတို့ရဲ့ အကျိုးကိုလဲ ထိုင်းအစိုးရက ပြန်ကြည့်ရှုရမှာပေါ့´ဟု ယင်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံတစ်ခုလုံးတွင် တရားဝင်လုပ်ကိုင်နေသည့်
မြန်မာလုပ်သမားပေါင်းတစ်သန်းခွဲခန့်ရှိနေပြီး တရားမ၀င်လုပ်ကိုင်လျက်ရှိသော
အလုပ်သမားများလည်း များစွာရှိနေကြောင်းသိရသည်။
ယင်းအပြင် အသားငါးနှင့် ပုဇွန်လုပ်ငန်းများနှင့်
စက်ရုံအလုပ်ရုံ၊ အသေးအကြီးပေါင်း ၁၀၀၀၀ ကျော်ရှိနေသည့် ထိုင်းနိုင်ငံ
စမွတ်ဆန်းခွမ်းခရိုင်တွင် တရားဝင်နှင့် တရားမ၀င်လုပ်ကိုင်းလျက်ရှိသော
မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိနေကြောင်း သိရသည်။
´အလုပ်သမားတွေဟာ နောက်ဆုံးတော့လဲ မြန်မာနိုင်ငံကို
ပြန်လာမှာပဲ။ ဘာဖြစ်လို့ တရားမ၀င်အလုပ်သမားတွေများလာရလဲဆိုရင် အခွန်အခတွေကို
ကြောက်လို့ဖြစ်ပါတယ်။ ဗမာ၊ကရင်၊ မွန်လူမျိုးတွေပိုများပါတယ်။
စမွတ်ဆန်းခွမ်းခရိုင်မှာဆိုရင် မြန်မာအလုပ်သမားတွေ အများဆုံးပဲ´ဟု
အဆိုပါခရိုင်၏ကုန်သွယ်ရေးကိစ္စ ဒုဥက္ကဌလည်းဖြစ်သော မစ္စတာပရစ်ချာက ပြောသည်။
ထိုင်းနိုင်ငံရောက်မြန်မာတရားဝင်အလုပ်သမားအနေဖြင့်
ထိုင်းအလုပ်သမားများနည်းတူ လုပ်ခလစာတိုးမြှင့်ခံစားပိုင်ခွင်ပေးခြင်း၊
ကျန်းမာရေးဆိုင်ရာအထောက်အပံ့များ တန်းတူပေးခြင်းနှင့်
ထိုင်းနိုင်ငံ၏တရားဝင်အလုပ်ပိတ်ရက်များကိုလည်း ခံစားခွင့်ပေးခြင်းတို့ကို ယခုနှစ်
ဧပြီလ ၁ရက်နေ့မှစတင်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
´မြန်မာအလုပ်သမားတွေဟာ တရားဝင်ဖြစ်ဖို့နဲ့
သူတို့ရဲ့နေထိုင်ခွင့်၊ စားသောက်ခွင့်တွေ ပိုမိုကောင်းမွန်အောင်လုပ်မယ်။
နောက်ငွေပို့ချင်တဲ့အခါ အခက်အခဲဖြစ်နေတာကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ စတာတွေကို
လုပ်နေတယ်။ ဒါလဲ အစိုးရနှစ်ခုကြား ပူးပေါင်းပြီးစီစဉ်နေတာပဲလေ။
အလုပ်သမားတွေလုပ်ပိုင်ခွင့် ရဖို့တို့၊ ပတ်စ်ပို့ရဖို့တို့လဲ သူတို့က
လုပ်ပေးနတာပဲ။ မြန်မာအလုပ်သမားတွေအပေါ်မှာ စေတနာထားလုပ်ပေးတာကို
ကြိုဆိုရမှာဖြစ်ပါတယ်´ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်
ဒုဥက္ကဌ ဦးအောင်လွင်က ပြောသည်။
ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများအနေဖြင့်
လုပ်ခလစာတူညီမှုမရှိသော်လည်း ထိုင်းအလုပ်သမားများနည်းတူ တန်းတူအခွင့်အရေးရရှိရန်
အာမခံကြောင်း၊ ယင်းအပြင်နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သူများအပေါ်တွင်လည်း
ကြားခံအဖွဲ့အစည်းများအနေဖြင့် ကောက်ခံနေတဲ့အခွန်အခများကို လျှော့ပေးသင့်ကြောင်း
မစ္စတာပရစ်ချာက ပြောသည်။
နှင်းကို(သာစည်)The Flower News Journal, 27Feb2012
