ထိုဆန္ဒပြမှုသည် မြန်မာ့သမိုင်း တစ်လျှောက် အလုပ်သမား ဆန္ဒပြမှုများထဲတွင် (၁၃၀၀) ပြည့် အရေးတော်ပုံ ပြီးနောက် အကြီးမားဆုံး အလုပ်သမား ဆန္ဒပြမှုကြီးလည်း ဖြစ်သည်။ စက်ရုံရှိ အလုပ်သမားပေါင်း ၉၀ ရာခိုင်နှုန်း ကျော်ခန့် ပါဝင် သပိတ်မှောက်ခဲ့ကြပြီး အလုပ်သမားပေါင်း (၂၀၀၀) နီးပါးခန့် ထိုသပိတ်မှောက်မှု၌ ပါဝင် ခဲ့ကြကြောင်း မီဒီယာများ၌ ဖော်ပြကြပါသည်။
ဆန္ဒပြ အလုပ်သမား များထဲမှ အလုပ်သမား ဆယ်ဦးကျော်ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ပုဂ္ဂလိက စာဝတ်နေရေး ပြသနာရပ် အခက်အခဲများကြောင့် အလုပ်ရှင်ဘက်မှ အချိန်ပိုကြေး (၂၅) ကျပ် တိုးပေးသည်ကို လက်ခံကာ အလုပ်ပြန်ဆင်း ခဲ့ကြ သော်လည်း ကျန်ရှိအလုပ်သမား အားလုံးမှာ ယနေ့စနေနေ့ အထိ (၁၃) ရက်ကြာ ဆက်လက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြဆဲဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍မူ ကိုဖိုးဖြူက “အဲဒါက နယ်က လာတဲ့ အလုပ်သမားလေးတွေ ဖြစ်ပါတယ်။ သူတို့ လက်ခံလိုက်တယ်၊ အလုပ်ပြန်ဆင်းတယ်၊ သူတို့ လက်ခံရတဲ့ သဘောက စားစရိတ်ဗျာ၊ နေစရိတ် ပြီးတော့ ရွာကိုလည်း ငွေပြန်ပို့ရတယ်လေ။ ဒါကြောင့် ရက်ရှည် သပိတ်မှောက်နေလို့ မဖြစ်ဘူးပေါ့။ အဲဒါနဲ့ လက်ခံလိုက်တာပါ” ဟု ၄င်းရက်နေ့၌ ရှင်းပြခဲ့ပါသည်။
မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ တရားရေးဆိုင်ရာ စွဲချက်တင်ခွင့်ပြုသည့်စာ (ဓါတ်ပုံ - Burma VJ)
ထိုသို့ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွါးပြီး (၆) ရက်မြောက်နေ့၌
အစိုးရပိုင်းမှ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိုနှိုင်းဆောင်ရွက်
နိုင်စေရန် အလုပ်သမား ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် ကိုယ်တိုင် လာရောက်
ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပဲ ရက်ရှည်
သပိတ်မှောက်မှုအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ အလုပ်ရှင်ဘက်မှလည်း
အလုပ်သမားများမှ စနေနေ့အထိ အလုပ်မဆင်းခဲ့လျှင် အလိုအလျောက် ဆန္ဒအရ အလုပ်မှ
ထွက်သည်ဟု သဘောမှတ်ချက်ပြုမည် ဖြစ်သည်ဟုလည်း ကြေငြာထားခဲ့ပါသည်။ တိုင်ရီ
ဖိနပ်စက်ရုံ ခြံဝင်းအတွင်းရှိ အဆောင်၌ နေထိုင်နေကြသည့်
အလုပ်သမားများအားလည်း တစ်နေ့လျှင် ငါးနာရီ ရေပေးဝေနေရာမှ ယခု တစ်နေ့လျှင်
နှစ်နာရီသာ ပေးဝေတော့၍ ရေးပေးဝေမှုကို ဖြတ်တောက်ခဲ့ပါသည်။ အဆောင်မှ
ထွက်ခွာရန် ဖိအားပေးမှု ရှိခဲ့ပါသည်။ သို့သော် အလုပ်သမားများဘက်မှ
ဥပေဒရေးရာအရ လိုက်လံကူညီလုပ်ဆောင်ပေးသူ ဦးဖိုးဖြူမှ အကယ်၍ ထိုသို့
ထွက်ခွာရန် နှင်ချခြင်း ခံရပါက အိမ်ရှင်အိမ်ငှား ဥပဒေဖြင့် ပြန်လည်
တရားစွဲဆိုမှုဟု ပြောဆိုမှုများရှိခဲ့ပြီးနောက် အလုပ်သမားများ မိမိတို့
အဆောင်အတွင်း၌ ဆက်လက်နေထိုင်ခွင့်ရခဲ့ကြသည်။
တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြနေမှုနှင့် အလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေသူ ကိုဖိုးဖြူ (ဓါတ်ပုံ - အင်တာနက်)
ထိုတိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုအားလည်း ဖေဖော်ဝါရီလ (၁၄)
ရက်နေ့က ဆွီဒင်နိုင်ငံ Social Democratic Youth အဖွဲ့မှ အပြည့်အဝ
ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ ဆန္ဒပြအလုပ်သမားများဘက်မှ
တောင်းဆိုချက် (၁၇) ချက်ကို တောင်းဆို ထားခဲ့သော်လည်း အလုပ်ရှင်ဘက်မှ
လိုက်လျောနိုင်ခြင်း မရှိသေးပေ။တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ ရက်ရှည်ဆန္ဒပြပွဲသို့ ကိုဟန်ဝင်းအောင် ဦးဆောင်သည့် နိုင်ငံရေး အကျဉ်းသားများ မိသားစု အကျိုးဆောင် ကွန်ယက်နှင့် အခြား လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူလူထုများမှလည်း ရေသန့်ဗူးနှင့် အစားအသောက်များ လာရောက် လှူဒါန်းခဲ့ကြောင်းလည်း သိရှိရပါသည်။
by; ရွှေဟသာင်္သတင်းဌာန
No comments:
Post a Comment