တိုင်ရီစက်ရုံတွင် အလုပ်သမားများ ဆန္ဒပြနေကြသည်မှာ (၁၂)ရက်ရှိပြီ..
ယနေ့အချိန်ထိ ပြေလည်မှုမရနိုင်ပဲ ဖြစ်နေပါတယ်.. တကယ်တော့ ဒီဆန္ဒပြပွဲဟာ တိုင်ရီစက်ရုံက
အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားက ပြသနာဆိုပေမဲ့.. မြန်မာပြည် အလုပ်သမားသမိုင်းမှာ ၁၃၀၀ပြည့်အရေးတော်ပုံပီးရင်
အကြီးမားဆုံး သပိတ်မှောက်တဲ့ အရေးဖြစ်ပါတယ်..
ထူးခြားတာက သပိတ်မှောက်ဆန္ဒပြနေကြတာက မိန်းမသားတွေဖြစ်နေတာပါပဲ..
သိတဲ့အတိုင်းပဲ မိန်းခလေးတွေဆိုတာ ယောကျာ်းလေးတွေထက် သည်းခံတတ် ကြောက်တတ်ပါတယ်.. မိန်းခလေးတွေ
အခုလို သပိတ်မှောက်ဆန္ဒပြတယ်ဆိုကတည်းက ဆိုးဝါးလွန်းလို့ ခံပြင်းလွန်းလို့ ဖြစ်မှာပဲ..
ဆန္ဒပြတဲ့ အချိန်ကြာလာနဲ့အမျှ အလုပ်သမားတွေမှာ စားစရာသောက်စရာ
အခက်အခဲဖြစ်လာတယ်..
အခုဆို စက်ရုံက အလုပ်သမားတွေကို အလုပ်ထုတ်လိုက်ပီ.. အလုပ်သမားတွေကိုလဲ ရေဖြတ်လိုက်ပီပြောတယ်.. သောက်စရာ ရေတောင် မရှိဘူး.. အဆောင်က ဖယ်ရှားဖို့လဲ ပြင်ဆင်နေတယ်ကြားတယ်.. ကဲ စဉ်းစားကြည့်ကြပါ.. ဒီမိန်းခလေးတွေ နေစရာတောင် မရှိတော့မဲ့ အဖြစ်အပျက်ပါ.. ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဒီမိန်းခလေးတွေကို အခုလို လူသားချင်း မစာနာပဲ အဆောင်က နှင်ထုတ်လိုက်မယ်ဆိုရင် ဒီမိန်းခလေးတွေ ဘာဖြစ်ကုန်ကြမလဲ..
အခုဆို စက်ရုံက အလုပ်သမားတွေကို အလုပ်ထုတ်လိုက်ပီ.. အလုပ်သမားတွေကိုလဲ ရေဖြတ်လိုက်ပီပြောတယ်.. သောက်စရာ ရေတောင် မရှိဘူး.. အဆောင်က ဖယ်ရှားဖို့လဲ ပြင်ဆင်နေတယ်ကြားတယ်.. ကဲ စဉ်းစားကြည့်ကြပါ.. ဒီမိန်းခလေးတွေ နေစရာတောင် မရှိတော့မဲ့ အဖြစ်အပျက်ပါ.. ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဒီမိန်းခလေးတွေကို အခုလို လူသားချင်း မစာနာပဲ အဆောင်က နှင်ထုတ်လိုက်မယ်ဆိုရင် ဒီမိန်းခလေးတွေ ဘာဖြစ်ကုန်ကြမလဲ..
ဒီ အင်းအား ၂၀၀၀ လောက် ဆန္ဒပြပွဲမအောင်မြင်ပဲ ကျဆုံးသွားခဲ့ရင်
နောက်ဆန္ဒပြပွဲတွေလဲ အောင်မြင်ဖို့ အကြောင်းမမြင်တော့ဘူး.. အခြားသူဌေးများလဲ တိုင်ရီစက်ရုံသူဌေး
လမ်းစဉ်အတိုင်း လိုက်လုပ်ကြရင် ဘယ်အလုပ်သမားမှ အစိုးရအကူအညီ ပြည်သူ့လူထုအကူအညီမပါပဲ
တောင့်မခံနိုင်ဘူး.. အဲဒီအခါ မြန်မာနိုင်ငံ ဘယ်လောက်ပဲ တိုးတက်ကြီပွါးပါစေ.. ဒီ အလုပ်သမားတွေကတော့
ဒီလိုဘ၀မျိုးက တက်နိုင်မှာ မဟုတ်တော့ပါဘူး..။
နောက်ပီး တစ်ခုထပ်ပြောလိုတာက လုပ်ငန်းတိုင်းမှာ တူညီရာလုပ်ငန်းရှင်များ
အသင်းဆိုတာ ရှိနေပေမဲ့ အလုပ်သမားတွေမှာတော့ ရှိမနေပါဘူး..။ အလုပ်သမားတွေ တစ်ခုခုမှားလို့
လုပ်ငန်းရှင်တွေက နာမည်ပျက်စာရင်းသွင်းပီး လုပ်ငန်းရှင်အချင်းချင်း အကြောင်းကြားလို့
အလုပ်ရှာမရတော့တဲ့ အဖြစ်တွေရှိနေပေမဲ့လို လုပ်ငန်းရှင်တယောက်မတရားလို့ အလုပ်သမားတွေ
ဆန္ဒပြတဲ့အခါ ဒီအလုပ်သမားတွေကို ဖြုတ်၊ နောက်အလုပ်သမားက ဒီအလုပ်လုပ်ပေးဖို့ အဆင့်သင့်စောင့်နေတယ်..။
ပြောချင်တာက လုပ်ငန်းရှင်ချင်း ညီညွှတ်ကြတယ်. ကျနော်တို့
အလုပ်သမားချင်း ဘာကြောင့် မညီညွှတ်နိုင်ကြတာလဲ..။ နွားကွဲလို့ ကျားဆွဲခံရတာ ကျနော်တို့
အခုဆို အရိုးနဲ့အရေပဲ ကျန်တော့တယ်..။ စဉ်းစားကြည့် ဟုတ်သလား မဟုတ်ဘူးလား..။ လစာ သိန်းကျော်တဲ့
ဝန်ထမ်းလုပ်သားနဲ့ လစာ သောင်းကျော်ပဲရတဲ့ ၀န်ထမ်းဘယ်ဟာ ပိုများလဲ..။ လစာ သောင်းကျော်
ဥပမာ ၅သောင်းထားပါ ဒီ ၅သောင်းက ထမင်းစားရိတ်သာသာပဲရှိတယ်.. အ၀တ်အသစ်ဝယ်ချင်ရင်တောင်
အငတ်ခံပီး မနည်းစုရတာပါ..။ ဘာထူးလဲဗျာ.. ရှေးတုန်းက ငွေဝယ်ကျွန် နဲ့ အခု လက်ရှိ မြန်မာပြည်က
ဝန်ထမ်းတွေအများစု ဘ၀..။ ရှေးတုန်းက ကျွန်တွေကတောင် ၀တ်ဖို့နေဖို့ မပူရဘူး..။ သခင်တွေက
ဆင်ပေးတယ်..။ ကျနော်တို့ ၀န်ထမ်းအလုပ်သမားတွေ စားဖို့အပြင် ၀တ်ဖို့ နေဖို့ပါ ပူနေရတယ်..။
ကဲပါ.. ဒါတွေ ဆက်ပြောရင် ပီးနိုင်မှာ မဟုတ်ဘူး..။
အခု ကျနော်တို့ ရှေ့မှာရှိတဲ့မြင်တဲ့ တိုင်ရီ ကိစ္စမှာ အစိုးရညွှန်ချုပ်ကလဲ
အလုပ်သမားကိုယ်စားလှယ်လား အလုပ်ရှင်ကိုယ်စားလှယ်လား မေးခွန်းထုတ်ရမလိုပဲ အခုထိ ဘာမှ
လုပ်မပေးနိုင်ဘူး..။ ဂျာနယ်တွေကိုလဲ သတင်းထုတ်ပြန်ခွင့် မပေးဘူး ကြားတယ်..။ ကဲ..ကျနော်တို့မှာ
မကူညီရင် သူတို့ ကျရှုံးတော့မယ်.. အလုပ်ကလဲ မခန့်တော့ဘူး.. နေစရာလဲ မရှိဘူး.. စားစရာဆိုဝေလားဝေး..
ဘယ်လို့လုပ်မလဲ.. အချို့လူတွေကတော့ ကူညီဖို့လုပ်နေကြတယ်.. ဒါပေမဲ့ ကူညီမဲ့သူတွေကလဲ
ဝန်ထမ်းအချင်းချင်းတွေ.. ဆန္ဒပြတဲ့ လူဦးရေက ၁၈၀၀ ကျော် ဆိုတော့ ဘယ်တတ်နိုင်မလဲ အများကြီး
ဒါကြောင့် အခုလို မြန်မာပြညမှာ နှစ်ပေါင်းများစွာ ချိုးနှိမ်ထားရတဲ့ လုပ်သားထုတွေရဲ့
ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ ဒီမိန်းခလေးတွေကို ကျနော့်တို့ လက်ပိုက်ကြည့်နေတော့မှာလား..
တတ်အားသ၍လေး သွားရောက်ကူညီကြပါဗျာ….။
စာရေးသူ။ ဇနက္က
1 comment:
အလုပ်သမားတွေလမ်းထွက်ရပြီဆိုကတည်းက တစ်စုံတစ်ယောက်အသုံးမကျလို့ပဲလို့ယူဆပါတယ်
Post a Comment