တရားမဝင်
တင်ပို့တင်သွင်းသော ကုန်ပစ္စည်းများကို တွေ့ရှိပါက သတင်းပေးသူနှင့်
ဖမ်းဆီးပေးသူများကို ဆုငွေများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အမိန့်ကြေညာစာအမှတ် ၄/၂၀၁၂ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စု အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် သိမ်းဆည်းရမိသော တရားမဝင်
ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ အမိန့်တွင်
ကုန်ပစ္စည်းများကို ပိုမိုကျယ်ပြန့်စွာ ထိန်းချုပ်နိုင်ရန် အလို့ငှာ
ဖမ်းဆီးသိမ်းဆည်းရမိသော ကုန်ပစ္စည်းများအနက် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့
လွှဲပြောင်းရန် သတ်မှတ်ထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ကုန်ပစ္စည်းများကို
ထုခွဲရောင်းချလျက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ဖြစ်စေ၊ တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများသို့ ဖြစ်စေ ထည့်ဝင်ခြင်းနှင့်
သတင်းပေးသူ၊ စုံစမ်းထောက်လှမ်း ရှာဖွေဖမ်းဆီးသည့် အဖွဲ့များအား ဆုငွေအဖြစ်
ထုတ်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု
ဝန်ကြီးဌာနများက အကောက်ခွန်ဥပဒေအရ သိမ်းဆည်းသည့် ကုန်ပစ္စည်းများ၊
နယ်စပ်ဝင်ပေါက်များတွင် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ (OSS)
စခန်းများမှ ဖမ်းဆီးကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး
ထုခွဲရောင်းချ၍ ရရှိသောငွေအပေါ်တွင် ရာခိုင်နှုန်း ၈၀ ကို ပြည်ထောင်စု
ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ ၁၀ ရာခိုင်နှုန်းကို သတင်းပေးသူအား
ဆုငွေအဖြစ် ချီးမြှင့်ရမည်။ သတင်းပေးသူ မရှိပါက ပြည်ထောင်စုဘဏ္ဍာ
ရန်ပုံငွေသို့ ပေးသွင်းရမည်။ ၁၀ ရာခိုင်နှုန်းကို စုံစမ်းထောက်လှမ်းသည့်
အဖွဲ့အစည်းနှင့် ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းများသို့ ဆုငွေအဖြစ်
ချီးမြှင့်ရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်
အကောက်ခွန် ဥပဒေအရ သိမ်းဆည်းသည့် ကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်
သိမ်းဆည်းပြီး ထုခွဲရောင်းချ၍ ရရှိသော ငွေများအပေါ်တွင် ရာခိုင်နှုန်း ၅၀ ကို
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းရမည်။ ၃၀
ရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်။ ၁၀
ရာခိုင်နှုန်းကို သတင်းပေးသူအား ဆုငွေချီးမြှင့်ရမည်။ သတင်းပေးသူ မရှိပါက
ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်။ ၁၀ ရာခိုင်နှုန်းကို
စုံစမ်းထောက်လှမ်းသည့် အဖွဲ့အစည်းများနှင့် ရှာဖွေဖမ်းဆီးသည့်
အဖွဲ့အစည်းများသို့ ဆုငွေအဖြစ် ချီးမြှင့်ရမည်ဟု ဖော်ပြပါရှိသည်။
သိမ်းဆည်းရမိသော တရားမဝင် ကုန်ပစ္စည်းများနှင့် ပတ်သက်၍
ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ အမိန့်ကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ၂၀၁၂
ခုနှစ် မတ်လ ၂၀ ရက်နေ့ထုတ် Flower ဂျာနယ်တွင် ဖော်ပြထားပါသည်။
by; Khit Lu Nge
by; Khit Lu Nge
No comments:
Post a Comment