Monday, April 30, 2012

အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရန် ခွင့်ပြု

အခုအခါ အလုပ်သမား အဖွဲ့ ဖွဲ့စည်းခွင့် တွေကို အသိမှတ်ပြု ပေးရုံတင် မကဘဲ အလုပ်ရှင် အဖွဲ့ ဖွဲ့စည်းမှု တွေကိုပါ အလုပ်သမား ၀န်ကြီးဌာနက ခွင့်ပြုပြီး ဖွဲ့စည်းခြင်း အသိအမှတ်ပြု လက်မှတ်တွေ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း အတွက် အသိအမှတ်ပြု လက်မှတ် ပေးအပ်မှုကို ဧပြီလ ၂၈ ရက်နေ့က ရွှေပြည်သာ မြို့နယ်၊ စက်မှုဇုန် ၃ ရှိ ကနောင် ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အသိမှတ်ပြု လက်မှတ်တွေ ထုတ်ပေးမှုကို အခြေခံ အလုပ်သမား အဖွဲ့အစည်း ၄ ဖွဲ့နဲ့ အလုပ်ရှင် အခြေခံ အဖွဲ့အစည်း ၁၀ ဖွဲ့တို့ကို ပေးအပ် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းရာမှာ အလုပ်သမား များအား ခြိမ်းခြောက်ခြင်း၊ မလျော်ကန်တဲ့ သြဇာသုံးခြင်းနဲ့ မသမာသော နည်းနဲ့
သွေးဆောင် ဖြားယောင်းခြင်းတို့ မပြုလုပ်ရဘဲ မှန်ကန်တဲ့ နည်းလမ်းနဲ့သာ စုစည်းထားတဲ့ အလုပ်သမား အဖွဲ့အစည်းမျိုးသာ ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှန်ကန်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့အတွက်ကို အလုပ်သမား ၀န်ကြီး ဌာနမှ ပြဌာန်း ထားတဲ့ အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေမှာ ဖော်ပြပါ ရှိတယ်လို့ သိရပါတယ်။
 
 
 
by; MRTV4