Monday, April 30, 2012

ပြည်တွင်း မွေးမြူရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ လေ့လာနေ

ပည်တွင်းရှိ မွေးမြူရေး လုပ်ငန်းတွေမှာ လာရောက်ရင်းနှီး မြှုပ်နှံဖို့အတွက် ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ လာရောက် လေ့လာမှုတွေ ရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီလို လာရောက်လေ့လာရာမှာ အသားကဏ္ဍဖြစ်တဲ့ တိရစ္ဆာန် မွေးမြူရေးကို လေ့လာမှု များပြားခဲ့ပါတယ်။ ဒါ့အပြင် အအေးခန်း စက်ရုံများကိုလည်း လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ကိုရီးယား နိုင်ငံဟာ ရေငန်ငါးစားသုံးမှု များပြားတာကြောင့် ရေငန်ငါးမွေးမြူရေး လုပ်ငန်းကိုလည်း လေ့လာမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များဟာ ပြည်တွင်းက သား ၊ ငါး ကဏ္ဍဆိုင်ရာများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံ ဖို့အတွက် လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်တွင်းမှာ အမှန်တကယ် ရင်းနှီးမြှုပ်နှံ မှုတွေပြုလုပ် ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုတွေတော့ လက်ရှိမှာ မရှိသေးဘဲ လေ့လာဆဲ အခြေအနေသာ ရှိသေးတယ်လို့ သတင်းရရှိပါတယ်။
 
 
 
by; MRTV4