Tuesday, May 29, 2012

ရောဂါဆိုးများ ပျံ့နှံ့မှု ရွှေ့ပြောင်း လုပ်သားများကြား မြင့်မားစွာဖြစ်ပွားနေ

ရွှေ့ပြောင်း လုပ်သားများ အကြားတွင် မြင့်တက်လာနေသော ကမ္ဘာ့ရောဂါဆိုး များမှာကြောက်စရာ ကောင်းလှအောင်
 မြင့်တက်လာနေပြီး စိုးရိမ် ပူပန်စရာ ဖြစ်လာနေကြ သည်။ ထို့အပြင် ထိုင်း အစိုးရ၏ နိုင်ငံသားများ ဆိုင်ရာ မူဝါဒများကြောင့် ၄င်းတို့နိုင်ငံ၌ ရွှေ့ပြောင်း လုပ်သားများ အပေါ်တွင် နှစ်စဉ် ကျန်းမာရေး စစ်ဆေးပေးနိုင်မှု မရှိနိုင်ခြင်း တို့မှာလည်း အခက် အခဲ တစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံ အတွင်း ပြောင်းရွှေ့ ရောက်ရှိနေသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ရွှေ့ပြောင်း အလုပ် သမားများ အနေဖြင့် အလုပ်ခန့်စာခွင့် ပြုချက် (Work Permit) ပြုလုပ် စဉ် ကပင် ကျန်းမာရေး အသက်အာမခံ ကို ဦးစွာ ပေးသွင်းကြရန် လိုအပ် သည်ဟု ဖော်ပြထားသည်။
သို့သော်လည်း မကြာမီ နိုင်ငံသား အသိအမှတ်ပြု လက်မှတ် ပေါ်လစီ ပြောင်းလဲခြင်းကြောင့် ရွှေ့ပြောင်း လုပ်သားများအား လူမှုဖူလုံရေး စောင့်ရှောက်မှု ပေးနိုင်သည့် အစီအစဉ် များ ပါဝင်လာပြီး နာမကျန်း ဖြစ်သူ များ တရားဝင် ဆေးဝါးကုသ ထောက်ပံ့ပေးမှုကို ခံယူရရှိနိုင် မည်ဖြစ်သည်။
မကြာမီကပင် နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နိုင်သည့် စနစ်ကိုလည်း ရရှိနိုင်လိမ့်မည်ဟု ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာန သတင်းများက ပြောဆိုနေကြ သည်။ သို့ရာတွင် နိုင်ငံသား စိစစ်ရေး ပေါ်လစီ အား ထုတ်ပြန်ချက်တွင် ရွှေ့ပြောင်း လုပ်သားများ၏ ကျန်းမာရေး၊ အသက် အာမခံ ဝယ်ယူသူ ဦးရေ ကျဆင်းလာသည် ဟုဖော်ပြထားသည်။
ရွှေ့ပြောင်းလုပ်သား တစ်ဦး၏ ကျန်းမာရေး အသက်အာမခံမှာ တစ် နှစ်လျှင် ထိုင်းဘတ် ၁၃ဝဝ ပေးသွင်း ကြရသည်။ ၂ဝဝ၉ နှင့် ၂ဝ၁ဝနှစ် များတွင် ကျန်းမာရေး အသက် အာမခံ လုပ်ထားသူ အလုပ် သမား များမှာ ၈ဝဝဝဝဝ ခန့် ရှိသည်ဟု ပြည်သူ့ကျန်းမာရေး အထူးကျွမ်းကျင် ဆရာဝန်ကြီး ဒေါက်တာ Charnwit Thsrsthep  က ပြောပြခဲ့သည်။ ဆရာဝန်ကြီး ပြောပြချက်မှာ ရွှေ့ပြောင်း လုပ်သားများ အကြား သန္ဓေတားမှု ဆိုင်ရာ ကိစ္စများကို အထူး ဂရုစိုက်၍ စီမံချက်များ လုပ်ဆောင်နေခဲ့ရ သည်ဟု သိရှိရသည်။
လွန်ခဲ့သောနှစ် ဧပြီ ၂၆ ရက် က ထိုင်း ဝန်ကြီးများ အစည်းအဝေး ၏ ထုတ်ပြန်ချက် အရ မှတ်ပုံတင် အသစ် ထပ်မံပြုလုပ်ပေးခဲ့သည်။ ၄င်းတို့အထဲမှ လာရောက် မှတ်ပုံ တင်ကြသူ စုစုပေါင်း ၁ ဒသမ ၄ သန်း ရှိပြီး အများဆုံးမှာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသား များဖြစ်ကြသည်။

KLMA
R:From Thailand Reporters

by; Popular News

No comments:

Post a Comment