မေလ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲမှစ၍ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ
MGS(Myanmar Golden Star) Company Limited စက်ရုံရှိ ၀န်ထမ်း ၄၀၀ ကျော်မှ
ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒပြမှုမှာ စက်ရုံဝန်ထမ်းများမှာ ၎င်းတို့ကို လစာငွေအပြင် ငွေကျပ်
၃၀၀၀၀ တိုးပေးရန် ကုမ္ပဏီထံ တောင်းခံခဲ့ရာ ကုမ္ပဏီမှ အပြည့်အဝ
လိုက်လျောမှုမရှိခဲ့သောကြောင့် ယနေ့ည(မေလ ၂ ရက်နေ့) ၇ နာရီအချိန်အထိ
ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲသို့ လူမှုဖူလုံရေးနှင့်
အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတို့မှ လာရောက်ညှိနှိုင်းမှုများ
ပြုလုပ်ခဲ့သော်လည်း စက်ရုံဝန်ထမ်းများအနေဖြင့် လက်ခံသဘောတူညီမှု
မရရှိသောကြောင့် မေလ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ဆန္ဒပြမှုများ
ထပ်မံပြုလုပ်မည်ဟု သိရသည်။
by; EMG
This Blog will try to support all the Blue and White labors across Myanmar and aim to establish Labor Organizations and Unions which are dedicated to the development of Myanmar Labors. ဤဘလော့သည် မြန်မာနိုင်ငံရှိ ကာယလုပ်သားများ ၊ ဥာဏလုပ်သားများ၏ ဘ၀အခြေအနေ မြင့်မားတိုး တက်စေရန်အတွက် တတ်အားသ၍ ပါဝင်ပံ့ပိုးနိုင်ရန် နှင့် ထိုသို့ကူညီပံ့ပိုးပေးနိုင်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ရည်မှန်းသည်။
No comments:
Post a Comment