Monday, April 30, 2012

ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်လွှာများတွင် အချက် ၉ ချက် ပူးတွဲ တင်သွင်း ရမည်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုလိုက်ပြီဖြစ်တဲ့ အတွက်ကြောင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ထူထောင်ချင်တဲ့ သူတွေဟာလျှောက်လွှာနဲ့အတူ သတ်မှတ် ထားတဲ့ အချက် ၉ ချက်ကိုပါ ပူးတွဲတင်သွင်း ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတ်မှတ်ထားတဲ့ အချက်တွေကတော့ အာမခံ ကုမ္ပဏီရဲ့ တာဝန်ကိုယူမယ့် တာဝန်ခံ အရာရှိရဲ့ ကိုယ်ရေးအကျဉ်း ၊ ကုမ္ပဏီ ဒါမှမဟုတ် အများပိုင် ကုမ္ပဏီရဲ့ နောက်ခံအကြောင်း ၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတည်ထောင်မယ့် ကုမ္ပဏီ ဖွဲ့စည်းပုံစတာတွေကို တင်ပြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာမခံ စာချုပ်တွေနဲ့ စာသားပုံစံ ၊ တဆင့်အာမခံထားမယ့် အစီအစဉ်များ ၊ လုပ်ငန်း စီမံချက်များ ၊ အသင်းအဖွဲ့ရဲ့ မှတ်တမ်းနဲ့
စည်းမျဉ်းများ ၊ သတ်မှတ်ထားတဲ့ ရက်အတွင်း မတည်ရင်းနှီးငွေကို ပေးမည်ဆိုသော ခံဝန်ချက်နဲ့ မိမိတို့ ဖွင့်လှစ်မယ့် ရုံးအဆောက်အအုံ တည်နေရာ ၊ အကျယ်အ၀န်း တို့ကိုပါ ပူးတွဲတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတ်မှတ်ထားတဲ့ အချက်များထဲမှ အချက်တစ်ချက်ဖြစ်တဲ့ အသင်းအဖွဲ့ရဲ့ မှတ်တမ်းနဲ့ စည်းမျဉ်းကိုတော့ လုပ်ငန်းစတင် လုပ်ကိုင်မှသာ တင်ပြရမှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပုဂ္ဂလိက အာမခံ လုပ်ငန်းကို စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေဟာ မေလ ၂ ရက် နေ့မှ စတင်ကာ မြန်မာ့အာမခံ လုပ်ငန်းမှာ လျှောက်လွှာဝယ်ယူပြီး ဇွန်လထဲမှာ အဆိုပါ လျှောက်လွှာများကို တင်သွင်းရမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 
 
by; MRTV4