Thursday, July 5, 2012

အနည်းဆုံး အခကြေးငွေ လုပ်ခမပေးလျှင် အလုပ်ရှင် ထောင်ဒဏ် ချမှတ်ခံရမည်

အစိုးရက သတ်မှတ်သည့် အနည်းဆုံး အခကြေးငွေ လုပ်ခ လစာကို အလုပ်သမား များအား မပေးပါက အလုပ်ရှင်များအနေဖြင့် ထောင်ဒဏ် ခြောက်လမှတစ်နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ သုံးသိန်းမှ ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း တွင် ဖော်ပြထားသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော် ၌ ပြဋ္ဌာန်းလိုက်သော ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ ကြမ်း အခန်း ၉ တားမြစ်ချက်နှင့် ပြစ်ဒဏ်များတွင် ယင်းသို့ဖော်ပြ ပါရှိသည်။


 အဆိုပါဥပဒေအရမည် သည့် အလုပ်ရှင်မဆိုသတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေကိုအလုပ် သမားများအား ပေးဆောင်ရန် ပျက်ကွက်ခြင်းအပါအဝင် အလုပ် သမားရထိုက်ခွင့်ရှိသော အနည်း ဆုံးအခကြေးငွေနှင့်အခြားခံစားခွင့် များထက်လျော့နည်း၍ အလုပ်သမားများအားပေးခြင်းနှင့်အလုပ်သမားများ၏စာရင်းဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေစာရင်းများနှင့်
စပ်လျဉ်း၍ မမှန်မကန်ရေးသားခြင်း၊ လိမ်လည်၍ မှတ်တမ်းပြုစုခြင်း သို့မဟုတ် မမှန်မကန်လိမ်လည်၍ အစီရင်ခံခြင်း စသည်တို့ ပြုလုပ်၍ ပုဒ်မ ၂၄ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် တစ် နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်ခြင်း ခံရမည်ဖြစ်သည်။ ပုဒ်မ ၂၆ တွင်ပါရှိသော မည် သည့်အလုပ်ရှင်မဆို အနည်းဆုံး အခကြေးငွေအမိန့်ကြေညာစာပါ စည်းကမ်းချက် သို့မဟုတ် တား မြစ်ချက်တစ်ရပ်ရပ်ကို မဖောက် ဖျက်ရ၊ ထိုဥပဒေအရ သတ်မှတ် ထားသောအနည်းဆုံးအခကြေးငွေ
 နှုန်းထားများအနက် မိမိ၏အလုပ် သမားနှင့်သက်ဆိုင်သော အနည်း ဆုံးအခကြေးငွေနှုန်းထားများနှင့် စပ်လျဉ်း၍အလုပ်သမားများအား အသိပေးပြီး လုပ်ငန်းဌာနနှင့်လုပ် ငန်းခွင်တို့တွင် အလုပ်သမားများ မြင်နိုင်မည့်
 နေရာ၌ကြော်ငြာထား ရန်ပျက်ကွက်ခြင်း မရှိစေရ၊ အလုပ်သမားများ ဖျားနာ၍ အလုပ်မလုပ် နိုင်သည်ဖြစ်စေ၊ အလုပ်သမား များ၏ မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စကြောင့် အလုပ် နားသည့်အခါ ဖြစ်စေ၊ အခြား အကြောင်းတစ်ရပ်ရပ်ကြောင့် ဖြစ် စေ သတ်မှတ်ချက်များနှင့် မကိုက် ညီဘဲ အနည်းဆုံး အခကြေးငွေမှ ဖြတ်တောက်ခြင်း သို့မဟုတ်လျှော့ချခြင်းမပြုရဟူသော တား မြစ်ချက်မှတားမြစ်ချက်တစ်ရပ်ရပ် ကို ဖောက်ပြန်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားမှုစီရင်ခြင်း ခံရလျှင် ခြောက်လထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် ပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည် ဟု ဖော်ပြပါရှိသည်။
၂၀၁၂ ခုနှစ် အနည်းဆုံး အခ ကြေးငွေ ဥပဒေကြမ်းတွင် အခန်း ၁၀ ခန်းပါဝင်ပြီး ယင်းဥပဒေဖြင့် ၁၉၄၉ ခုနှစ်အနည်းဆုံး အခကြေး ငွေ အက်ဥပဒေအမှတ် ၆၆/၄၉ နှင့်လယ်ယာအလုပ်သမားအနည်း ဆုံးအခကြေးငွေအက်ဥပဒေ(အမှတ် ၄၄/၄၈)တို့ကိုရုပ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။

 by; Yoyarlay & Venus News Journal

3 comments:

Unknown said...

ကြိုက်နယ်

Unknown said...

ကြိုက်တယ် စိတ်ဝင်စားတယ်
ကျွန်တော်က တကောင်းတောင် နီကယ်စီမံကိန်းက
အလုပ်သမားတစ်ဦးပါ

Unknown said...

ပြိုင် တူ တွန်း လျှင် ရွေ့  နိုင် ပါ သည်

Post a Comment