Thursday, July 5, 2012

လူမှုဖူလုံရေးအာမခံကတ်ပြားSmart Cardများမကြာမီထုတ်ပေးတော့မည်

လက်ရှိအခြေအနေတွင် အသုံးပြုလျက်ရှိသော အာမခံကတ်ပြားများသည် သာမန်စက္ကူ ကတ်ပြားများ ဖြစ်သည့် အားလျော်စွာရေစို၊ မိုးစို၊ ချွေးစိုခြင်းကြောင့် ကတ်ပြား၏ သက်တမ်းမကုန်ဆုံးမီပင် ပျက်စီး၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသည်။ လူမှုဖူလုံရေးအဖွဲ့ အနေနှင့် Computerize System ဖြင့် ရုံးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ပြောင်းလဲအကောင်အထည်ဖော်နေသည်  
နှင့်အမျှ လူမှုဖူလုံရေး အာမခံစိစစ်ရေး ကတ်ပြားများကိုလည်း ကွန်ပျူတာဖြင့် ဖတ်ရှုနိုင်သည့် နိုင်ငံတကာအဆင့်မီ 2D Barcode စနစ်သုံး ID Card များ ပြုလုပ်သွားရန်စီစဉ် ဆောင်ရွက် လျက် ရှိပါသည်။

အာမခံ အလုပ်သမားသည် အဆိုပါ လူမှုဖူလုံရေးအာမခံကတ်ပြားကိုမိမိဆေးဝါးကုသလိုသည့် ဆေးရုံ၊ ဆေးခန်းသို့
ပြသသည့်အခါနှင့် အကျိုးခံစားခွင့်များ တောင်းဆိုရန် အတွက် ရုံးခွဲသို့ ပြသသည့်အခါတွင်  သက်ဆိုင်ရာ တာဝန်ရှိသူများက ၄င်းတို့၏ အာမခံကတ်ပြား (ID Card) အားကတ်ပြားဖတ်စက်  (Barcode Reader) နှင့် ကွန်ပျူတာချိတ်ဆက်၍ မှန်ကန်မှု ရှိ/မရှိ၊ သက်တမ်းကျော်လွန်ခြင်းရှိ/မရှိ၊ ထည့်ဝင်ကြေး ပေးသွင်း ကာလအခြေအနေတို့အား စစ်ဆေးအတည်ပြုခြင်းတို့ကို
ဆောင်ရွက်မည် ဖြစ်ပါသည်။ လူမှုဖူလုံရေး အာမခံကတ်ပြားနှင့်  Computerize Systemတို့ ချိတ်ဆက် ဆောင်ရွက်နိုင်လျှင် ရုံးလုပ်ငန်းများ၌ ထိရောက် လွယ်ကူလျင်မြန်စွာ အသုံးချနိုင်ကြောင်း သိရှိခဲ့ပြီးနောက် ဤအစီအစဉ်အား အကောင်အထည်ဖော်ခဲ့ ပါသည်။

ယခု ၂၀၁၂၊ ဇူလိုင်လ အတွင်းမှာပင် အလုံမြို့နယ် Data Entry Centre တွင် Data Entry လုပ်ငန်းများစတင်မည်ဖြစ်ပြီး၊ Smart Card များကိုလည်း ထုတ်လုပ်၍ သက်ဆိုင်ရာရုံးခွဲများမှ တစ်ဆင့် အာမခံအလုပ်သမားများဆီသို့ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ Smart Cardတစ်ခု၏ တန်ဖိုးသည် ကာလတန်ဖိုး ၁၂၀၀ိ/- ကျပ် ခန့် ကျသင့်မည်ဖြစ်ပြီး အာမခံ အလုပ်သမား(၆)သိန်းစာ ကတ်ပြားများကို လူမှုဖူလုံရေးအဖွဲ့မှ စိုက်ထုတ်ကုန်ကျ သွားမည်ဖြစ်ပါသည်။ လူမှုဖူလုံရေးအဖွဲ့ ရုံးခွဲများမှလညှ်း အာမခံအလုပ်သမားများ၏ ကိုယ်ရေး အချက်အလက် များအား Up to Date ကောက်ခံစုဆောင်းလျက်ရှိပြီး အာမခံအလုပ်သမားများမှ Data များလွဲမှားစွာပေးသွင်းပါက Data လွဲမှားနေသော အာမခံကတ်ပြား(Smart Card) များရရှိနိုင်ပါသည်။ ထို့ကြောင့် အာမခံအလုပ်သမားများသည် Data လွဲမှားနေသော အာမခံကတ်ပြား(Smart Card) ဖြင့် အကျိုးခံစားခွင့်များ တောင်းဆိုရာတွင် Computerize System ဖြင့် တိုက်ဆိုင် စစ်ဆေးမည် ဖြစ်ပါသောကြောင့် မိမိတို့၏ အမှန်တကယ် ရပိုင်ခွင့်များ၊ အကျိုးခံစားခွင့်များ ဆုံးရှုံးနိုင်ပါသည်။

သို့ပါ၍ အာမခံအလုပ်သမားများ အနေဖြင့် မိမိအမည်မှန်၊ ဖခင်အမည်၊ မှတ်ပုံတင်နံပါတ် တို့ကိုမှန်ကန်စွာ ပေးသွင်းရန် လိုအပ်ပါကြောင်းနှင့် လိုက်နာဆောင်ရွက်ပါက လူမှုဖူလုံရေး ဥပဒေသစ်ပါ အကျိုးခံစားခွင့်များကို ပြည့်ဝမှန်ကန်စွာ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

by; အလုပ်သမားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့

1 comment:

KNSL said...

What the meaning of လူမှုဖူလုံရေးအာမခံကတ်ပြား in English language please?

Post a Comment