Monday, July 23, 2012

ILO ဦးဆောင်သော မြန်မာ့ အလုပ်သမား အဖွဲ့အစည်းများ အလုပ်ရုံ ဆွေးနွေးပွဲ

ILO ဦးဆောင်ပြီး၊ အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များ ပါသော Freedom of Association in Myanmar အလုပ်ရုံ ဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်း၌ ရှိသည့် Summit Parkview ဟော်တယ် Ballroom တွင် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ အထိ ကျင်းပခဲ့ပါသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ လူပေါင်း(၂၈၀) ခန့် တက်ရောက်ခဲ့ပါသည်။ (ရန်ကုန်) အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ချုပ် စက်မှု လက်မှု အကြံပေး အကြီးအကဲ Ross Wilson အပါဝင် အလုပ်ရှင် ကိုယ်စားလှယ်များ ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်သမား ၀န်ကြီးဌာနမှ အရာရှိများ၊ စက်ရုံပိုင်ရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ အလုပ် သမား အဖွဲ့အစည်းများမှ အကျိုးဆောင် ရှေ့ နေများ၊ Yangon Crown Organisation၊ ဆောက်လုပ်ရေးလုပ်သား များ အဖွဲ့၊ Good Family အထည်ချုပ် စက်ရုံ အလုပ်သမားအဖွဲ့၊ တော်ဝင်မြန်မာ အထည်ချုပ် အလုပ်သမား အဖွဲ့ အပြင် တခြား အလုပ်သမား အဖွဲ့အစည်းများမှ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက် ခဲ့ကြပါသည်။

Ve Ve အချိုရည်စက်ရုံမှ အသက် ၁၆ နှစ်အောက် အလုပ်သမား ၂၀၀ ဦးခန့် ဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံ၏ အချိုရည် ဈေးကွက်အတွင်း ဈေးကွက်ဝေစု အတိုင်းအတာ တစ်ခုအထိ ရရှိထားသော နာမည်ကျော် Ve Ve အချိုရည်စက်ရုံတွင် အသက် ၁၆ နှစ် မပြည့်သူ အလုပ်သမား နှစ်ရာခန့်သည် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေး အတွက် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယနေ့နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ Ve Ve အချိုရည်စက်ရုံ၏ ဝင်းတံခါး အတွင်းဘက်၌ အသက် ၂၀ ကျော် စက်ရုံအလုပ်သမား ၁၀ ဦးကျော်ခန့်က ဦးဆောင်ကာ အသက် ၁၆ နှစ်အောက် အလုပ်သမားများက ၎င်းတို့ တောင်းဆိုထားသော အချက် (၁၄) ချက်ပါ စာရွက်များ ကိုင်မြှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။


Friday, July 20, 2012

အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု သက်ဆိုင်ရာသို့ တင်ပြမည်

မြန်မာနိုင်ငံတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ပေးရေး တောင်းဆိုသည့်
အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ်ခြင်း ခံနေရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ၀န်ကြီးဌာန အလုပ်သမားခုံ သမာဓိရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြသွားရန်ရှိကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့
(ILO) မှ နည်းပညာ ဆိုင်ရာအကြံပေး အရာရှိ ရော့ခ် ၀ီလ်စင်က ပြောသည်။


အလုပ်အတွက် ပေးဆပ်ရမူများ

လူအများစုသည် အလုပ်အကိုင် ရပါက မည်၍မည်မျှ ဝင်ငွေရတော့မည်ကိုသာ စဉ်းစားလေ့ရှိကြသည်။ သို့သော် မိသားစုအား ထောက်ပံ့ရန် အလုပ်အကိုင်ကို အသဲအသန် ရှာကြရသောသူများ၊ ရမိရရာ အလုပ်အကိုင် လုပ်ရသည့် သူများအဖို့ ထို ရရှိသည့် အလုပ်အကိုင်ကပင် ၎င်းတို့အား အလွန်အမင်း အနစ်နာခံရင်ရကာ လုပ်ကိုင်ရသည့် အခြေအနေသို့ ကျရောက်ရလေ့ ရှိကြသည်။ တခါတရံ ထိုအလုပ်က ခေတ်သစ် ကျေးကျွန် အသွင်မျိုးဖြင့် လုပ်ကိုင်နေ ကြရသည်လည်း ရှိကြသည်။

Friday, July 6, 2012

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ

မကြာသေးခင်လတွေအတွင်းက မြန်မာနိုင်ငံ ရန်ကုန်၊ စက်မှုဇုန်သီးသီးမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး တဲ့နောက် အလုပ်အထုတ်ခံရသူတွေ များလာတဲ့အတွက် အလုပ်သမားရေးကို ဖြေရှင်းတဲ့အခါမှာ အလုပ်သမား ၀န်ကြီးဌာနရဲ့ ဖြေရှင်းမှု နည်းလမ်းဟာ အားနည်းချက်တွေရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက် သူတွေက ထောက်ပြကြပါတယ်။ အခုနောက်ဆုံး အလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။